Skip to main content

Posts

Showing posts from July, 2022

ရူးနေတဲ့ကမ္ဘာ

 ရူးနေတဲ့ကမ္ဘာ _____________________ မော့ကြည့်တာ အလကားမဟုတ်ဘူး ယမ်းသီးတွေ ကျလာမှာစိုးလို့တဲ့။ ကမ္ဘာက ငါတို့ထက် အသက်ကြီးတာမှန်ပါရဲ့ ဒါပေမဲ့ မရင့်ကျက်သေးဘူး ကမ္ဘာက တရားတော်တွေလည်း ရှိပါရဲ့ တရားဟောဆရာတွေလည်း ရှိပါရဲ့ ဒါပေမဲ့ တရားမရသေးဘူး ကမ္ဘာက ကမ္ဘာစစ်ကြီး(၂)ခုနဲ့ ကြုံခဲ့ပြီ လူ့အသက်လည်း သန်းပေါင်းရာချီ ကြွေခဲ့ပြီ ဒါပေမဲ့ အမှတ်မရှိသေးဘူး ကမ္ဘာက ဘာသာရေးစစ်ပွဲကြီးတွေနဲ့လည်း ကြုံခဲ့ပြီ ဒါပေမဲ့ နောင်တမရချင်သေးဘူး ကမ္ဘာက လူမျိုးနွယ်စစ်ပွဲတွေနဲ့လည်း ကြုံခဲ့ပြီ လူမျိုးနွယ်အချို့လည်း မျိုးတုံးပျောက်ကွယ်ခဲ့ပြီ ဒါပေမဲ့ အကြောက်အလန့် မရှိချင်သေးဘူး ကမ္ဘာက ထစ်ခနဲရှိ ပစ်မယ်ခတ်မယ်ဆိုတာချည်းပဲ ထစ်ခနဲရှိ အကြမ်းဖက်မယ် ဗုံးခွဲမယ် လေယာဉ်အပိုင်းစီးမယ်ဆိုတာချည်းပဲ ကမ္ဘာက ခုချိန်ထိ ပြဿနာကို သေနတ်ပါမှ ရှင်းလို့ရတယ်ထင်နေတုန်းပဲ ကမ္ဘာက မီးစကိုလည်း ကိုင်ရဲ့ ရေမှုတ်ကိုလည်း ကိုင်ရဲ့ သံတမန်လို လက်ဆောင်အောက်မှာ သေနတ်ကိုလည်း ဝှက်ယူလာရဲ့ ကမ္ဘာက ခုအချိန်ထိ ကမ္ဘာကို အနိုင်ကျင့်နေတုန်းပဲ ဒီခေတ်ကြီးကို အိုင်တီခေတ် ဂလိုဘယ်ခေတ် မီဒီယာခေတ် ခေတ်လွန်ခေတ် မျိုးစုံအောင် အဓိပ္ပာယ်ဖွင့်ဆိုနေကြ ဒါပေမဲ့ ကမ္ဘာက ခုအချိန်ထိ သူ့ကိုယ်သူ ကမ္

သန်မာ နေမှ ဖြစ်မယ်

 သန်မာ နေမှ ဖြစ်မယ်  ================== စာလို တတ်ပြီး လူလို မတတ်တဲ့ သူတွေကိုတွေ့တော့ စိတ်ကောင်းရှိမှ လူကောင်းဖြစ်မယ် ဆိုတဲ့ စကားကို ပိုပြီး လက်ခံ လာတယ် ။ အသက်တွေသာကြီးပြီး စိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့ လူတွေကို တွေ့တော့ အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီး အသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။ လူက ချမ်းသာနေပြီးတော့ စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့ ဘယ်လို နေရနေရ ဘယ်လို စားရစားရ လွတ်လပ် ပျော်ရွှင်ခြင်းကသာ ဘဝတန်ဖိုးဆိုတာ လက်ခံလာတယ် ။ ပညာတတ်ပြီး အကျည်းတန်နေတဲ့ လူတွေကိုတွေ့တော့ စိတ်ကောင်းမရှိတဲ့ ပညာတတ်ခြင်းက လောကကို ဒုက္ခပေးတတ်တယ် ဆိုတဲ့ စကားလေးကို ပိုပြီးတော့ ယုံကြည်လာတယ် ။ ဂုဏ်ဓနရှိပြီး ရုပ်ရည်ချောတဲ့ သူတွေက အခြောက်တိုက် ဘဝမြင့်နေပြီး တစ်ဖတ်သားကို လူရာမသွင်းချင်ကြတဲ့အခါ ရိုးသားခြင်းနဲ့ ကိုယ်ချင်းစာတရားကဘဲ လူရဲ့ တန်ဖိုးလို့ ကိုယ်မြင်လာတယ် ။ တစ်ထောင်ဖိုး ပေးလို့ တစ်ရာဖိုးလောက်တောင် အကောင်းမမြင်ဘဲ ကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်က အပြစ်ပဲမြင်နေကြတဲ့အခါ ကိုယ်မှန်တယ်  ထင်ရင် ဂရုမစိုက်ပဲ နေတတ်လာတယ် ။ စေတနာ မေတ္တာတွေက ကိုယ်ပေးသလောက်မဆိုးထားနဲ့ တစ်ခါတလေ တစက်လေးမှ ပြန်မရတဲ့အခါ.... နောက်တခါ ပေးနိုင်ရင

လေးစားထိုက်သောအဖွား

 သူထိုင်ဖို့  နေရာလွတ်ရှိနေပေမယ့်  သူမထိုင်ဘူး။    ဘာ့ကြောင့်လဲ သူဟာထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာလူမျိုး  ရတနာ(၃)ပါးဖြစ်တဲ့  ဘုရား တရား သံဃာ ကို ရိုသေလေးစားသမှုနဲ့ သူတန်းမငြိဘူး။    ဒါတွေ မင်းသိလား သားကြီး။ 🙏🙏🙏🙏🙏 Credit. #မြန်မာပြည်မြင်ကွင်းစုံ

ဖခင်တစ်ယောက်ရဲ့ ဆုံးမစကား

 ၁ ။ မချမ်းသာလျှင် မကြွားနှင့်      မကျန်းမာလျှင် မစားနှင့်      မတူလျှင် မကြံနှင့်      မတန်လျှင် မယူနှင့်.... ၂ ။ မတော်ပဲ မဝယ်နှင့်      မခေါ်ပဲ မလယ်နှင့်      မတောင်းပဲ အကြံမပေးနှင့်.... ၃ ။ မမေးပဲ မပြောနှင့် မကျွေးပဲ မစားနှင့်      မပေးဘဲ မယူနှင့် ထင်တိုင်းလည်း မဆိုနှင့်... ၄ ။ ဝင်တိုင်းလည်း မမျို နှင့်      အဘိုးမသိက မဝယ်နှင့်      အမျိုးမရှိက မကျယ်နှင့်... ၅ ။ ရေကို မကြည့်ပဲ မသောက်နှင့်       စာကို မဖတ်ပဲ လက်မှတ် မထိုးနှင့်      သိတိုင်းလည်း မဟနှင့်.... ၆.။ ရှိတိုင်းလည်း မပြနှင့်       မဆိုင်တာလည်း ဝင်မရှုပ်နှင့်      မနိုင်တာလည်း ဝင်မလုပ်နှင့်...။                လေစားစွာဖြင့်💛💛💛💛                (သိန်းမောင်မောင်)

ခင်ဗျားလေးကို ပျော်အောင်ထားဖို့ အများကြီးကြိုးစားရဦးမယ်

 ခင်ဗျားလေးကို ပျော်အောင်ထားဖို့ အများကြီးကြိုးစားရဦးမယ် ။  ရှင်လေးက မိသားစုထဲမှာ အငယ်ဆုံးသမီးလေး မဟုတ်လား အများကြီး အလိုလိုက်ခံထားရတဲ့ ကလေးလေးတစ်ယောက်လေ ... အသက်အရွယ်ကို ကြည့်ရင် လူကြီးတစ်ယောက်ပေါ့ ဒါပေမယ့် ကလေးစိတ်လေးနဲ့ လူတစ်ယောက်ပဲလေ အများကြီး အချစ်ခံချင်တယ် အများကြီး အလိုလိုက်ခံချင်တယ် ပြီးတော့ ဘယ်နေရာမှာမဆို ပထမ ရချင်တယ် မဟုတ်လား ။  အဖေ့ရဲ့ သည်းသည်းလှုပ်ချစ်ခြင်းခံရတဲ့ မင်းသမီးလေး တစ်ပါးလေ ...  ကျွန်တော့်လက်ထဲရောက်မှ မပျော်တော့လို့ ဘယ်ဖြစ်ပါ့မလဲ ။ အဖေကလေ ... ကျွန်မကို သိပ်ချစ်တာဆိုပြီး  စကားတွေ အစချီပြီး ဘယ်လောက်ချစ်တာဆိုတာနဲ့ အဆုံးသတ်တတ်တယ် မဟုတ်လား ... ကျွန်တော်အဲ့လောက် မချစ်ပေးနိုင်မှာစိုးတယ် ။ အဲ့လို ပျော်အောင် ထားမပေးနိုင်မှာကို ကြောက်တယ် ။ ပြီးတော့ ... ဒီကလေးလေးက တစ်ခုခုကို တွယ်တာမိသွားရင် ဆုံးရှုံးရမှာ အရမ်းကြောက်တတ်တာ မဟုတ်လား ။  ပျော်အောင်ထားပေးချင်ခဲ့တဲ့သူပါ ... ဒါပေမယ့် နာကျင်စေမိသွားမှာကို ကျွန်တော် ကြောက်နေတယ် ပြီးတော့ ကျွန်တော့်ကြောင့် မျက်ရည်ကျသွားမှာကို ကြောက်နေမိတယ် ။ ခင်ဗျားလေး မြင်နေခဲ့တဲ့ ကျွန်တော့ရဲ့ တစ်ဖက်က သာနေတဲ့ လလိုပါပဲ လင်းလက်နေတာကိုပဲ မြင်တာပါ တစ်ဖက်မ

ပြိုင်ဘက်ကောင်း💌

 ပြိုင်ဘက် 💌 “မင်းရဲ့ပြိုင်ဘက်ဟာ ဘယ်သူလဲသိချင်ရင်  မှန်ထဲကိုကြည့်လိုက်ပါ။  အဲ့ဒါမင်းရဲ့ တကယ့်ပြိုင်ဘက်ပါပဲ...” မင်းရဲ့ ပြိုင်ဘက်ဟာ မင်းကိုယ်တိုင်ပဲ..။  မင်းယှဉ်ပြိုင်ရမှာ တခြားသူတွေနဲ့ မဟုတ်ဘူး။ မင်းကိုယ်မင်းပဲ .. အမြဲယှဉ်ပြိုင်နေရမှာ။ မင်းဟာနေ့စဉ်တော်နေရမယ်။ မနေ့ကတော်တဲ့မင်းထက်၊ ဒီ မင်းက ပိုတော်နေရမယ်။  ဒီနေ့တော်နေတဲ့ မင်းကို နိုင်အောင်ပြိုင်ရမှာကလည်း မင်းကိုယ်တိုင်ပဲ.. မနေ့က မင်းရဲ့ အောင်မြင်မှုစံချိန်ကို ဒီနေ့ ချိုးပစ်ရမှာက မင်းကိုယ်တိုင်ပဲ...။ မင်းယှဉ်ပြိုင်နေတာ ဘယ်သူနဲ့ မှ မဟုတ်ဘူး။  ဘယ်သူနဲ့ မှလည်း ယှဉ်ဖို့ စိတ်မဝင်စားနဲ့။  မင်းကို သူများတွေက လိုက်ပြိုင်နေလည်း  မင်းစိတ်မဝင်စားနဲ့။ သူများတွေနဲ့ ယှဉ်ပြိုင်ရတာထက်၊ ကိုယ့်ကိုယ်ကိုယ်ယှဉ် ပြိုင်နေရတာ ပိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ပြီးတော့ ဘယ်တော့မှ ကိုယ့်ကိုယ်ကို တခြားသူတွေ နဲ့လိုက်ပြီး မနှိုင်းယှဉ်နဲ့။ နှိုင်းယှဉ်ချင်သပဆိုရင်... “မနေ့ကငါနဲ့ vs ဒီနေ့ငါ” ဆိုတာပဲ အမြဲနှိုင်းယှဉ်ပါ။  မင်းကမင်းပဲ  သူတို့က သူတို့ပဲ။ မင်းအောင်မြင်ချင်ရင် မင်းရဲ့ အောင်မြင်မှုကိုပဲ မင်းစိတ်ဝင်စား။  သူများရဲ့ အောင်မြင်မှုတွေကို စိတ်ဝင်စားမနေနဲ့။  မင်းတိုးတက်

မိန်းမတို့ဉာဏ်

 😄😄😄😄   မိန်းမတို့ဉာဏ် ___________ လူနာ အမျိုးသမီးကို ဆရာဝန်က ပြောတယ်။ "ခင်ဗျားရဲ့ ကျောက်ကပ်က အလုပ်မလုပ် တော့ဘူး။မျှော်လင့်ချက် မရှိတော့ဘူး။ ဆက်လက် ကုသလည်း ရမှာ မဟုတ်တော့တဲ့ အတွက် ဆေးရုံက ဆင်းပြီး အိမ်မှာပဲ အနားယူလိုက်ပါတော့"......😔😩😩 - - - ဒီလိုနဲ့ပဲ......  ဒီအမျိုးသမီးလည်း အိမ်ပြန်ပြီး အနားယူနေ လိုက်တော့တယ်။ သူပြန်ရောက်ပြီ ကြားတော့ ရပ်ကွက်ထဲက အမျိုးသမီးတွေ အများကြီး လူမမာ လာမေးကြတာပေါ့။ လာမေးတဲ့ အမျိုးသမီးတွေက သူမကို "ဘာရောဂါလဲ?" .....လို့မေးကြတော့ သူက "ကျွန်မ AIDSရောဂါ ဖြစ်နေတာ" လို့ သူ့အဖြေကို ကြားတော့ လန့်ပြီး အလျှိုလျှိုပြန်ကုန်ကြတယ် ဧည့်သည်တွေ ပြန်သွားတော့ သူ့သမီးက သူ့ကို မေးတယ်။ "အမေ့ကို ဆရာဝန် ပြောတာက ကျောက်ကပ် ရောဂါ။အမေက ဘာလို့ AIDS လို့ ပြောလိုက်ရတာလဲ" 🤔🤔🤔 အမျိုးသမီးက ပြန်ဖြေတယ်..... "သမီး ... စောင့်ကြည့်လိုက်၊ ငါသေသွားရင်  ညည်း  အဖေကို ဘယ်မိန်းမ ယူရဲမလဲ ဆိုတာ ..... ဟင်း..ဟင်း...ဟင်း!!.."😏😏😂 😂😂😂😂😂 Crd.  #ဘဝရဲ့ခရီးသည်  ရယ်မောခြင်းဖြင့်အသက်ရှည်အနာကင်းကြပါစေ🙏

ဗိုလ်ချုပ်အောင်ဆန်း

 ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိသည်။ ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇ )ပြင်ဆင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူးခဲ့သည်။ ၁၉၃၅

အားတင်းထားပါ

 အားတင်းထားပါ ============= ဘဝတစ်ခုဖြစ်လာပြီဆိုကတည်းက သူ့ဒုက္ခနဲ့သူ ရှိတတ်တာသဘာဝပါပဲ။ ကိုယ့်အခက်ခဲနဲ့ကို ဘဝကို  ရပ်တည်နေကြတာချည်ပဲ။ ဘဝကောင်းချင်  ကံဟောင်းပြင်တဲ့။ ကိုယ်လုပ်နေတာက မကောင်းမှန်းသိသိကြီးနဲ့ ဆက်လုပ်နေမိရင် ဘယ်တော့မှ မင့်အတွက် ကံကောင်းခြင်းကဖြစ်လာမှာ မဟုတ်ဘူး။ သူ့အမှား ကိုယ့်အမှားတွေ လိုက်ဝေဖန်နေရင်းက ချနင်းနေရင်က ရုန်းထနိုင်ဖို့ကြိုးစားနေကြရတာပါ။ ဘယ်သူမပြု မိမိမှု ကိုယ့်ရဲ့အဆင်မပြေမှုတွေ အခက်တွေ ဝမ်းနည်းခြင်းတွေ အလိုမပြည့်ခြင်းတွေ ဆင်းရဲဒုက္ခတွေဆိုတာ ကိုယ်တိုင်ပြုလုပ်နေလို့ ကိုယ်တိုင်ခံစားနေရပါပဲ။ ခံစားမှုမရှိတဲ့ လူသားဆိုတာ ကမ္ဘာမှာ ရှားပါတယ် သူ့ခံစားချက် ကိုယ့်ခံစားချက် မတူညီကြတာကိုပဲ အမျိုးမျိုးဖြစ်နေတာပါ။ လဲကျရင် ရုန်းထ မုန်းနေတာထက်စာရင် ပြုံးနေတာက ပိုကောင်းပါတယ်။ ဘဝဆိုတာ ဘယ်လိုမှ ဘယ်တုန်းကမှ ပြီးပြည့်စုံခဲ့တာမရှိဘူး။ အလိုမပြည့်တဲ့ ဘုံဓလေ့မှာ ကြုံတွေ့နေရတာချည်ပါပဲ။ လွယ်လွယ်နဲ့တော့ ဘယ်အရာကမှ ဖြစ်နေတာမဟုတ်ဘူး။ ကိုယ်မကောင်း ကိုယ်ခံ ကိုယ်ကောင်း ကိုယ်စံ လောကဓံ မျဉ်းပြိုင်ကြားမှာ မင်းနိုင်ဖို့ဆိုရင် ဘာဖြစ်ဖြစ် အားတင်ထားဖို့လို့တယ်။ အားတင်းထားပါ အမှားမကင်းလူသားမှာလဲ အမှန်တရားဆို

အတွေးလွန်တတ်တဲ့ငါ့ကိုစိတ်မပျက်သွားပါနဲ့

အတွေးလွန်တတ်တဲ့ငါ့ကိုစိတ်မပျက်သွားပါနဲ့ - - - - - - - - - - - - - - မယုံကြည်လို့တော့ မဟုတ်ပါဘူး တစ်ကယ့်ကို လေးလေးနက်နက်  ချစ်မိလာခဲ့အခါ။ ဆုံးရှုံးရမှာကြောက်တဲ့စိတ် စွန့်လွှတ်ရမှာ ကြောက်တဲ့စိတ် မပိုင်ဆိုင်ရမှာ ကြောက်တဲ့စိတ်တွေ  အတွေးထဲမှာ ပြည့်နှက်လာတဲ့အခါ ခင်ဗျာကို စိတ်မချတာတွေ ဖြစ်ပေါ်လာခဲ့တယ် အဲဒီအချက်တွေကြောင့်ပဲ ကိုယ့်စိတ်ကိုလဲ အမြဲ နာကျင်စေခဲ့ပါတယ်။ အရမ်းကြီးချစ်ပြမိရင် တစ်ဖက်လူအတွက် စိတ်မွန်းကျပ်စေပြီး နေရခက်စေတယ်ဆိုတာ သိပါတယ် နာလဲလည်ပါတယ် ဒါပေမဲ့ အချိန်တိုင်းလိုလို အသေးအမွှားကအစ စိတ်ကလိုက်ပြီး ဂရုစိုက်နေမိတယ် သဝန်တိုနေမိတယ်လေ ခင်ဗျာ ကျနော်ကို စိတ်မပျက်သွားပါနဲ့ စိတ်လဲ မကုန်သွားပါနဲ့နော် ကျနော် အတွေးလွန်လာတဲ့အခါ အပြစ်တင်ပြီး ဆူငြောက္မဲ့အစာ ဂရုစိုက်ပေးပြီး စိတ်ချမ်းမြေ့လာအောင် ယုယပေးတာက ပိုပြီး ထိရောက်ပါတယ် မဟုတ်ရင် တစ်ယောက်ထဲ နာကျင်တဲ့အတွေးများစွာနဲ့  ကြိတ်ခံစားနေရအုံးမှာပါ။  ဒီနာကျင်မှုက  ရင်ဘတ်အရမ်းအောင့်စေပါတယ်။ ဟုတ်ပါတယ်  ကျနော်က သူများထက် ပိုပြီးရှူးသွပ်ပါတယ် ပိုပြီးလဲမိုက္မဲပါတယ်  ဒါကြောင့်လဲ တစ်ခါတစ်လေ ဂရုအစိုက္မခံရတဲ့အခါ တစ်ယောက်ထဲပဲ နာကျင်စွာ ခံစားရတဲ့အချိန်လဲရှိသလို ပြိ

"သူတော်ကောင်း ဖြစ်ချင်ရင် "

 "သူတော်ကောင်း ဖြစ်ချင်ရင် "   ********************** "အိမ်း... သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်  နံနက်စောစောထ ဘုရားရှိခိုး၊ မေတ္တာပို့, အမျှဝေတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အလုပ်ပဲ" "ဘုရားရှိခိုးပြီး အမျှအတန်း ပေးဝေတဲ့အခါမှာလဲ အသံကျယ်ကျယ်နဲ့ အော်ပြီးတော့ အမျှအတန်းပေးဝေကြရမယ်" "စောစောထ ဘုရားရှိခိုးတာက သုံးဆယ့်တစ်ဘုံသားတွေ၊ အထူးသဖြင့် နာမ်သာရှိပြီး ရုပ်မရှိတဲ့ တမလွန်သားတွေ တရားလာရောက်နာယူပြီး အမျှအတန်း ခံယူ၊ သာဓုခေါ်နိုင်မှလဲ ဘုံတွေ ဗိမာန်တွေ ရကြတာ၊ လူသူရှင်းလင်းတဲ့ ယခုလို စောစောအချိန်မှာလဲ တရားနာလာနိုင်ကြတာ" "သူတို့ဟာ လူတွေနဲ့ အထိအတွေ့မခံနိုင်ကြရှာဘူး၊  ဒါကြောင့် လူသူရှင်းတဲ့ နံနက်စောစောမှာ ဘုရားရှိခိုးသံ၊ အမျှအတန်းပေးဝေသံတွေကို လာရောက် နာယူကြရတာ" "လာရောက် နာယူကြတော့ သူတို့အတွက် အကျိုးထူးတွေလဲ ရရှိကြတာပေါ့၊ အမျှအတန်းဝေ သာဓုခေါ်တော့ တချို့ သာဓုတစ်ကြိမ်တည်းနဲ့ ခေါ်နိုင်တာရှိတယ်၊ သာဓုခေါ်နိုင်တာနဲ့ ဘုံဗိမာန်တွေ အစားအစာတွေ ရတယ်၊ တချို့ မခေါ်နိုင်ဘူး၊ 'သာ' တစ်လုံးတည်းနဲ့ နှစ်ပေါင်းများစွာ နေရတယ်၊ 'ဓု' မရသေးဘူး၊ နှစ်တော်တော်ကြာ

ရဟန်းတော်များ ဝါဆိုရခြင်း အကြောင်း

 ရဟန်းတော်များ ဝါဆိုရခြင်း အကြောင်း 🌰🌰🌰🌰🌰🌰🌰🌰🌰🌰🌰🌰🌰 မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ပညတ်တော် မမူရသေးသောကြောင့်  ရဟန်းတော်တို့သည် ဆောင်း၊နွေ၊မိုး ဥတုသုံးပါး လုံး ဒေသစာရီအဖြစ် ဟိုဟို ဒီဒီ လှည့်လည် သွားလာကြသော အလေ့ရှိကြကုန်၏။  ထိုသို့ အချိန်ပြည့် သွားလာနေကြသောအခါ လူအများက… သာကီဝင်မင်းသား ဘုရားသားတော်များ ဖြစ်ကြကျသော ရဟန်းတော်တို့သည်   အဘယ်ကြောင့် ဆောင်း၊နွေ၊မိုး ဥတုသုံးပါးလုံး အသက်ရှိသော မြက်ပင်တို့ကို နင်းချေကုန်လျက် (အသက်ရှိသည်ဟု ထင်မြင်ယူဆသောကြောင့်) သူတစ်ပါးအသက်ဟု ဆိုအပ်သော တစ်ခုသော ဇီဝိတိနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့အား ပျက်စီးခြင်းသို့ ရောက်စေပြီး ဟိုဟိုဒီဒီ ဒေသစာရီ လှည့်လည် သွားလာ နေကြကုန်ဘိသနည်း ...? ။ မိစ္ဆာအယူရှိသော သာသနာပတိတ္ထိတို့သော်မှ လည်း မိုးလတို့ပတ်လုံး ခရီးဟိုဒီမသွားပဲ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီးမှာသာ နေထိုင်ကြကုန် သေး၏။ ငှက်ကလေး တို့သော်မှလည်း သစ်ပင်အဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံး ကြောင့်ကြမဲ့ စွဲမြဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသား ဘုရားသားတော် ဖြ

#ချမ်းသာစွာအိပ်စက်အနားယူနိုင်ကြပါစေ

 ချမ်းသာစွာအိပ်စက်အနားယူနိုင်ကြပါစေ 🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺  ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့်   ကောင်းစွာအိပ်စက်နိုးထနိုင်ကြပါစေ  ကောင်းမှူအစုစုနေ့စဉ် ပြု ၍   ကြည်နူးချမ်းမြေ့နိုင်ကြပါစေ  ဘေးရန်ခပ်သိမ်းရှောင်ခွာငြိမ်း၍   အေးချမ်းသာယာရှိနိုင်ကြပါစေ   စိုးရိမ် သောက ဗျာပါဒများ  ကင်းစင်ငြိမ်းအေးနိုင်ကြပါစေ   ဆင်းရဲ ဒုက္ခအနန္တတို့သည်မြူ မျှမတင်   ကင်းစင်လွင့်ပျောက် ချမ်းသာရောက်နိုင်ကြပါစေ   နှလုံးစိတ်ဝမ်းကြည်ရွှင်လန်း၍   ကောင်းသော  လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ   စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း   ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့်ပြည့်စုံနိုင်ကြပါစေ 

ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်

 ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက် ======================= ၁။ ဘဝမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ပါ။ ၂။ ဝင်ငွေ နဲ့ထွက်ငွေ အချိန်ဇယားရေးဆွဲပါ" အလုပ်ဟု၍ ဂုဏ်ရှိစွာ……… ၃။ အသက်ငယ်ရွယ်အချိန်မှာ ကိုယ့်ကိုယ်ဖိဖိစီးစီးခိုင်းပါ။ အပျော်အပါး လိုအပ်တာထက် မမက်မောမိပါစေနဲ့ ၄။ ကိုယ်ရှားဖွေးနိုင်တာထက်ပို လို့ ငွေကိုမသုံးဖြုံန်းမိပါစေနဲ့ ၅။ ငွေဆိုတာ ဒုတိယ ဘုရားသခင်ဆိုတာ ယနေ့ခေတ်မှာ သိသာ မြင်သာ ထင်ရှားနေမိတယ်။ ၆။ အတတ်ပညာကို လေ့လာပါ အရင်းအနှီးကို ရှားဖွေးပါ အသက် ၃၀ နှင့် ၄၀ ကြား ကိုယ်ပိုင် လုပ်ငန်းတခုခု လုပ်နိုင်အောင်ကြိုးစားပါ ၇။ တစ်သက်လုံးဝန်ထမ်းဘဝနဲ့အချိန်ကိုမဖြုံန်းပလိုက်ပါနဲ့ ကိုယ်ဦးနှောက်ကို ကိုယ့်ကိုယ်တိုင်း ခိုင်းစားပါ သူတပါး အသုံးချခံဘဝနဲ့အဆုံးမသတ်လိုက်ပါနဲ့ ၈။ အားလပ်ချိန်တွေမှာ အချိန်တွေမဖြုံန်းပလိုက်ပါနဲ့ ဦးနှောက်ပင်မ အကြောစုံကြီးကို ရေပုံမှန်လောင်းပေးပါ ဘဝအတွက် အဖိုးတန်စာပေများများဖတ်ပေးပါ။ ၉။ အချိန်နဲ့ကိုက်ညီစွာ ဘဝကိုအသုံးပြုပါ။ အချိန်ဆိုတာ လူကိုမစောင့်ဘူး လူက အချိန်ကို ပြန်မစောင့်မိပါစေ နဲ့ ၁၀။ အောင်မြင်နေတဲ့ သူတိုင်းက အချိန်ကို တန်ဖိုးထားကျတယ် အချိန်ကို လေးစား ကောင်းမွန်းစွာ အသု

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က ခဏခဏမပြောနေပါနဲ့

 ပိုက်ဆံမရှိဘူးလို့ ပါးစပ်က  အမြဲပြောနေရင်း တစ်နေ့တစ်ခြား  ကြပ်တည်းလာတာ ပိုသိသာလာတယ်။ အဆင်မပြေဘူးလို့   ခနခနတွေးနေရင်း  ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။ စိတ်ညစ်ဖို့ အရမ်းကောင်းတယ်လို့  ပြောရင်ဒီထက် ပိုပြီး  စိတ်ညစ်စရာတွေ ဖြစ်လာမယ်။ ဒါ အယူအဆမဟုတ်ဘူး ။  ဘာသာရေး အတွေးမဟုတ်ဖူး  ။  Psycho သေဘာပဲ့... "ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်   ပြောပါများရင် အဲ့ဒီအတိုင်းယုံကြည်လာတယ် " ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း  ကိုယ့်နှုတ်ထွက်စကားတွေ အတိုင်း  ကိုယ့်ဘဝက ပြောင်းသွားတယ်... မယုံမရှိနဲ့ ..။  ပါးစပ်နောက် မွာ ဘဝတွေပါတတ်တယ်   မြတ်စွာဘုရားကလည်း မိန့်တယ်။   နှုတ်ထွက်စကားလုံးတိုင်းဟာ...  အကျိုးမခံစားရဘဲ ပျောက်ပြယ်သွားလေ့မရှိဘူးတဲ့။ ဒါ့ကြောင့် အမြဲတမ်း.....  အကောင်းဘက်ကတွေးပါ  အောင်မြင်သူလိုတွေးပါ  အောင်မြင်သူတွေနား ချဉ်းကပ်ပါ  စိတ်နှလုံးသားကောင်းမွန်သူတွေနဲ့သာ   ပေါင်းသင်းပါ လို့ပြောကြတာပေါ့...။ လဲက်တာဟာ ပြဿနာ မဟုတ္ဖူး။  ပြန်မထချင်တော့တာ (သို့)  ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ  လက်လျှော့လိုက်တော့မယ် ဆိုတာကသာ  ပြသနာကြီးပါ...။ မဖြစ်နိုင်ဘူးဆိုတာထက်  ဖြစ်အောင်ဘယ်လိုလုပ်ရမလဲက  တွေးဖို့ ပိုလိုတာပါ..

“ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

 “ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ” ++++++++++++++++++++++++++++++ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။ ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။ ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။ မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။ ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။ (ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။) ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ (အစွန်း

🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ 🙏

🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ 🙏 ~~~~~~~~~~~~~~~~~~~~~~~~~~~ ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ "သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို" ဖွင့်ပြထားပါတယ်။ ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်စပ်သော ဝါဆိုလပွညျ့နေ့၏ ထူးခြားဖြစ်စဉ်များမှာ ************************* ၁။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေနေသောနေ့ ၂။ ဘုရားလောင်း တောထွက်တော်မူသောနေ့ ၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ ၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ ၅။ ဘုရားအဖြစ်ကို ၀နျခံတောျမူသောနေ့ ၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍  ၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍  ၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ ၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ .****************************** ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂီ ၅ ဦးတို့ စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထား တောင်းပန်ချက

ဧည့်သည်

 ဧည့်သည် ******      "အိမ်သာမှ ဧည့်လာတာကွယ့် ငါ့မြေးရဲ့"      "ဧည့်ဝတ်ကျေပြွန်တယ်ဆိုတာ အိမ်ရှင်ကောင်းရဲ့ လက္ခဏာပဲ"      "ဧည့်သည်ဆိုတော့လည်း အချိန်တန်ရင် ပြန်ကြရတာပေါ့လေ"      ကျွန်တော်ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ အဘိုးရဲ့ စကားလေးတွေဖြစ်ပါတယ်။ အဘိုးက ဧည့်မျှော်တတ်သူဖြစ်ပြီး ဧည့်သည်အပေါ်မှာလည်း ဧည့်ဝတ်ကျေပြွန်အောင် အထူးဂရုစိုက်လေ့ရှိပါတယ်။      အဘိုးက ဧည့်မျှော်သလို ကျွန်တော်လည်း ငယ်ငယ်တုန်းက အိမ်ကို ဧည့်သည်လာရင် သိပ်ပျော်ဖူးခဲ့သူပါပဲ။ သာမန်အချိန်တွေမှာ အဘိုးဆီက ဘာစားစရာမှ မစားရပေမဲ့ ဧည့်သည်လာတဲ့အချိန်မျိုးမှာတော့ မုန့်ပဲသွားရေစာတွေ စားရတတ်ပါတယ်။      အိမ်ကို ဧည့်သည်တစ်ယောက်လာရင် အဘိုးက သူ့ရဲ့ကျွန်းသေတ္တာကြီးထဲကနေ ထန်းလျက်တွေ ထုတ်ပါတယ်။ ထန်းလျက်တွေကို ပန်းကန်တစ်ချပ်နဲ့ထည့်ပြီး ဧည့်သည်ရှေ့ကို ချလိုက်ကာ…      "စားကွယ့် မောင်ဟိုဟာရဲ့။ ဒီထန်းလျက်လေးတွေက ရွရွလေးတွေရယ်" ဆိုပြီး လောကဝတ် ပြုပါတော့တယ်။      အဘိုးရဲ့ ကျွန်းသေတ္တာကြီးထဲမှာ ထန်းလျက်၊ မြေပဲကြော်၊ ငှက်ပျောသီးမှည့်၊ မုန့်မျိုးစုံ စသည်တို့ရှိကြောင်းကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် မစားရပါဘူး

#ဝါဆိုလပြည့်နေ့... -

 #ဝါဆိုလပြည့်နေ့... -  ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့ ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော ဝါဆိုလပြည့်နေ့ ( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့ ( ၂ ) ဘုရားလောင်း တောထွက် တော်မူသောနေ့ ( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ စတင်ဟောတော်မူသောနေ့ ( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ ( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ ( ၆ ) တရားရတနာ စတင်ပေါ်သောနေ့ ( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့ ( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ ( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော် ~~~~~~~~~~~~~~~~~~~~~ ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့ စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော် မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာ

ငွေရှာနိုင်တဲ့ မိန်းမနဲ့ ငွေမရှာနိုင်တဲ့ မိန်းမ ဘာတွေ ကွာခြားလဲ? 💸💰

 ငွေရှာနိုင်တဲ့ မိန်းမနဲ့ ငွေမရှာနိုင်တဲ့ မိန်းမ ဘာတွေ ကွာခြားလဲ? 💸💰  ❣️ ကျွန်မ ငယ်ရွယ်တဲ့ အချိန်တုန်းက မင်္ဂလာဆောင်ဖို့ ဘာအတွက်ကြောင့် ကိုယ်ပိုင်အိမ်တစ်လုံး၊ ကားတစ်စီး ရှိဖို့ လိုအပ်တာလည်း ဆိုတာကို နားမလည်ခဲ့ဘူး။  လူတစ်ယောက်နဲ့ တစ်ယောက် လက်ထပ်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ ရှိနေရုံနဲ့ မလုံလောက်ဘူးလားပေါ့။  အသက်အရွယ်တစ်ခု ရောက်လာတဲ့ အခါမှာတော့ ပိုက်ဆံဟာ ဘဝရဲ့ နေရာတိုင်းအတွက် လိုအပ်တဲ့အရာတစ်ခု ဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ်  အဝတ်အစားအသစ် ဝယ်ချင်လို့ ကုန်တိုက်တွေကို သွားတဲ့အခါတိုင်း စျေးနှုန်းကို တိတ်တဆိတ် အမြဲအရင်ဆုံး ကြည့်ရလေ့ရှိတယ်။  တစ်ခါတစ်လေ တချို့အင်္ကျီတွေဆို သိပ်ကြိုက်မိသွားပေမယ့် သိပ်သဘော မကျသလို ဟန်ဆောင်ဖြစ်ခဲ့တယ်။  အကြောင်းပြချက်က ရိုးရှင်းပါတယ် အဲဒီအင်္ကျီတွေရဲ့ စျေးနှုန်းက ကျွန်မ ခန့်မှန်းထားတာထက် အရမ်းများနေလို့ပေါ့။  ဒါပေမယ့် အခုတော့ ကိုယ်ကြိုက်တာတွေ့ရင် "ကျွန်မကို ဒါလေး ထုတ်ပေးပါ" လို့ ဝင့်ကြွားစွာ ပြောနိုင်နေပြီ။ ကျွန်မ မျက်လုံးတွေမှာလည်း ချေတုံချတုံ ဖြစ်နေတဲ့ အရိပ်အယောင်မျိုး လုံးဝ မရှိတော့ပါဘူး။  အကြောင်းကတော့ ကိုယ်ဒါကို ဝယ်ဖို့ တတ်နိုင်တယ်ဆိုတာ သေချာနေလို့ပါပဲ။

ဝါဆိုလပြည့်နေ့

  ဝါဆိုလပြည့်နေ့ ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လယ်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လယ်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လယ်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လယ်း ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လယ်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊

📚စာဖတ်ခြင်းဖြင့် ဘဝကို အလှဆင်ပါ📚

 📚စာဖတ်ခြင်းဖြင့် ဘဝကို အလှဆင်ပါ📚 📥-------📚------🌹---------📚----📥 🍒စာဖတ်ဖို့အကြောင်းပြောမယ်ဆိုရင်  စာ လုံးဝ မဖတ်တဲ့လူတစ်ချို့က   ကျော်သွားပါလိမ့်မယ် ပေးတဲ့သူက  ဘယ်လောက်ပဲပေးပေး ယူတဲ့သူဘက်က  "ဦးနှောက်ဆိုတဲ့ တံခါးဖွင့်မထားဘူးဆိုရင်  ဘယ်နည်းနဲ့ ရယူ မကျင့်သုံးနိုင်ပါဘူး" 🍒ဒီစာကို ဆက်ဖတ်နေပြီးဆိုကတည်းက  သင်ဟာ စာဖတ်ဝါသနာပါတဲ့သူ  ဗဟုသုတ လိုလာသူတစ်ယောက်ပဲပေါ့ 🍒ဒါဆို သင့်မှာ ဒီထက်ပိုလှပတဲ့အနာဂတ်  ဒီထက်မက ရင့်ကျက်တဲ့ဥာဏ်ပညာတွေနဲ့  အေးချမ်း ပျော်ရွှင်တဲ့ဘဝတစ်ခုကို  တစ်ဖြည်းဖြည်း ရရှိလာဖို့ သေချာပါတယ် 🍒ဘဝရဲ့ ရှားပါးအဖိုးတန်လှတဲ့ အချိန်တွေကို  အကျိုးရှိစွာ အသုံးချတတ်ဖို့ လိုပါတယ်  အဲ့ဒီထဲမှာ  အလုပ်ကြိုးစားခြင်း  အ သစ် အ ဆန်း တွေ ကို   အမြဲ လေ့လာသင်ယူနေခြင်းနဲ့  စာဖတ်ခြင်းတို့ဟာ အကောင်းဆုံးပါပဲ 🍒အသက်ရှင်ဖို့အတွက် မဖြစ်မနေ  ထမင်းစားရသလို ဘဝတစ်ခုမှာ  အရိုးရှင်ဆုံးနဲ့ အသန့်ပြန့်ဆုံး ရှင်သန်နိုင်ဖို့ရာ  မ ဖြစ် မ နေ စာ ဖတ် ဖို့ လို ပါတယ် 🍒စာတွေဖတ်ပြီး တည်ငြိမ်ရင့်ကျက်လာတဲ့  မိန်းကလေးတစ်ယောက်ဟာ  ကိုယ့်ကိုယ်ကို အားကိုးတတ်လာပါလိမ့်မယ်  ကိုယ့်ဘဝကိုယ် ဦးဆောင်လာနိုင်ပါတယ်  အနားမှာ ဘယ်သူမ

"ယောက်ျား ရေ ခေါက်ဆွဲကြော် မစား ရတာ ကြာ ပြီ နော်..."

 "ယောက်ျား ရေ ခေါက်ဆွဲကြော် မစား ရတာ ကြာ ပြီ နော်..."  "အေး....ကြော် ကြ မယ် လေ.. ရေနွေး တည် ခေါက်ဆွဲ ပြုတ် ထား လိုက်"  ပြော ပြီး မှ သူ့ မိန်းမ အကြောင်း ကို သတိ ရ  'မဖြစ် ပါ ဘူး ' ဆိုပြီး  သူ  ထိုင်ရာ က ထ လိုက် သည်  မဖြစ်  ကိုယ်တိုင် လုပ် မှ ဖြစ် မည်  ဟို တခါ... သူ့ ကို အဲဒီ့ လို ခိုင်း လိုက် တာ အချိန်အဆ မတတ် တော့ ခေါက်ဆွဲ တွေ က ပျော့ ပြဲ လို့...  အကုန် ခွေး စာ ဖြစ် သွား သည်...  မစား ရတာ ကြာ တဲ့ ခေါက်ဆွဲ ကြော် လေး  အထူးသဖြင့် သူ့ မိန်းမ မနှင်းဆီ က စားချင် သည် ဆိုတော့ ဇေယျာမြင့် မမောနိုင် မပန်းနိုင် ပြင်ဆင် ရတော့ သည်  'မုန်လာဥ နီ ထည့် ရမယ်  ဂေါ်ဖီထုပ် လေး လဲ ပါ မှ  ဆီသတ် ဖို့ ကြက်သွန်နီ က လှီး ရဦးမယ်  ကြက်ဥ လေး လဲ ထည့် မှ...'  ခေါင်းထဲ မှာ လုပ်ရမဲ့ အစီအစဉ် တွေ ကို စဉ်းစား ရင်း  ရေခဲသေတ္တာ ဖွင့် လိုက် မီးဖိုချောင် ဘက် လျှောက် လိုက်  စတို ထဲ သြား ကြက်သွန် ယူ လိုက် နဲ့ အလုပ် တွေ ရှုတ် သွား သည်  "မိန်းမ ကြက်သွန်နီ လှီး ပေး မယ် လေ"  "နေပါ...မယ်မင်းကြီးမ ရယ် လက္ကို ဓားထိ လို့ ကျုပ် ဘဲ အလုပ် များ နေ ပါ မယ်"  "ဟင်....မိန်းမ က ကူ ချင် လ