"သူတော်ကောင်း ဖြစ်ချင်ရင် "
**********************
"အိမ်း... သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင် နံနက်စောစောထ ဘုရားရှိခိုး၊ မေတ္တာပို့, အမျှဝေတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ အလုပ်ပဲ"
"ဘုရားရှိခိုးပြီး အမျှအတန်း ပေးဝေတဲ့အခါမှာလဲ အသံကျယ်ကျယ်နဲ့ အော်ပြီးတော့ အမျှအတန်းပေးဝေကြရမယ်"
"စောစောထ ဘုရားရှိခိုးတာက သုံးဆယ့်တစ်ဘုံသားတွေ၊ အထူးသဖြင့် နာမ်သာရှိပြီး ရုပ်မရှိတဲ့ တမလွန်သားတွေ တရားလာရောက်နာယူပြီး အမျှအတန်း ခံယူ၊ သာဓုခေါ်နိုင်မှလဲ ဘုံတွေ ဗိမာန်တွေ ရကြတာ၊ လူသူရှင်းလင်းတဲ့ ယခုလို စောစောအချိန်မှာလဲ တရားနာလာနိုင်ကြတာ"
"သူတို့ဟာ လူတွေနဲ့ အထိအတွေ့မခံနိုင်ကြရှာဘူး၊
ဒါကြောင့် လူသူရှင်းတဲ့ နံနက်စောစောမှာ ဘုရားရှိခိုးသံ၊ အမျှအတန်းပေးဝေသံတွေကို လာရောက် နာယူကြရတာ"
"လာရောက် နာယူကြတော့ သူတို့အတွက် အကျိုးထူးတွေလဲ ရရှိကြတာပေါ့၊ အမျှအတန်းဝေ သာဓုခေါ်တော့ တချို့ သာဓုတစ်ကြိမ်တည်းနဲ့ ခေါ်နိုင်တာရှိတယ်၊ သာဓုခေါ်နိုင်တာနဲ့ ဘုံဗိမာန်တွေ အစားအစာတွေ ရတယ်၊ တချို့ မခေါ်နိုင်ဘူး၊ 'သာ' တစ်လုံးတည်းနဲ့ နှစ်ပေါင်းများစွာ နေရတယ်၊ 'ဓု' မရသေးဘူး၊ နှစ်တော်တော်ကြာမှ 'ဓု' ရတယ်၊ တချို့ 'သာ' လဲ မခေါ်နိုင်၊ 'ဓု' လဲ မရနဲ့၊ နှစ်ပေါင်းများစွာ အမျှပေးဝေသံ နားထောင်ကြရတဲ့ ပြိတ္တာတွေ, ပရလောကသားတွေလဲ အများကြီးပဲရှိတယ်"
"အမျှအတန်းပေးဝေတဲ့အခါ သာဓုတစ်ခုတည်း ခေါ်နိုင်တာက မနုဿလူသားပဲ ရှိတယ်ကွယ့်၊ အမနုဿ ပရလောကသား ပြိတ္တာတွေကတော့ အမျှအတန်းပေးဝေတိုင်း သာဓုမခေါ်နိုင်ရှာကြဘူး၊ ကုသိုလ်အလွန်ထူးမှ ချက်ချင်း သာဓု ခေါ်နိုင်တာ"
“ကျေးဇူးတော်ရှင် မိုးညှင်းဆရာတော်ဘုရားကြီး"
ဓမ္မ စာစုများ
Comments
Post a Comment