Skip to main content

ရဟန်းတော်များ ဝါဆိုရခြင်း အကြောင်း

 ရဟန်းတော်များ ဝါဆိုရခြင်း အကြောင်း

🌰🌰🌰🌰🌰🌰🌰🌰🌰🌰🌰🌰🌰


မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်

ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ပညတ်တော် မမူရသေးသောကြောင့် 

ရဟန်းတော်တို့သည် ဆောင်း၊နွေ၊မိုး ဥတုသုံးပါး လုံး ဒေသစာရီအဖြစ် ဟိုဟို ဒီဒီ လှည့်လည် သွားလာကြသော အလေ့ရှိကြကုန်၏။ 


ထိုသို့ အချိန်ပြည့် သွားလာနေကြသောအခါ


လူအများက…


သာကီဝင်မင်းသား ဘုရားသားတော်များ ဖြစ်ကြကျသော ရဟန်းတော်တို့သည်  

အဘယ်ကြောင့် ဆောင်း၊နွေ၊မိုး ဥတုသုံးပါးလုံး

အသက်ရှိသော မြက်ပင်တို့ကို နင်းချေကုန်လျက် (အသက်ရှိသည်ဟု ထင်မြင်ယူဆသောကြောင့်)

သူတစ်ပါးအသက်ဟု ဆိုအပ်သော တစ်ခုသော ဇီဝိတိနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့အား ပျက်စီးခြင်းသို့

ရောက်စေပြီး ဟိုဟိုဒီဒီ ဒေသစာရီ လှည့်လည်

သွားလာ နေကြကုန်ဘိသနည်း ...? ။



မိစ္ဆာအယူရှိသော သာသနာပတိတ္ထိတို့သော်မှ လည်း မိုးလတို့ပတ်လုံး ခရီးဟိုဒီမသွားပဲ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီးမှာသာ

နေထိုင်ကြကုန် သေး၏။


ငှက်ကလေး တို့သော်မှလည်း သစ်ပင်အဖျားတို့၌

အသိုက်ပြုကာ မိုးလတို့ပတ်လုံး ကြောင့်ကြမဲ့ စွဲမြဲစွာ နေကြကုန်သေး၏။


ဤသာကီဝင်မင်းသား ဘုရားသားတော် ဖြစ်သော ရဟန်းတော်တို့သည်ကား 

ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ 

သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေပြီး ဟိုဟိုဒီဒီ ဒေသစာရီ လှည့်လည် သွားလာနေကြကုန်၏ဟု ကဲ့ရဲ့ကုန်၏။ ရှုတ်ချကုန်၏။အပြစ်ပြ ပြောဆိုကြ ကုန်၏။


ထိုကဲ့သို့ လူတို့၏ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားသံများကို ကြားကြရသောအခါ ရဟန်းတို့သည်  မြတ်စွာဘုရားအား ဤအကြောင်းကို

လျှောက်ထား ကြကုန်၏။


ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းနှင့် စပ်သော တရားစကားကို ဟောတော်မူ၍ 


ရဟန်းတို့အား…

အနုဇာနာမိ ဘိက္ခဝေ ဝဿံ ဥပဂန္တုံ

ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏ဟူသော မဟာဝါပါဠိတော်လာ ဝါဆိုရခြင်းအကြောင်း ဖြစ်ပါသည်။


                       မဟာဝဂ္ဂပါဠိ (ဝိနယပိဋက)- ၁၉၂


   ဝါဆိုပုံ

🌷🌷🌷🌷

ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ ဟု 

ရွတ်ဆိုရပါသည်။


ဝါဆို ဝါကပ်ခြင်း နှစ်မျိုး

🌻🌻🌻🌻🌻🌻🌻

ဝါဆို ဝါကပ်ခြင်းဟူသည်မှာ…

ပုရိမဝါကပ်ခြင်း၊

ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိ၍


ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါဆို ဝါကပ်ခြင်းကို

▶#ပုရိမဝါကပ်ခြင်း ခေါ်တွင်၍၊


အကြောင်းအားလျှော်စွာ 

ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါမဆိုလိုက်ရသော

သံဃာများအတွက်

ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါဆိုဝါကပ်ပြုခြင်းကို

▶#ပစ္ဆိမဝါကပ်ခြင်းဟု ခေါ်တွင်ပါသည်၊ 


ပုရိမိကာ ပစ္ဆိမိကာ။ 

အပရဇ္ဇုဂတာယ အာသာဠှိယာ ပုရိမိကာ

ဥပဂန္တဗ္ဗာ

မာသဂတာယ အာသာဠှိယာ ပစ္ဆိမိကာ

ဥပဂန္တဗ္ဗာ

ဣမာ ခေါ ဘိက္ခဝေ ဒွေ ဝဿူပနာယိကာတိ။


ထိုကဲ့သို့ ဝါဆို ဝါကပ်ခြင်း နှစ်မျိုးရှိပါသည်။

မဟာဝဂ္ဂပါဠိ (ဝိနယပိဋက)-၁၉၂


တုံ သုံးတုံ

🍁🍁🍁

ဝါဆိုကြသည့် သံဃာများအနေဖြင့်

ဝါတွင်းမှာ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီး၌သာ

သီတင်းသုံး နေထိုင်ကြရမည် ဖြစ်ပြီး


ဝါတွင်း၌ မဖြစ်မနေ ခရီးသွားခွင့်ရသည့် အကြောင်းသုံးခုမှာ…


🔹ဒါနဉ္စ ဒါတုံ။


🔹ဓမ္မဉ္စ သောတုံ။


🔹ဘိက္ခု စ ပဿိတုံ  ဟူသော အကြောင်းသုံးမျိုး ဖြစ်ပါသည်။


ထိုအကြောင်းသုံးမျိုးဖြစ်သော တုံ သုံးတုံကို

အနုပညတ် ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားက ခွင့်ပြုတော် မူခဲ့ပါသည်။


၁။ဒါတုံ=တစ်စုံတစ်ယောက်က အလှူဒါနပြုလုပ်လို၍ ပင့်လျှောက်သောအခါ။


၂။သောတုံ=တစ်စုံတစ်ယောက်က တရားဓမ္မကို ကြားနာလို၍ ပင့်လျှောက်သောအခါ။


၃။ပဿိတုံ=တစ်စုံတစ်ယောက်က ဖူးမြင်လို၍

ပင့်လျှောက်သောအခါ။

ဝါပန်၍ ခရီးသွားနိုင်ပါသည်။


( ၇ )ရက်မတိုင်မီ ပြန်ရောက်ရမည်။


( ၇ )ရက်အတွင်း ဝါဆိုရာ ကျောင်းနေရာသို့ ပြန်ရောက်အောင် လာမည်ဟု ဆုံးဖြတ်၍

စိတ်တွင်းမှသာ ကြံဆ၍ သွားလျှင်လည်း ရပါသေးသည်။


အာဂစ္ဆန္တု  အယျာ ဣစ္ဆာမိ

ဒါနဉ္စ ဒါတုံ ဓမ္မဉ္စ သောတုံ ဘိက္ခူ စ ပဿိတုန္တိ။

ဂန္တဗ္ဗံ ဘိက္ခဝေ

သတ္တာဟကရဏီယေန ပဟိတေ န တွေဝ အပ္ပဟိတေ။

သတ္တာဟံ သန္နိဝတ္တော ကာတဗ္ဗောတိ။

မဟာဝဂ္ဂပါဠိ (ဝိနယပိဋက)- ၁၉၄


မဟာဝါ ပါဠိတော်လာ ဝါဆိုခြင်းအကြောင်းကို အကျဉ်း ဖော်ပြပါသည်။


Credit :တိပိဋက မြန်မာပြန်

ဗဟုသုတကျေးရွာ

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...