ပိုက်ဆံမရှိဘူးလို့ ပါးစပ်က
အမြဲပြောနေရင်း တစ်နေ့တစ်ခြား
ကြပ်တည်းလာတာ ပိုသိသာလာတယ်။
အဆင်မပြေဘူးလို့
ခနခနတွေးနေရင်း
ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။
စိတ်ညစ်ဖို့ အရမ်းကောင်းတယ်လို့
ပြောရင်ဒီထက် ပိုပြီး
စိတ်ညစ်စရာတွေ ဖြစ်လာမယ်။
ဒါ အယူအဆမဟုတ်ဘူး ။
ဘာသာရေး အတွေးမဟုတ်ဖူး ။
Psycho သေဘာပဲ့...
"ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်
ပြောပါများရင် အဲ့ဒီအတိုင်းယုံကြည်လာတယ် "
ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း
ကိုယ့်နှုတ်ထွက်စကားတွေ အတိုင်း
ကိုယ့်ဘဝက ပြောင်းသွားတယ်...
မယုံမရှိနဲ့ ..။
ပါးစပ်နောက် မွာ ဘဝတွေပါတတ်တယ်
မြတ်စွာဘုရားကလည်း မိန့်တယ်။
နှုတ်ထွက်စကားလုံးတိုင်းဟာ...
အကျိုးမခံစားရဘဲ ပျောက်ပြယ်သွားလေ့မရှိဘူးတဲ့။
ဒါ့ကြောင့် အမြဲတမ်း.....
အကောင်းဘက်ကတွေးပါ
အောင်မြင်သူလိုတွေးပါ
အောင်မြင်သူတွေနား ချဉ်းကပ်ပါ
စိတ်နှလုံးသားကောင်းမွန်သူတွေနဲ့သာ
ပေါင်းသင်းပါ လို့ပြောကြတာပေါ့...။
လဲက်တာဟာ ပြဿနာ မဟုတ္ဖူး။
ပြန်မထချင်တော့တာ (သို့)
ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ
လက်လျှော့လိုက်တော့မယ် ဆိုတာကသာ
ပြသနာကြီးပါ...။
မဖြစ်နိုင်ဘူးဆိုတာထက်
ဖြစ်အောင်ဘယ်လိုလုပ်ရမလဲက
တွေးဖို့ ပိုလိုတာပါ...။
လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်
ဖြေရှင်းပုံပေါ်မူတည်ပြီး
လူတွေရဲ့ ဘဝ အခြေအနေတွေ
ကွာသွားတာပါ...။
Crd
Comments
Post a Comment