Skip to main content

"ယောက်ျား ရေ ခေါက်ဆွဲကြော် မစား ရတာ ကြာ ပြီ နော်..."

 "ယောက်ျား ရေ

ခေါက်ဆွဲကြော် မစား ရတာ ကြာ ပြီ နော်..." 


"အေး....ကြော် ကြ မယ် လေ..

ရေနွေး တည် ခေါက်ဆွဲ ပြုတ် ထား လိုက်" 


ပြော ပြီး မှ

သူ့ မိန်းမ အကြောင်း ကို သတိ ရ 


'မဖြစ် ပါ ဘူး '

ဆိုပြီး 


သူ 

ထိုင်ရာ က ထ လိုက် သည် 


မဖြစ် 


ကိုယ်တိုင် လုပ် မှ ဖြစ် မည် 


ဟို တခါ...

သူ့ ကို အဲဒီ့ လို ခိုင်း လိုက် တာ

အချိန်အဆ မတတ် တော့

ခေါက်ဆွဲ တွေ က ပျော့ ပြဲ လို့... 


အကုန် ခွေး စာ ဖြစ် သွား သည်... 


မစား ရတာ ကြာ တဲ့ ခေါက်ဆွဲ ကြော် လေး 


အထူးသဖြင့်

သူ့ မိန်းမ မနှင်းဆီ က စားချင် သည် ဆိုတော့

ဇေယျာမြင့်

မမောနိုင် မပန်းနိုင် ပြင်ဆင် ရတော့ သည် 


'မုန်လာဥ နီ ထည့် ရမယ် 


ဂေါ်ဖီထုပ် လေး လဲ ပါ မှ 


ဆီသတ် ဖို့ ကြက်သွန်နီ က လှီး ရဦးမယ် 


ကြက်ဥ လေး လဲ ထည့် မှ...' 


ခေါင်းထဲ မှာ လုပ်ရမဲ့ အစီအစဉ် တွေ ကို

စဉ်းစား ရင်း 

ရေခဲသေတ္တာ ဖွင့် လိုက်

မီးဖိုချောင် ဘက် လျှောက် လိုက် 


စတို ထဲ သြား

ကြက်သွန် ယူ လိုက် နဲ့

အလုပ် တွေ ရှုတ် သွား သည် 


"မိန်းမ ကြက်သွန်နီ လှီး ပေး မယ် လေ" 


"နေပါ...မယ်မင်းကြီးမ ရယ်

လက္ကို ဓားထိ လို့

ကျုပ် ဘဲ အလုပ် များ နေ ပါ မယ်" 


"ဟင်....မိန်းမ က ကူ ချင် လို့ ပြော တာ ကို ကွာ.." 


"ကူ ချင် ရင် မီးဖိုချောင် နဲ့ ဝေးဝေး နေ

သွား....

မီးပူ တိုက် စရာ တွေ ရှိ တယ် ဆို..." 


"အင်း ပါ

မောင့် အနား နေ ချင် လို့" 


"သွား ပါ မိန်းမ ရယ် သွား

ယောက်ျား ကြော် ကျွေး ပါ့မယ်" 


"မောင့် ကို ချစ်" 


ရုတ်တရက် အနမ်း ပေး လိုက် သည့်

မနှင်းဆီ ကို ကြည့်

ဇေယျာမြင့် အသဲ ယား သွား သည် 


"လာ....ကြာ"

လက်ထဲက ကြက်သွန် ဥ ကို ချ

လက်နှစ်ဖက် ကို ဆန့်တန်း ရင်း

သူ ခေါ် လိုက်တော့ 


သူ့ မိန်းမ က နှာခေါင်း တစ်ချက် ရှုံ့

ပြုံး ပြ ရင်း

လှစ်ကနဲ ထွက် ပြေး သွား သည် 


သူ....

မချင့်မရဲ ဖြစ် ကျန် ခဲ့ သည်.... 


မနှင်းဆီ ဆိုသော သူ့ မိန်းမ

ပညာ ရုပ်ရည် အဆင့်အတန်း

ဘာ တစ်ခု မှ အပြစ် ပြော စရာ မရှိ 


တစ်ခု ဘဲ ရှိ သည်

ထမင်း ဟင်း လုံးဝ မချက် တတ် 

မီးဖိုချောင် ကိစ္စ အားကိုး လို့ မရ ခြင်း ဖြစ် သည် 


သူ နဲ့ ညားကာစ ကထဲ က 

ဇေယျာမြင့် ဘဲ မီးဖိုချောင် ဝင် ခဲ့ ရသည် 


တော်သေး

သူ့ အလုပ် က လဲ 

အိမ် မှာ နေရင်း လုပ် ရ သော အလုပ် မို့ လို့ သာ.... 


တခါ တေလ

သူ ခရီး သွား ရတဲ့ အချိန် မှာ တော့

မနှင်းဆီ တို့ ထမင်းဆိုင် နဲ့ နှစ်ပါး သွား ရ လေ ရဲ့... 


ရေနွေး ဆူဆူ ထဲ ခေါက်ဆွဲ ထည့် ရင်း

သူ့ မိန်းမ နဲ့ သူ့ အကြောင်း တွေ

ပြန် တွေး မိ နေ ခြင်း ဖြစ် သည်.......။


သူ နဲ့ မနှင်းဆီ က အိမ်နီးချင်း.... 


ဇေယျာမြင့် က လူပျို ဘဝ ကထဲ က 

အချက်အပြုတ် ဝါသနာ ပါသည် 


အိမ် အကူ မရှိ

မိသားစု သုံးယောက် သာ 

ရှိသော သူတို့ အိမ် တွင်

အဖေ အမေ နဲ့ သူ့ အတွက် သူ ကိုယ်တိုင် ချက် သည် 


မနှင်းဆီ က လဲ သူ တို့ လို ဘဲ... 


မိသားစု သုံး ယောက် ထဲ.... 


သူတို့ က ဇေယျာမြင့် တို့ ထက် နောက်ကျ ပြီးမှ

ဒီ ရပ်ကွက် ထဲ ရောက် လာ တာ ဖြစ် သည် 


အစ က တော့ ဖာသိဖာသာ ဘဲ 


'ဒီ ကောင်မလေး တော်တော် လှတယ်'

ဆိုတာ လောက် ဘဲ သိ သည် 


ရင်းနှီး လာ တော့ မှ သတိ ထား မိ သည် 


မနှင်းဆီ စျေးသွား တာ လဲ တခါ မှ မတွေ့ 


'ဘာ တွေ များ စား နေ သလဲ'

ဆိုပြီး သူ့ မှာ အံ့သြ လို့... 


သတိထား ကြည့် တော့ မှ

နံနက် မိုးလင်း က ထဲ က

လာ လိုက် တဲ့ deli

နေ့လည်

ညနေ 


ကြည့် ရတာ အကုန် မှာ စား ပုံ ရသည်... 


'ရောဂါ ဖြစ် တော့ မှာ ဘဲ '

သူ့ မှာ ကရုဏာ တွေ သက် လို့.... ။


အိုး ထဲ က

ခေါက်ဆွဲ ဖတ် ကို မြည်း လိုက် တော့

အနေ တော် 


ဒယ်အိုး ထဲ ဆီ ထည့် အပူ ပေးရင်း

ခေါက်ဆွဲ ဖတ်ကို ကြာညို့

ပဲငံပြာရည် နဲ့ နယ် ရသည်

ဆား ဟင်းခတ်မှုန့် ထည့် 


ဆီ ပူ တော့

ကြက်သွန်နီ ထည့်.....။


သူ့ မိန်းမ မနှင်းဆီ က 

အပျို က ထဲ က ခေါက်ဆွဲကြော် အရမ်း ကြိုက် သည် 


သူတို့ နှစ်အိမ် ရင်းနှီးကာစ က 


တစ်ရက်

အိမ်မှာ ခေါက်ဆွဲကြော် ဖြစ် တော့ 


"သား ရေ ဟိုဘက် အိမ် နဲနဲ သွား ပေး လိုက် ပါ ဦး" 


အမေ က ပြော လို့

သူ... မရဲတရဲ သွား ပို့ မိ သည် 


"ခေါက်ဆွဲကြော် အရမ်း ကြိုက် တာ ရှင့်"

ဟန်ဆောင် မှု မရှိ

ပြုံးရယ် ရင်း ပြော လာ တဲ့

မနှင်းဆီ ကို ကြည့်

ဇေယျာမြင့်

ရင်တွေ တဒိုင်းဒိုင်း ခုန် လို့.... 


"ကြိုက်ရင် ခဏ ခဏ လာ ပို့ မယ်"

သူ တိုးတိုး ပြန် ပြော တာ ကို ကြား လေ သလား

မကြား လေ သ လား မသိ... 


သူ..

ရင်တွေ ခုန် လွန်း လို့

လှည့် ပြန် ခဲ့ တာ.. 


ချိုင့် ကျန် ခဲ့ လို့ 

တခေါက် ပြန် ယူ ရ တဲ့ အထိ....။


ကြက်သွန်နီ လေး မွှေး လာ တော့

မုန်လာဥ နီ ထည့် 

မုန်လာဥ အသား လေး တွေ အိ လာ အောင်

ရေ နဲနဲ ထည့် အချိန်ပေး ချက် ရမည် 


သူ့ မိန်းမ က အဲဒီ့လို အိအိ လေး မှ ကြိုက် တာ မလား 


'အချစ် ဆုံး အတွက် ဟင်း တစ်မယ် '

ဆိုတာ ငါ မှ အစစ် 


သူ

တွေး ရင်း ပြုံး မိ သည်......။


စ တွေ့ တွေ့ ချင်း မှာ 



'ခေါက်ဆွဲကြော် ခဏ ခဏ လာ ပို့ မယ်'

ပြော ခဲ့ ပြီး ကထဲ က 


သူတို့ အိမ် မှာ တစ်ပတ် သုံးရက် လောက်

ခေါက်ဆွဲ ကြော် လုပ် ဖြစ် သည် 


"သား ရယ်

တခြား ဟာ လုပ် ပါ ဦး

အမေ တို့ ငြီးငွေ့ လှပြီ" 


"အမေ ငြီးငွေ့ ပေမယ့်

မနှင်းဆီ က မငြီးငွေ့ ဘူး ဗျ" 


ပြန် ပြော မိ တော့ အမေ က ရယ် လို့ 


"အေး ပေါ့ လေ.....ငါ့သား လဲ မငယ် တော့ ဘူး ဘဲ" 


သူများ တွေ အတွက် တော့

ချစ်ခြင်းအစ 

မျက်စိ က ဖြစ် နိုင် ပေမယ့် 


ဇေယျာမြင့် နဲ့ မနှင်းဆီ အတွက် ကတော့

ခေါက်ဆွဲကြော် က 

သူတို့ နှစ်ယောက် ကြား မှာ မြားနတ်မောင် ဖြစ် သည် 


ပထမ တော့ ခေါက်ဆွဲကြော်

နောက်တော့ 


"အိမ်မှာ ဝက်သား ချက် လို့" 


"သီးစုံ ချဉ်ရေ ကောင်း လို့" 


ဆိုပြီး

ဘာ လေး ချက်ချက်

သူမ တို့ အိမ် ဆီ တစ်ခွက် ရောက် သည် သာ...

လာ တဲ့ သူ က လဲ လာ

မျှော်တဲ့ သူ က လဲ မျှော်.... 


ထို့ နောက် မှာ တော့..... ။


"မောင် ရေ...အရမ်း မွှေး တာ ဘဲ

မရ သေး ဘူး လား" 


"ရတော့ မယ် မိန်းမ

ခေါက်ဆွဲ ထည့် မွှေ ပြီး ရင် ရ ပြီ

စားဖို့ ပြင် ထား တော့" 


"မောင့် ကို ချစ်" 


"ဟင်....ယောကျာ်း ချွေး တွေ နဲ့" 


"ရပါတယ် ဘာ ဖြစ်" 


တား နေ တဲ့ ကြား က 

သူ့ ကို ဖက်နမ်း သွား ပြန် သည့်

ကောင်မလေး ကို ကြည့်

ဇေယျာမြင့် ကြည်နူး မိ သည်.... 


စိတ်ထဲ မှာ လဲ တေး ထား လိုက် သည် 


ခေါက်ဆွဲ ကြော် စား ပြီး ရင် တော့ 


သူမ ကို အပြစ် ပေး ရမည် ဟု.... 


'သူ့ ကို အသဲယား အောင် နှစ်ခါ တောင်

လုပ် ထားတာ မလား' .......။


ချစ်ခြင်းအားဖြင့်

ဆလိုင်းထန်ခွီ


Credit: Cartoon Photo

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...