Skip to main content

ပြိုင်ဘက်ကောင်း💌

 ပြိုင်ဘက် 💌


“မင်းရဲ့ပြိုင်ဘက်ဟာ ဘယ်သူလဲသိချင်ရင် 

မှန်ထဲကိုကြည့်လိုက်ပါ။ 


အဲ့ဒါမင်းရဲ့ တကယ့်ပြိုင်ဘက်ပါပဲ...”


မင်းရဲ့ ပြိုင်ဘက်ဟာ မင်းကိုယ်တိုင်ပဲ..။ 


မင်းယှဉ်ပြိုင်ရမှာ တခြားသူတွေနဲ့ မဟုတ်ဘူး။ မင်းကိုယ်မင်းပဲ .. အမြဲယှဉ်ပြိုင်နေရမှာ။


မင်းဟာနေ့စဉ်တော်နေရမယ်။


မနေ့ကတော်တဲ့မင်းထက်၊ ဒီ မင်းက ပိုတော်နေရမယ်။ 



ဒီနေ့တော်နေတဲ့ မင်းကို နိုင်အောင်ပြိုင်ရမှာကလည်း မင်းကိုယ်တိုင်ပဲ..


မနေ့က မင်းရဲ့ အောင်မြင်မှုစံချိန်ကို ဒီနေ့ ချိုးပစ်ရမှာက မင်းကိုယ်တိုင်ပဲ...။


မင်းယှဉ်ပြိုင်နေတာ ဘယ်သူနဲ့ မှ မဟုတ်ဘူး။ 


ဘယ်သူနဲ့ မှလည်း ယှဉ်ဖို့ စိတ်မဝင်စားနဲ့။ 


မင်းကို သူများတွေက လိုက်ပြိုင်နေလည်း 

မင်းစိတ်မဝင်စားနဲ့။


သူများတွေနဲ့ ယှဉ်ပြိုင်ရတာထက်၊ ကိုယ့်ကိုယ်ကိုယ်ယှဉ် ပြိုင်နေရတာ ပိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။



ပြီးတော့ ဘယ်တော့မှ ကိုယ့်ကိုယ်ကို တခြားသူတွေ နဲ့လိုက်ပြီး မနှိုင်းယှဉ်နဲ့။


နှိုင်းယှဉ်ချင်သပဆိုရင်...


“မနေ့ကငါနဲ့ vs ဒီနေ့ငါ” ဆိုတာပဲ အမြဲနှိုင်းယှဉ်ပါ။ 


မင်းကမင်းပဲ  သူတို့က သူတို့ပဲ။


မင်းအောင်မြင်ချင်ရင် မင်းရဲ့ အောင်မြင်မှုကိုပဲ မင်းစိတ်ဝင်စား။ 


သူများရဲ့ အောင်မြင်မှုတွေကို စိတ်ဝင်စားမနေနဲ့။ 


မင်းတိုးတက်ချင်ရင် မင်းရဲ့ နေ့စဉ်တိုးတက်မှုကိုပဲ မင်းစိတ်ဝင်စား။


သူများတွေရဲ့ တိုးတက်မှုတွေကို ထိုင်ကြည့်မနေနဲ့။ 


မင်းမှာ သူများတွေကို အားကျနေရမယ့် အချိန်မရှိဘူး။ 


မင်းအောင်မြင်မှုကို မင်းကိုယ်တိုင် အားကျတဲ့အထိ၊ ကျေနပ်တဲ့အထိ မင်းကြိုးစားရမှာပဲ။


မင်းဟာ ပြိုင်ဘက်ထက်ပိုတော်ရမယ်။


မင်းပြိုင်ဘက်ကလည်း မင်းထက်ပိုတော်ရမယ်။ 


မင်းရဲ့ပြိုင်ဘက်က မင်းပါပဲ။


ဒီလိုဆိုရင် မင်းဟာနေ့စဉ် တော်သည်ထက်တော်လာတဲ့ လူတော်ဖြစ်လာလိမ့်မယ်။ 


မင်းကိုယ်မင်းသာ ပြိုင်လိုက်စမ်းပါ...


မနေ့က တော်ပါတယ်ဆိုတဲ့ မင်းထက်

ဒီနေ့ ပိုတော်အောင် ပြိုင်လိုက်စမ်းပါ။


ဒီနေ့တော်နေပါတယ်ဆိုတဲ့ မင်းထက် မနက်ဖြန်မှာ ပိုတော်အောင် ပြိုင်လိုက်စမ်းပါ။


မင်းတနေ့ ဒီထက် ပိုမိုတိုးတက်အောင်မြင်လာမယ်ဆိုတာ အသေအချာပဲပေါ့။



Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...