Skip to main content

ခင်ဗျားလေးကို ပျော်အောင်ထားဖို့ အများကြီးကြိုးစားရဦးမယ်

 ခင်ဗျားလေးကို ပျော်အောင်ထားဖို့ အများကြီးကြိုးစားရဦးမယ် ။ 


ရှင်လေးက မိသားစုထဲမှာ အငယ်ဆုံးသမီးလေး မဟုတ်လား အများကြီး အလိုလိုက်ခံထားရတဲ့ ကလေးလေးတစ်ယောက်လေ ... အသက်အရွယ်ကို ကြည့်ရင် လူကြီးတစ်ယောက်ပေါ့ ဒါပေမယ့် ကလေးစိတ်လေးနဲ့ လူတစ်ယောက်ပဲလေ အများကြီး အချစ်ခံချင်တယ် အများကြီး အလိုလိုက်ခံချင်တယ် ပြီးတော့ ဘယ်နေရာမှာမဆို ပထမ ရချင်တယ် မဟုတ်လား ။ 


အဖေ့ရဲ့ သည်းသည်းလှုပ်ချစ်ခြင်းခံရတဲ့ မင်းသမီးလေး တစ်ပါးလေ ...  ကျွန်တော့်လက်ထဲရောက်မှ မပျော်တော့လို့ ဘယ်ဖြစ်ပါ့မလဲ ။ အဖေကလေ ... ကျွန်မကို သိပ်ချစ်တာဆိုပြီး  စကားတွေ အစချီပြီး ဘယ်လောက်ချစ်တာဆိုတာနဲ့ အဆုံးသတ်တတ်တယ် မဟုတ်လား ... ကျွန်တော်အဲ့လောက် မချစ်ပေးနိုင်မှာစိုးတယ် ။ အဲ့လို ပျော်အောင် ထားမပေးနိုင်မှာကို ကြောက်တယ် ။ ပြီးတော့ ... ဒီကလေးလေးက တစ်ခုခုကို တွယ်တာမိသွားရင် ဆုံးရှုံးရမှာ အရမ်းကြောက်တတ်တာ မဟုတ်လား ။ 



ပျော်အောင်ထားပေးချင်ခဲ့တဲ့သူပါ ... ဒါပေမယ့် နာကျင်စေမိသွားမှာကို ကျွန်တော် ကြောက်နေတယ် ပြီးတော့ ကျွန်တော့်ကြောင့် မျက်ရည်ကျသွားမှာကို ကြောက်နေမိတယ် ။ ခင်ဗျားလေး မြင်နေခဲ့တဲ့ ကျွန်တော့ရဲ့ တစ်ဖက်က သာနေတဲ့ လလိုပါပဲ လင်းလက်နေတာကိုပဲ မြင်တာပါ တစ်ဖက်မှာ ခက်ခဲခြင်းတွေ အများကြီးနဲ့ ပြီးတော့ အဆင်မပြေခြင်းတွေ အများကြီးနဲ့လေ ။ လူတစ်ယောက်ကို အမြဲတမ်းပျော်အောင် ထားနိုင်ဖို့ဆိုတာ မလွယ်ဘူး မဟုတ်လား ။ 


အခြေအနေတစ်ခု လိုတယ် ။ အချိန်ပေးဖို့လိုတယ် ... ကျွန်တော်ကလေ ခင်ဗျားကို ပျော်စေချင်တယ်ဆိုတဲ့ ဆုတွေ တောင်းပေးချင်ခဲ့တဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး ပျော်အောင် ထားပေးချင်ခဲ့တဲ့ လူတစ်ယောက်ပါ ။ ကလေးဆန်လွန်းတဲ့ မင်းကို မျက်နှာလေး စူပုတ်မသွားအောင် ထားချင်တယ် မျက်နှာလေး ညိုးမသွားအောင် အရိပ်တကြည့်ကြည့်လေး ကြည့်နေချင်မိတယ် ။ 


ကျွန်တော် အများကြီး ကြိုးစားရဦးမယ် ... မင်းအနားနေနိုင်ဖို့ ခြေလှမ်းတွေ အများကြီး လှမ်းရဦးမယ် ။ သိပ်အချစ်ခံရတဲ့ ကလေးက သူ့ကို သိပ်ချစ်တဲ့ လူကို အမြဲ အမှတ်ရနေတတ်သလိုပဲ ကျွန်တော့ကို ခင်ဗျားလေး အမှတ်ရနေစေဖို့ ကျွန်တော် တကယ် အများကြီး ကြိုးစားရဦးမယ် ။ ငိုနေတဲ့ မျက်ရည်တွေကို သုတ်ပေးဖို့ အကြင်နာတွေ အများကြီး ရှိနေပြီးသားပါ အေးစက်မာကျောနေတဲ့ နှလုံးသားလေးနွေးဖို့ အချစ်တွေ အကုန်ပေးခဲ့ပြီးသားပါ ။ ဒါပေမယ့် ခင်ဗျားလေးကို ပျော်အောင်ထားချင်တယ်ဆိုတဲ့ အိပ်မက်လေး ပြည့်ဖို့တော့ ကျွန်တော် အများကြီး ကြိုးစားရဦးမယ် ထင်ပါတယ် ။ 


ပြုံးနေပါ ကလေးရေ ... ပြီးတော့ ပျော်အောင် နေနော် ... ကျွန်တော့်ကြောင့်လဲ အပင်ပန်းမခံနဲ့ ကျွန်တော့်ကြောင့်လဲ ဘာမှ ပြောင်းလဲဖို့ မတွေးနဲ့ ။ မင်းဆိုးချင် ဆိုးလို့ရတဲ့ လူတစ်ယောက် အဖြစ်ရှိနေပေးမယ် မင်း ငိုချင် ငိုချရလောက်တဲ့အထိ ယုံကြည်ရမယ့် လူတစ်ယောက် ဖြစ်နေပေးမယ် ။ တတိုင်း ရှိနေပေးဖို့ အလုပ်တွေအများကြီး ကြိုးစားမယ်လေ ။ ပျော်အောင်ပဲ နေပါ နေကောင်းကျန်းမာအောင်ပဲ နေပါ ။ 



Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...