၁ ။ မချမ်းသာလျှင် မကြွားနှင့်
မကျန်းမာလျှင် မစားနှင့်
မတူလျှင် မကြံနှင့်
မတန်လျှင် မယူနှင့်....
၂ ။ မတော်ပဲ မဝယ်နှင့်
မခေါ်ပဲ မလယ်နှင့်
မတောင်းပဲ အကြံမပေးနှင့်....
၃ ။ မမေးပဲ မပြောနှင့် မကျွေးပဲ မစားနှင့်
မပေးဘဲ မယူနှင့် ထင်တိုင်းလည်း မဆိုနှင့်...
၄ ။ ဝင်တိုင်းလည်း မမျို နှင့်
အဘိုးမသိက မဝယ်နှင့်
အမျိုးမရှိက မကျယ်နှင့်...
၅ ။ ရေကို မကြည့်ပဲ မသောက်နှင့်
စာကို မဖတ်ပဲ လက်မှတ် မထိုးနှင့်
သိတိုင်းလည်း မဟနှင့်....
၆.။ ရှိတိုင်းလည်း မပြနှင့်
မဆိုင်တာလည်း ဝင်မရှုပ်နှင့်
မနိုင်တာလည်း ဝင်မလုပ်နှင့်...။
လေစားစွာဖြင့်💛💛💛💛
(သိန်းမောင်မောင်)
Comments
Post a Comment