အားတင်းထားပါ
=============
ဘဝတစ်ခုဖြစ်လာပြီဆိုကတည်းက
သူ့ဒုက္ခနဲ့သူ
ရှိတတ်တာသဘာဝပါပဲ။
ကိုယ့်အခက်ခဲနဲ့ကို
ဘဝကို
ရပ်တည်နေကြတာချည်ပဲ။
ဘဝကောင်းချင်
ကံဟောင်းပြင်တဲ့။
ကိုယ်လုပ်နေတာက
မကောင်းမှန်းသိသိကြီးနဲ့
ဆက်လုပ်နေမိရင်
ဘယ်တော့မှ မင့်အတွက်
ကံကောင်းခြင်းကဖြစ်လာမှာ
မဟုတ်ဘူး။
သူ့အမှား ကိုယ့်အမှားတွေ
လိုက်ဝေဖန်နေရင်းက
ချနင်းနေရင်က
ရုန်းထနိုင်ဖို့ကြိုးစားနေကြရတာပါ။
ဘယ်သူမပြု မိမိမှု
ကိုယ့်ရဲ့အဆင်မပြေမှုတွေ
အခက်တွေ
ဝမ်းနည်းခြင်းတွေ
အလိုမပြည့်ခြင်းတွေ
ဆင်းရဲဒုက္ခတွေဆိုတာ
ကိုယ်တိုင်ပြုလုပ်နေလို့
ကိုယ်တိုင်ခံစားနေရပါပဲ။
ခံစားမှုမရှိတဲ့ လူသားဆိုတာ
ကမ္ဘာမှာ ရှားပါတယ်
သူ့ခံစားချက် ကိုယ့်ခံစားချက်
မတူညီကြတာကိုပဲ
အမျိုးမျိုးဖြစ်နေတာပါ။
လဲကျရင် ရုန်းထ
မုန်းနေတာထက်စာရင်
ပြုံးနေတာက
ပိုကောင်းပါတယ်။
ဘဝဆိုတာ
ဘယ်လိုမှ ဘယ်တုန်းကမှ
ပြီးပြည့်စုံခဲ့တာမရှိဘူး။
အလိုမပြည့်တဲ့ ဘုံဓလေ့မှာ
ကြုံတွေ့နေရတာချည်ပါပဲ။
လွယ်လွယ်နဲ့တော့
ဘယ်အရာကမှ ဖြစ်နေတာမဟုတ်ဘူး။
ကိုယ်မကောင်း ကိုယ်ခံ
ကိုယ်ကောင်း ကိုယ်စံ
လောကဓံ မျဉ်းပြိုင်ကြားမှာ
မင်းနိုင်ဖို့ဆိုရင်
ဘာဖြစ်ဖြစ် အားတင်ထားဖို့လို့တယ်။
အားတင်းထားပါ
အမှားမကင်းလူသားမှာလဲ
အမှန်တရားဆိုတာတော့
တစ်နေ့ရှိလာအုံးမှာပါ
#ℂ𝕣𝕖𝕕𝕚𝕥_𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝_𝕎𝕣𝕚𝕥𝕖𝕣
Comments
Post a Comment