Skip to main content

ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်

 ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်

=======================


၁။ ဘဝမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို

လုပ်ပါ။



၂။ ဝင်ငွေ နဲ့ထွက်ငွေ အချိန်ဇယားရေးဆွဲပါ"

အလုပ်ဟု၍ ဂုဏ်ရှိစွာ………


၃။ အသက်ငယ်ရွယ်အချိန်မှာ ကိုယ့်ကိုယ်ဖိဖိစီးစီးခိုင်းပါ။ အပျော်အပါး လိုအပ်တာထက် မမက်မောမိပါစေနဲ့


၄။ ကိုယ်ရှားဖွေးနိုင်တာထက်ပို လို့ ငွေကိုမသုံးဖြုံန်းမိပါစေနဲ့


၅။ ငွေဆိုတာ ဒုတိယ ဘုရားသခင်ဆိုတာ ယနေ့ခေတ်မှာ သိသာ မြင်သာ ထင်ရှားနေမိတယ်။


၆။ အတတ်ပညာကို လေ့လာပါ အရင်းအနှီးကို ရှားဖွေးပါ အသက် ၃၀ နှင့် ၄၀ ကြား ကိုယ်ပိုင် လုပ်ငန်းတခုခု လုပ်နိုင်အောင်ကြိုးစားပါ


၇။ တစ်သက်လုံးဝန်ထမ်းဘဝနဲ့အချိန်ကိုမဖြုံန်းပလိုက်ပါနဲ့ ကိုယ်ဦးနှောက်ကို ကိုယ့်ကိုယ်တိုင်း ခိုင်းစားပါ သူတပါး အသုံးချခံဘဝနဲ့အဆုံးမသတ်လိုက်ပါနဲ့


၈။ အားလပ်ချိန်တွေမှာ အချိန်တွေမဖြုံန်းပလိုက်ပါနဲ့ ဦးနှောက်ပင်မ အကြောစုံကြီးကို ရေပုံမှန်လောင်းပေးပါ ဘဝအတွက် အဖိုးတန်စာပေများများဖတ်ပေးပါ။


၉။ အချိန်နဲ့ကိုက်ညီစွာ ဘဝကိုအသုံးပြုပါ။

အချိန်ဆိုတာ လူကိုမစောင့်ဘူး လူက အချိန်ကို ပြန်မစောင့်မိပါစေ နဲ့


၁၀။ အောင်မြင်နေတဲ့ သူတိုင်းက အချိန်ကို တန်ဖိုးထားကျတယ် အချိန်ကို လေးစား ကောင်းမွန်းစွာ အသုံးပြုနိုင်ကျတယ်။


၁၁။ အချိန်ဆိုတာ ဘဝအောင်မြင်ရေးအတွက်

တန်ဖိုး ရှိတဲ့ အဖိုးတန်ပါပဲ။


၁၂။ စည်းကမ်းရှိပါ"လိုက်နာပါ" ကျင့်သုံးပါ"

လုံးလ ဝရိယ ဇွဲ ရှိပါ ကြိုးစားပါ။ အောင်မြင်သူတွေကို လေ့လာပါ မှတ်သာပါ


၁၃။ ဥပမာ…… အနုပညာသမား ကမ္ဘာကျော် ဘောလုံးသမားကြီးတွေကို အားမကျပါနဲ့သူတို့ရဲ့အောင်မြင်မှုက မတည်မြဲပါဘူး တချိန်ထိုး တက်သွားနိုင်ပေမဲ့ အချိန်တိုးအတွင့်လဲ ဖြုတ်ကျလာ

နိုင်ပါတယ်။


၁၄။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုတချက်ကြည့်ပါ သင်ခန်းစာဆိုတာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ ရှိနေတတ်တယ်။


၁၅။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ တိုးတက်နေတာလဲ မြင်ရမယ် ပျက်စီးနေတာလည်း မြင်တွေနိုင်ပါတယ် အဲ့ဒါ သင်ခန်းစာတွေပါပဲ။


၁၆။ ကောင်းတာကို အတုယူပါ မကောင်းတာကိုစွန်းပစ်ပါ အဝေးဆုံးကို လျှောက်မကြည့်ပါနဲ့………

သင်ခန်းစာတွေက သင့်နဲ့အနီးဆုံးမှာပဲရှိနေတတ်တယ်။


စာပေချစ်သူတို့ဘဝအတွက်အောင်မြင်ရေး နည်းလမ်းကောင်းတွေ့ရှားဖွေးတွေရှိနိုင်ကြပါစေ………


ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်

မိတ်ဆွေတို့လည်း ဝင်ရောက်အကြံပြုစေလိုပါတယ် 


Credit

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...