Skip to main content

Posts

Showing posts from June, 2022

စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ

 စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ ▪️▪️▪️▪️▪️▪️▪️▪️▪️▪️ ヅ မာနတွေ သိပ်မထားပါနဲ့ ... မထားသင့်တဲ့ မာန်မာနက သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။ ヅ လူတွေကို အပြုံ းနဲ့ စတင်နှုတ်ဆက်ဖို့  ဘယ်တော့မှဝန်မလေးပါနဲ့ အပြုံးတွေက  တစ်ဖက်လူကို ပျော်ရွှင်စေသလို ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။ ヅ လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ  အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း  မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။ ヅ ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့ မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ အဆိုးတွေပြီးရင် အကောင်းဆုံးတွေ  တစ်ကျော့ပြန်လှည့်လာမှာပါ။ ヅ ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ အချိန်တစ်ခုကြာတော့လည်း အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ တစ်ခါပြန်ကံကောင်းလာမှာပါ။ ヅ အရေးကြီးတာက  ဘယ်အရာတွေကိုပဲဖြစ်ဖြစ်  ရင်ဆိုင်ရဲတဲ့စိတ်နဲ့  ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။ ヅ တစုံတစ်ယောက်ဆီက မျှော်လင့်ချက်တွေ ထင်သလို ဖြစ်မလာတဲ့ အခါ မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ အကြိမ်များစွာ သင် မျှော်လင့်သလို  မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ  သူ့မပေးနိုင်ဘူးဆိုတာ  သင့် နားလည်ထားဖို့ လိုတယ်။ ヅ သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊  သင့်ကိ

👉ကောင်းလိုက်တဲ့ဆုတောင်းလေ

 👉ကောင်းလိုက်တဲ့ဆုတောင်းလေး  တစ်ခါက  အလွန်ခင်တဲ့  သူငယ်ချင်းနှစ်ယောက်က  ပင်လယ်ထဲကို  သင်္ဘောဖြင့် .... ခရီးထွက်ခဲ့ပါတယ်... ဒါပေမယ့် ... မုန်တိုင်းနဲ့ ကြုံပြီး  သင်္ဘောပျက်သွားတာကြောင့်  နှစ်ယောက်လုံး ရေကူးပြီး  ကျွန်းတစ်ကျွန်းပေါ်ကို  ရောက်လာကြပါတယ်... ကျွန်းပေါ်ရောက်တော့  သူတို့ ... သူငယ်ချင်း နှစ်ယောက်  ဘယ်သူ ... ပိုကံကောင်းတယ်ဆိုတာ  သိရအောင် ... ကျွန်း တစ်ခြမ်းစီမှာ  သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်... ပထမနေ့မှာ  တစ်ယောက်က ... အစားအသောက်ရဖို့  ဆုတောင်းတော့ ... ! သစ်သီးပင်တစ်ပင်ကို  သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါတယ်။  ကျန်တစ်ယောက်ကတော့  သစ်သီးပင်မတွေ့တာကြောင့်  ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်... နောက်နေ့မှာ ... ပထမတစ်ဦးကပဲ  ဆုတောင်းတိုင်း .... ! ရရှိနေပါတော့တယ်။  မိန်းမအဖော်လိုချင်တယ်လို့ ဆုတောင်းတော့ ... သင်္ဘောပျက်ပေါ်က  အမျိုးသမီးတစ်ယောက်က  သူ့ကျွန်းဘက်မှာ  ရောက်လာပါတယ်။  အဲလိုပဲ ... အ၀တ်အစားတွေကို  အစားအသောက်တွေပါ  သူဆုတောင်းတိုင်း ရရှိပါတယ်...  နောက်ဆုံးတော့ ... သူက .... သင်္ဘောတစ်စီးဆုတောင်းပြီး  ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။  သင်္ဘောတစ်ကယ်ပဲ ရောက်လာတော့  သူရယ် ... သူ့အဖော်အမျိုးသမီး

မိဘမရှိတော့မှ နောင်တမရနဲ့

 မရှိတော့မှ နောင်တမရနဲ့ ('ဖတ်ကြည့်နော်) ============== မိဘတွေရဲ့ တန်ဖိုးက ဘယ်လောက်ထိ ကြီးသလဲဆိုတာ ရှိနေတုန်းမှာ သတိမထားမိပေမဲ့ မရှိတော့တဲ့ အချိန်ကြမှ တန်ဖိုးကြီးမှန်း သိကြတာက များပါတယ်။ သား သမီးတွေ အတွက် အမြဲတမ်း စဉ်းစားပေးတတ်တာ မိဘတွေပါ။ ကိုယ် ငတ်ရင်သာ အငတ်ခံမယ်။ သား သမီးတွေ အတွက်တော့ မရှိ ရှိတာလေးနဲ့ ဝအောင်ကျွေးပြီး ရှိတာလေးနဲ့ လုံအောင်ဆင်တာ မိဘတွေပါပဲ။ ကိုယ် ပညာမတတ်လို့ အလုပ်ကြမ်းတွေ လုပ်နေရတာမျိုး၊ လမ်းဘေး စျေးရောင်းနေရတာမျိုးတွေကို နမူနာပြပြီး ပညာမသင်ချင်တဲ့ သား သမီးကို  ပညာသင်ချင်စိတ် ဖြစ်လာအောင် ပြောပြတတ်တာမျိုးပါ။ သား သမီးတွေဆီက ဘာမျှော်လင့်ချက်မှ မထားဘဲ ပေးဆပ်သူတွေ အဖြစ်နဲ့ ကျေနပ် ပီတိဖြစ်နေတတ်တာ မိဘတွေပါပဲ။ အတောင်စုံလို့ သားမယား ရသွားပြီး မိဘအရိပ်က ထွက်ခွာသွားခဲ့ကြပေမဲ့ မိဘတွေကတော့ ကိုယ့်သား သမီး အဆင်ပြေနေရင် ပြီးတာပါပဲ ဆိုပြီး တွေးပေးနေတတ်တာမျိုးပါ။ ဒါကြောင့် မိဘတွေရှိတုန်းကို တန်ဖိုးထားပါ။ ကိုယ် အသက်ကြီးလာတဲ့အထိ အမေ အဖေလို့ ခေါ်ခွင့်ရနေသေးတယ် ဆိုရင် သင်ဟာ သိပ်ကို ကံကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်း ကိုယ့်မိဘကို ပြုစုချင်တိုင်း ပြုစုခွင့် မရကြပါဘူး။ သင်က မိအို ဖ

"နွံ"

 "နွံ" လူလည်ကျလို့ရတယ် အခြေနေပေးနေတယ် ဆိုရင်ပေါ့ ... လူပါးဝလို့လည်း ရသေးတယ် အခြေအနေက ကိုယ့်ဘက်ရှိနေသေးတယ် ဆိုရင်ပေါ့... အခြေအနေဆိုတာကြီးက မင်းကို ကျောခိုင်းသွားတဲ့အချိန်ဆိုရင် ... မင်းအရိပ်တောင် မင်းဘက်မှာ ရှိတော့မှာ မဟုတ်ဘူး ... ဆင်ခြင်တုံတရားဆိုတာ မရှိရင် အကျနာတယ်ဆိုတာထက် အဆတစ်ရာ မကပါဘူး ... မိုက်တွင်းဆိုတာ နက်လေ မှောင်လေပဲ .... WPH

``ခွင့်လွှတ်တတ်အောင်သင်ယူပါ´´

 ``ခွင့်လွှတ်တတ်အောင်သင်ယူပါ´´ ☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️ ☘️ရင်ဘက်ကြီးနဲ့ နေရာတကာမှာ လိုက်ခံစားပေးလို့ ထင်မယ် တစ်ချို့အရာတွေက တန်ဖိုးရှိပေမယ့် တန်ဖိုးမသိလို့ တန်ဖိုးမဲ့နေရတယ်။ ☘️တန်ရာ တန်ရာပဲ ကောင်းတယ်ဆိုပေမယ် တစ်ချို့အရာတွေကိုတော့ ဥပေက္ခာမပြုရက်ဘူး ဘာကြောင့်လဲဆိုတော့ နှလုံးသားရှိသူတိုင်းက(တစ်ချို့တွေမပါ) ကိုယ်ချင်းစာတတ်ကြတယ်လေ။ ☘️ငါဆိုတဲ့အတ္တနဲ့ နေရာတကာမှာ နေလို့တော့ဘယ်ဖြစ်မလဲ အချိန်တန်ရင် ကိုယ်ပိုင်ဆိုင်သမျှမပြောနဲ့ ကိုယ့်ခန္ဓာတောင်ထားခဲ့ကြရမှာပါ။ ☘️လူတစ်ချို့ကို ခွင့်လွှတ်ပေးပြီး တစ်ချို့ကိုတော့ ဥပေက္ခာပြုထားလိုက်ပါ စိတ်ငြိမ်းချမ်းရာအရပ်ဆိုတာ ကိုယ်တိုင်ကမအေးချမ်းရင် ဘယ်မှာမှ ရှာတွေ့မှာမှမဟုတ်တာ။ ☘️မျက်နှာဖုံးတွေနဲ့ဟန်ဆောင်ကောင်းမှ လူရာဝင်တဲ့ခေတ်မှာ လူတိုင်းကိုယ့်အပေါ်ကောင်းနိူင်မယ်လို့ မထင်ပါနဲ့ ကိုယ်ကောင်းနေသရွေ့တော့ ကောင်းနေမှာပါပဲ ဒါကြောင့်  ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်က ကောင်းနိူင်အောင်ကြိုးစားပါ။ ☘️နေရာတကာမှာ ရင်ဘတ်ကြီးနဲ့ခံစားပြီး အရာအားလုံးကို စိတ်ထဲနှစ်ထားတာတွေလျော့ချပြစ်ပါ ကိုယ့်အတွက်ရော သူ့အတွက်ပါ ဘာအကျိုးမှ မရှိရင် အတွေးတွေကအစ သိပ်လေးလေးနက်နက် မတွေးပါနဲ့။ ☘️ကိုယ်မရ

ဘယ်လို​တွေးပြီး ခံစားမှာလည်း

 ဘယ်လို​တွေးပြီး ခံစားမှာလည်း ----------------------------- ဒီက​နေ့ ဘာ​တွေ ခံစား​နေရသလည်း ဒီက​နေ့ ဘာ​တွေ ​တွေး​မိနေသလည်း ကိုယ့်ခံစားချက်​တွေ ကိုယ့်အ​တွေး​တွေကပဲ ကိုယ့် အနာဂါတ်ကို ဖန်တီး​နေတယ်ဆိုတာ  သတိထားရမယ်။  ဦး​နှောက်က အ​တွေးနဲ့  ခန္တာကိုယ်က ခံစားချက် တစ်ထပ်ထဲ ကျသွားတဲ့အချိန် Enegry တစ်မျိုးထွက်ပါတယ်၊  Energy အားလုံးဟာ Vibration ရှိတယ်၊ Vibrationအားလုံးမှာ  Frequency  ရှိပါတယ်။ မရှိခဲ့တာ​တွေ၊ မဖြစ်ခဲ့တာ​တွေ ၊ စိတ်ညစ်စရာ​တွေကို  ခနခန​တွေးမိ​ချိန်မှာ ဖြစ်​နေတဲ့  Frequency​ ကြောင့်ပဲ ပိုပြီး​တော့ မရှိ၊ ပိုပြီး​တော့ မဖြစ်၊  ပိုပြီး​တော့ စိတ်ညစ်နေရတာနော်။ ။ -------------------------------- နိုက်

ပျော်အောင်ပဲ နေခဲ့ပါတယ်

 ပျော်အောင်ပဲ နေခဲ့ပါတယ် ``````````````````````````````````` ဒီခုနှစ်တွေဟာ  ဘဝမှာ အခါးသီးဆုံးလို့တောင် ဆိုလို့ရတဲ့ ခုနှစ်တွေပါ မပျော်ရွှင်စရာတွေချည်းပဲ များစွာ ကြုံတွေ့ခဲ့ရတယ် ဒါတွေဟာ ခဏပါ တစ်နေ့တော့အဆင်ပြေသွားမှာပါလို့ ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရင်းနဲ့ ကြိတ်မှိတ်ပြီး ဖြတ်သန်းခဲ့တာလည်း ဒီယနေ့ထိဆို ရက်စွဲပေါင်း တော်တော်ကြာခဲ့ပေါ့ ခံနိုင်ရည်ရှိလို့ မဟုတ်ပေမဲ့ ခံနိုင်ရည်ရှိအောင် နေခဲ့ရတယ် ပျော်နေတာ မဟုတ်ပေမဲ့  ပျော်အောင်ပဲ နေခဲ့ရတယ် ဘာပဲဖြစ်ဖြစ် ပြိုလဲလို့မဖြစ်သေးဘူးဆိုတဲ့  စိတ်တွေနဲ့ပဲ ရှေ့ဆက်ပြီးရှင်သန်ခဲ့ရတယ် ဖြစ်နိုင်ရင်  ဟိုးတုန်းကနေ့ရက်တွေကို ပြန်သွားချင်တယ် နောက်ပြီး တန်ဖိုးထားချင်တယ် အရင်က ကိုယ့်အနားမှာ တရင်းတနှီးရှိခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့လည်း ​ပြန်ပြီးဆုံဆည်းချင်တယ် တကယ်ပါ ဒီနှစ်တွေဟာ ဘဝမှမကြုံစဖူး ကြုံခဲ့ရတဲ့  အမွန်းကြပ်ဆုံး နေ့ရက်တွေပါ ဝန်ခံရရင် အဝေးဆုံးကို ထွက်ပြေးသွားချင်တာ ဒါပေမဲ့  အရှုံးပေးလို့မဖြစ်ဘူးဆိုတဲ့ စိတ်တွေနဲ့ပဲ ကိုယ့်ဘဝကိုယ်​ ပျော်အောင်ပဲ နေခဲ့ပါတယ် !! #ပုရစ်

အစွဲလမ်းသိပ်မကြီးပါနဲ့

 အစွဲလမ်းသိပ်မကြီးပါနဲ့ လူတွေကအချိန်တိုင်း ပြောင်းလဲတတ်တော့ သံယောဇဉ်ကြီးတဲ့သူ  အစွဲလမ်းကြီးတဲ့သူက ပိုပြီးနာကျင်ရတယ်။ တစ္ခုခုဆို မျှော်လင့်ချက်တွေ လူတိုင်းအပေါ် မထားမိပါစေနဲ့ ကိုယ်ထင်သလိုဖြစ်မလာနိူင်တဲ့အခါ ကိုယ်ပဲပိုနာကျင်ရပါမယ်။ ပြတ်သားသင့်တယ်ထင်ရင် ပြတ်သားပါ မပြတ်သားနိူင်တဲ့အခါ အကြိမ်ကြိမ် နာကျင်ရမှာက ကိုယ်တိုင်ပဲမဟုတ်လား? #CRD

လူတွေက ... မာယာသိပ်များတယ်

 လူတွေက ... မာယာသိပ်များတယ် ကလေးရဲ့ စုံလုံးကန်းပြီး မယုံနဲ့ တချို့လူတွေက  ယုံကြည်ရလောက်တဲ့အထိ  မထိုက်တန်တတ်ကြသလို တချို့တွေက  မျက်နှာအစစ်အမှန်တွေကို မျက်နှာဖုံးအောက်မှာ  ဖုံးထားတတ်ကြတယ် ။ နေရာတကာ လိုက်ပြီးတော့ ခံစားမနေနဲ့ ကလေးရဲ့ တချို့လူတွေက ကိုယ့်လို တွေးတတ်တာ  မဟုတ်ဘူးလေ  ကိုယ်နဲ့ ယှဥ်ပြီး ခံစားလို့မရဘူးလေ။ အရမ်းအားမနာနဲ့တော့ ကလေးရဲ့ မကြာခဏနဲ့  ခက်ခဲပြီးသွားပြီမဟုတ်လား မကြာခဏလဲ  အလိမ်ခံရပြီးပြီမလား တော်ပြီလေနော် ... အနည်းဆုံးတော့ ဆင်ခြင်သင့်ပြီလေနော် ။ #credit 

လွမ်းတယ်

 လွမ်းတယ်။ ကျနော့်ကို ပျော်စေခဲ့တဲ့ လူတချို့ကို ကျနော့်ကို နွေးထွေးစေခဲ့တဲ့ ရပ်ဝန်းတစ်ခုကို ကျနော့်မွန်းကြပ်မှုတွေကို စိတ်ရှည်လက်ရှည် ပြောပြလို့ရခဲ့ဖူးတဲ့ ရင်ဘတ်တွေကို ကျနော်ပြိုလဲချိန်တိုင်းမှာ ဆွဲထူပေးခဲ့တဲ့ လက်တွေကို  ကျနော်....လွမ်းတယ်။ #Trauma

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ စာနာတတ်ခြင်း ရှိတဲ့သူက ပိုပြီး လူသားဆန်တယ်

❤  ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ  စာနာတတ်ခြင်း ရှိတဲ့သူက  ပိုပြီး လူသားဆန်တယ်  ❤  မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ  လူကိုလူလို ဆက်ဆံ တတ်တဲ့သူက  ပိုပြီး လူသားဆန်တယ်    ❤  လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ  အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့  ဘက်ခြမ်းက  ပိုပြီး လူသားဆန်တယ်  ❤  အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ  ကိုယ်ကျိုးအတွက် သိက္ခာကို  ချနင်းနေသူထက်  အများအကျိုး အတွက်  အသက်ကို စတေးရဲ သူတွေက  ပိုပြီး လူသားဆန်တယ်  ❤  ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ  စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက  ပိုပြီး လူသားဆန်တယ်  ❤  ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ  ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက  ပိုပြီး လူသားဆန်တယ်  ❤  အရှက်တရား မရှိသူတွေက  ပြောချင်ရာပြောတတ်တယ်  လူသားမဆန်တဲ့သူတွေက  လုပ်ချင်ရာလုပ်တတ်တယ်  ဒါပေမယ့်....။  ❤  ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ  ကိုယ့်အကျိုးအတွက်  တစ်ခြားသူတွေကို  ထိခိုက်နစ်နာအောင်  မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက  ပိုပြီး လူသားဆန်ပါတယ်... ။ crd

ဘဝမှာ သူများအသုံးချခံ လူမဖြစ်စေဖို့အတွက် အဓိကကျတဲ့ အချက်(၅)ချက်

 ဘဝမှာ သူများအသုံးချခံ  လူမဖြစ်စေဖို့အတွက် အဓိကကျတဲ့ အချက်(၅)ချက်ကို ရှောင်ပါ.... (1)သူတပါးအပေါ် သနားတတ်လွန်း     တဲ့စိတ်ကိုလျော့ပါ...   ငါသာလျှင် သူ့နေရာမှာဆိုတဲ့စိတ်နဲ့  လူတိုင်းအပေါ် သနားတတ်တဲ့     လူတွေကပဲ အမြဲတမ်း  အဲ့ဒီစိတ်ကြောင့် သူတပါးရဲ့ အသုံးချခံအဖြစ်နဲ့ ဘဝမှာ ရှင်သန်နေရတတ်ပါတယ်။ ဒါကြောင့် လူတိုင်းအပေါ် မျှတစွာ တွေးပေးပြီး သနားကြင်နာတတ်ခြင်းက လူတချို့အတွက် လိုအပ်ချက်တခု ဆိုပေမယ့် လူတချို့အတွက် သင့်ရဲ့သနားတတ်တဲ့စိတ်ကို ဟန်ဆောင်မျက် နှာဖုံးနဲ့ချနင်းသွားမယ့် လူတွေရှိနေတတ်ကြပါတယ်။ (2)ကိုယ်ချင်းစာစိတ်ကို လူတိုင်းကိုမပေးပါနဲ့ ပြန်သုံးသပ်ပါ... လူတဖတ်သားအပေါ် အမြဲတမ်း ကိုယ်ချင်းစာစိတ်နဲ့ တွေးပေးတတ်တဲ့ သူတွေဟာ တခုခုဆိုရင် သူများရဲ့အသုံးချခံ အဖြည့်ခံ လူသားတွေပါပဲ... အဲ့ဒီစိတ်ကို အခွင့်ကောင်းယူပြီး ကိုယ့်သိက္ခာ ကို ချနင်းကြမယ့် သူတွေအတွက် အဓိက အားသာချက်တခုပါ။ ဒါကြောင့် လူတိုင်းအပေါ် ကိုယ်ချင်းစာနာတတ်တဲ့ စိတ်နဲ့မြင်ပေးတာကောင်းပေမယ့် ပေးသင့်တဲ့လူလား မပေးသင့်တဲ့လူလားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ (3)အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ... လူတိုင်းအပေါ် အားနာတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဘက်က ဘယ်လိ

ကိုယ့်ပိုက်ဆံကြ တန်ဖိုးရှိပြီး သူများပိုက်ဆံကြ တွင်းထဲကနှိုက်တယ် ထင်နေသူများသို့ ——

 ကိုယ့်ပိုက်ဆံကြ တန်ဖိုးရှိပြီး သူများပိုက်ဆံကြ တွင်းထဲကနှိုက်တယ် ထင်နေသူများသို့ ————👀🧐 "မင်းက အလုပ်နဲ့လေ.." "ပိုက်ဆံတွေအများကြီးရနေတာဘဲ... မင်းက ဘောစိ...။" "မုန့်ဝယ်ကျွေး....တစ်သောင်း ၊နှစ်သောင်း၊လေး.. ငါး သောင်းလောက်ပဲ။" "ဟုတ်ကဲ့.. တစ်ခုပြောချင်ပါတယ်...။"  "မှန်ပါတယ် တစ်သောင်း၊နှစ်သောင်းဆိုတာ အရမ်းမများတဲ့ ပမာဏ တစ်ခုပါ။" "ဝယ်လည်းကျွေးပါတယ်..။ ခဏခဏဆိုတဲ့အခါ..။" "ရှာတာတွေက တန်ဖိုးမရှိတော့သလိုဘဲ.။" "ကြီးကျယ်ပြောတာမဟုတ်ပါဘူး..။" "အဲ့လိုရဖို့..။ ခင်ဗျားတို့..လိုင်းလေးသုံး၊ဂိမ်းလေးဆော့ပြီး၊ကြူနေချိန်..။" "ကျွန်တော်တို့ ခြေထောက်တွေကိုက်ခဲနာကျင်တဲ့ထိ အလုပ်လုပ်နေရတယ်..။" "ခင်ဗျားတို့..အိမ်မှာ..အေးဆေးနှပ်နေချိန်၊ ကျွန်တော်တို့ နေပူမရှောင်မိုးရွာမရှောင် အလုပ်သွားလုပ်ရတယ်..။" "ကိုယ်မှားမှား၊မှန်မှန် ဒေါသတွေထိန်းရတယ်၊ အရာရာကိုသည်းခံပြီး..နေရတယ်။" "ခင်ဗျားတို့.. သီးချင်းလေးနားထောင်ရင်း၊စားချင်တာတွေစားနေချိန်..၊" "ကျွန်တော်တို့ ဗိုက်ဆာနေလည်း နားချိန်ရောက်တဲ့ထိအစာ

ကိုယ့်ဘဝလည်းလှဘို့လိုတယ်၊ ​လောကလည်း လှဘို့လိုတယ်

  ကိုယ့်ဘဝလည်းလှဘို့လိုတယ်၊ ​လောကလည်း လှဘို့လိုတယ် ------------------------------------------------------ နိုက် လူ​တွေမှာ အကန့်အသတ်မဲ့ စွမ်းအင်​တွေရှိ​နေတယ်၊ ရှိတယ်ဆိုတာ မသိ​တော့ ​ဖော်ထုတ်ဘို့ခက်​နေကြတာပါ။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ၊ အားနည်းချက် တွေရှိ​နေရင်​တောင်  စိတ်စွမ်းအားနဲ့ ​ကျော်လွှားလို့ရတယ်။ သို့​သော် စိတ်အ​ကြောင်းကိုနားမလည်ရင်​တော့  အဲ့ဒိစိတ်ကပဲလူ​တွေရဲ့ အကြီးမားဆုံး အတားအဆီး  ဖြစ်သွားတတ်တယ်။ ဦး​နှောက်က အတိတ်က အဖြစ်အပျက် အ​ကြောင်းအရာ​တွေအားလုံး လက်ရှိ ဖြစ်ပျက်​နေတာ​တွေအားလုံးကို အကုန်မှတ်ပြီး​တော့ လိုအပ်တဲ့အခါ(သို့)တိုက်ဆိုင်လာတဲ့အခါ တွန်းထုတ်​ပေးပါတယ်။ ဘယ်​လောက်ထိ မြန်လဲဆိုရင်  သိစိတ် level နဲ့​တောင်  Register လုပ်လို့ မရနိုင်ပါဘူး။ အဲ့ဒိ​တော့ အ​ရေးကြီးတာက ကိုယ့်ဦး​နှောက်က ဘာ​တွေ မှတ်​နေလည်းဆိုတာပါ။ အာရုံ ငါးပါးကို ထိ​တွေ့ တာ​တွေအားလုံးဟာ Positive​ တွေများပါမှ တွန်းထုတ်​ပေးတဲ့အရာတွေကလည်း  Positive ​တွေ ဖြစ်မယ်။ တွန်းထုတ်​ပေးတဲ့ အရာ​တွေ Positive ဖြစ်ပါမှ ကိုယ့်ဘဝလဲလှမယ် ​လောကလည်း လှမယ်​နော်။ ။ -----------------------------------------------

အဆုံးသတ်တွေကို ကြိုသိနေပြီပဲ

 အဆုံးသတ်တွေကို ကြိုသိနေပြီပဲ ... ရပ်နေလိုက်တာ အဆင်ပြေပါတယ် ။  ဒီစကားကို လွယ်လွယ်ကူကူလေး ပြောတတ်ခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ မျက်ရည်တွေနဲ့ကော ရှိုက်သံတွေနဲ့ကော ရောပြီးပြောနေမိတာ ။ ကျွန်မတို့နှစ်ယောက် ပုံစံတွေ မတူဘူးဆိုတဲ့ အဖြေတွေကို အစောကြီးက သိပေမယ့် ကျွန်မ ကြိုးစားရင် ဖြစ်နိုင်မှာဆိုတာထက် ဖြစ်ကို ဖြစ်လာရမှာဆိုတဲ့ အသိတွေနဲ့ ကြိုးနေမိတာ ။ တစ်ခုခုဆို စိတ်ကော ကိုယ်ကော နှစ်ထားတတ်တော့ တစ်ခုခုဆို သေလောက်အောင် ပင်ပန်းရတာပဲ မဟုတ်လား ။  ကျွန်မ ... ရှင့်ကိုချစ်တယ် ။ အဲ့ဒီအနောက်မှာ အတူတူကြိုးစားရင် ဖြစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်မတစ်ဖက်ကတည်းက ကြိုးစားနေမိတာ ။ တားနေတဲ့ကြားက ကျွန်မက ဇွတ်တိုးခဲ့သလောက် ကျွန်မကို မကြည်ဖြူတဲ့ရပ်၀န်းမှာ ရှင်က ပျော်တယ်လေ။ ရုန်းထွက်ဖို့လဲ မကြိုးစားသလို ကျွန်မကို ငဲ့ကွက်ဖို့လဲ မကြိုးစားဘူး ။ နီးဖို့တတ်နိုင်တာထက်ပိုပြီး ကျွန်မ ကြိုးစားကြည့်ပြီးသွားပြီ ။ ဒါပေမယ့် အချိန်တွေ နောက်ထပ် ကြာသွားရုံပဲရှိတော့မှာလေ ။ ဒီပုံစံပဲ ထပ်ပြီး ဖြစ်နေဦးမယ်ထင်ပါတယ် ။  မိန်းကလေးတန်မဲ့လေ... ရှင်နဲ့ နီးဖို့ အများကြီး ပင်ပန်းခဲ့ရတာ ... ဒါပေမယ့် ကျွန်မ အလှမ်း ၉၉လှမ်းလောက် လှမ်းခဲ့ပြီးတာတော

❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞

❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞ (၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။ ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ  ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။ (၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။ ဘယ်နေရာရောက်ရောက် ရိုးသားပါ။ ဘာလုပ်လုပ် ရိုးသားပါ။ ဘာပြောပြော ရ်ိုးသားပါ။  ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။ ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့  ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။ ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့  ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။ (၃) ဘာမှမသ်ိရင် အောက်ကျို့ရတယ်။  ဒါကြောင့် သိအောင် လေ့လာပါ။ ဘာမှမရှိရင် မျက်နှာငယ်ရတယ်။  ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။  ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။ (၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။ ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။ မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက် မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက ပိုများပါတယ်။ (၅) လိုအပ်နေမှန်းသိရင် တစ်ချို့က ထွက်သွားချင်တယ်။ လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။  ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။  တချို့က အများကြီးချစ်တာနဲ

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင် ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

 အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင် ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။ စည်းလုံးမှုကို သိချင်ရင်တော့ ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။ လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့ ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။ လူမှုအဆင့်အတန်းကိုသိချင်ရင် အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။ စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့ စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမြုကို ကြည့်နိုင်ပါတယ်။ ယဉ်ကျေးမှုကို သိချင်ရင် ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။ အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့ မီးဖိုချောင်ကို ကြည့်ပါ။ မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့ အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။ ဒါ တကယ့်ကို အမှန်တရားတွေပါ။။ Credit_Original Writer                            #𝑼𝑪_ဦးစည်

မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတက်တယ်။

 မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတက်တယ်။ လွယ်လွယ် နဲ့  ရမှန်းသိရင် ကိုယ့်ကို အမြဲအသုံးချလိမ့်မယ်။ ကူညီတက်မှန်းသိရင် စေတနာကို စော်ကားလိမ့်မယ်။ အားနာတက်မှန်းသိရင် အနိုင်ကျင့် ချင်ကြလိမ့်မယ်။ ပျော့ညံမှန်းသိရင် ဖိနှိပ် ချင်ကြလိမ့်မယ်။ ကိုယ့်အပေါ် မကောင်းရင် ကိုယ်ကလည်း မကောင်းယုံပဲ။ အစစ အရာရာမှာ သည်းမခံပါနဲ့။ အားမနာပါနဲ့ ။ တော်ရုံပဲကောင်းပါတယ်။ ဘာလို့ဆို......... လူတွေက သူတို့နဲ့ တန်ရာတန်ရာပဲ ကောင်းတယ်။   #Juu-ဂျူး💜

မင်းနဲ့ နီးချင်တယ် ဒါမှမဟုတ် မင်းနဲ့ ဝေးချင်တယ် ။

 မင်းနဲ့ နီးချင်တယ် ဒါမှမဟုတ် မင်းနဲ့ ဝေးချင်တယ် ။  ဆုတစ်ခုပဲတောင်းပါဆိုရင်လေ မင်းနဲ့ နီးချင်တယ်ဆိုတဲ့ ဆုတစ်ခုကိုပဲတောင်းချင်တယ် တကယ်လို့ လုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေတွေရလာရင်လဲ ဘယ်တော့မှ မဆုံနိုင်အောင် ဝေးချင်တယ်ဆိုတဲ့ ဆုတစ်ခုကိုပဲ လိုချင်မိမယ်ထင်ပါတယ် ။ ဘာကြောင့်လဲ မေးရင် ကျွန်တော်က အရမ်းကို တွယ်တာတတ်လို့ပါဆိုတဲ့ အဖြေပဲ ပေးရတော့မယ်ထင်ပါတယ် ။  မင်းကို မြင်နေရင် မင်းကို မချစ်ပဲနေနိုင်မှာလဲ မဟုတ်ဘူးလေ မင်းကိုတွေ့နေရရင် မင်းနဲ့စကားမပြောပဲ နေချင်မှာလဲ မဟုတ်ဘူးလေ မီးစိမ်းလေးတွေ တွေ့နေရရင် ကိုယ်ဟာ အပြေးလေးစကားပြောချင်နေမိဦးမှာပါပဲ ။ မင်းပျော်နေတာတွေ့ရင် သူလဲ ပျော်နေတာပဲဆိုတဲ့အသိနဲ့ မပျော်တဲ့ ကိုယ့်ကိုယ်ကိုယ် အတင်းကြီး ရီမောခိုင်းရဦးမယ် မဟုတ်လား ။  မင်းနဲ့လေ ... အနီးကပ်ဆုံးမှာနေချင်တယ် ။ ဘာလုပ်နေလဲလို့ မေးစရာမလိုအောင် ဘာပဲလုပ်လုပ် မျက်စိအောက်မှာ ရှိနေတဲ့အထိ ကျွန်တော် ခင်ဗျားနဲ့ နီးချင်တယ် ။ ဘာစားပြီးပြီလဲ မေးစရာတွေ မလိုအောင် ။ အဆင်ပြေရဲ့လားဆိုပြီး မေးဖို့မလိုအောင် အဆင်ပြေအောင်ထားချင်တယ် ။ မျက်ရည်ဆိုတာ မင်းပါးပေါ်မှာ ဘယ်တော့မှ မဖြတ်သန်းရလေအောင် ပျော်အောင်ထားချင်တယ် ။ အတ္တလို့ပဲထားပါ ဒါမှမဟ

လွယ်လွယ်နဲ့ရရင်...🌹 လူတွေက တန်ဖိုး မထားချင်ကြဘူး

 လွယ်လွယ်နဲ့ရရင်...🌹 လူတွေက တန်ဖိုး မထားချင်ကြဘူး ဒါကို.......မင်းသိရင်... နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့ လူတစ်ချို့ မင်းကို စွန့်ပစ်သွားတယ် ဆိုတိုင်း မင်းက တန်ဖိုး မရှိလို့ မဟုတ်ဘူး လူတစ်ချို့ မင်းအနားမှာ မပျော်တော့ဘူးဆိုတိုင်း မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး လူတစ်ချို့ မင်းကို အရေး မလုပ်တော့ဘူး ဆိုတိုင်း မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး တကယ်တော့... မင်းမေတ္တာ စေတနာ မင်းရဲ့ ပေးဆပ်မှု့ မင်းရဲ့ အလေးထားမှု့နဲ့ မထိုက်တန်သူတွေ ရှိသလို.... မင်းရဲ့ အရမ်းချစ်တဲ့ ဒဏ်ကို မခံနိုင်သူတွေလဲ ရှိတယ် လွယ်လွယ်နဲ့ ရရင် လူတွေက တန်ဖိုးမထားချင်ကြဘူး ဒါကို မင်းသိရင် နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့ စွန့်ပစ်ခံရတယ် ဆိုတိုင်း အမှိုက် မဟုတ်ဘူး ဆိုတာ နားလည် တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်လေ တစ်ခါတစ်လေမှာ... ကိုယ်နဲ့ မထိုက်တန်သူတွေ ကိုယ့်ကို အမြဲနာကျင်စေတဲ့ သူတွေကို  လောကကြီး က သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ်ပေးသွားတာလဲ ရှိတယ် ပြေးလိုက်ရတာ ပင်ပန်းသလို ဆွဲထားရတာလဲ ပင်ပန်း တာပါဘဲ အဲ့တော့.... မနေချင်တဲ့ သူတွေကို သွားခွင့်ပြုလိုက် နေချင်သူတွေကိုတော့ သူသဘော အတိုင်းရှိစေ သူတို့ ဆုံးရွုံးသြားတာက ဂရုစိုက် ပေးဆပ်ပြ

မိန်းကလေးတွေ_ရွဲ့ပြောတတ်တဲ့ စကားအတည့်လေးတွေ

 မိန်းကလေးတွေ_ရွဲ့ပြောတတ်တဲ့        စကားအတည့်လေးတွေ          #လာမခေါ်နဲ့!       အဲတာခေါ်ခိုင်းတာ        မခေါ်ပဲနေကြည့် သေအောင်စိတ်ဆိုးတယ်😐 #အေးးးရတယ်လေ!      အဲတာ မရဘူးးး ကြည့်နေ       ငါပြဿ နာ ရှာပြမယ် အဲ့လို 😐 #ပြီးတာပဲ!      အဲ့တာ မပြီးဘူး မကျေနပ်လို့ပြောတာ      ခဏနေ သူပြန်ရွဲ့တော့မှာ 😐 #ဘာတစ်ခွန်းမှလာမပြောနဲ့!      အဲ့တာကောက်သွားတာ      အမြှုပ်ထွက်အောင် သွားရှင်းပြ      ပြောနိုင်မှတော်ကာကျမှာ 😐 #ကြိုက်တာသာလုပ်!       ဘာမှသွားမလုပ်နဲ့        အဲ့တာသူ ပြဿနာရှာဖို့အဆင်သင့်ပဲဆိုတဲ့သဘော😐 #ငါ့ကို_အဖက်လာမလုပ်နဲ့!    ပစ်ထားတာများသွားပြီ       သေချာပြန်ဂရုစိုက်ပေး ဆိုတဲ့သဘော       အနီရောင်အဆင့် ရှော့ရှိတယ်😐 #နင်ဘာလုပ်လုပ်_ငါဂရုမစိုက်ဘူး!      အဲ့တာ သူဂရုစိုက်တယ်       တော်တော်စိုက်တာ       မျက်စိထောက်ထောက်ကြည့်နေတာ      တစ်ချက်မမှားနဲ့ရစ်ပလိုက်လို့နားကားသွားမယ် #နင့်သဘောနဲ့နင် !       အဲ့တာသူ့ဆီအရင်ခွင့်တောင်းခိုင်းတာ       ဘယ်နေရာလဲ ဘာကိစ္စလဲ ဘယ်သူနဲ့လဲ $?&?       အဲ့လို မေးခွန်းပေါင်းများစွာ မေးပီး        အစစ်ဆေးလာခံခိုင်းတာ😐 #ကောင်းပီလေ!       မကောင်းဘူး တော်တော်မကောင်းတာ  

မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတက်တယ်။

 မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတက်တယ်။ လွယ်လွ ယ် နဲ့  ရမှန်းသိရင် ကိုယ့်ကို အမြဲအသုံးချလိမ့်မယ်။ ကူညီတက်မှန်းသိရင် စေတနာကို စော်ကားလိမ့်မယ် အားနာတက်မှန်းသိရင် အနိုင်ကျင့် ချင်ကြလိမ့်မယ်။ ပျော့ညံမှန်းသိရင် ဖိနှိပ် ချင်ကြလိမ့်မယ်။ ကိုယ့်အပေါ် မကောင်းရင် ကိုယ်ကလည်း မကောင်းယုံပဲ။ အစစ အရာရာမှာ သည်းမခံပါနဲ့။ အားမနာပါနဲ့ ။ တော်ရုံပဲကောင်းပါတယ်။ ဘာလို့ဆို......... လူတွေက သူတို့နဲ့ တန်ရာတန်ရာပဲ ကောင်းတယ်။   #Juu-ဂျူး💜

Good Night ပါ မေ...

 Good Night ပါ မေ... မျက်လုံးလေးကို  ဖွဖွလေးမှိတ်ပါ  ငိုနေတဲ့ မျက်ရည်တွေကို သုတ်ပါ ပြီးတော့လေ တွေးနေတဲ့ အတွေးတွေ ရပ်ဖို့ သင့်ပြီမေ  ညဆိုတာ ... ငိုဖို့မှ မဟုတ်ပဲလေ ညဆိုတာ ... မနက်ခင်းတွေကို အလှဆုံးကြိုဖို့ နားရမယ့် အချိန်တွေ မဟုတ်လား တစ်နေ့လုံးလဲ ပင်ပန်းထားပြီးပြီလေ  တစ်နေ့လုံးလဲ ဟန်ဆောင်ထားခဲ့ပြီးပြီ နားသင့်ပြီလေ မေ ... လာပါ ... တစ်လောကလုံးက နားမလည်ပေးချင်နေ ကျွန်တော် နားလည်ပေးနိုင်ဖို့ ကြိုးစားမယ် တစ်လောကလုံးက အပြစ်နေပါစေ ကျွန်တော် ရှိနေနိုင်ဖို့ ကြိုးစားပေးမယ်  တစ်ခုပဲ ... ဒီနေ့တစ်ညလေးပဲ  အိပ်ချင်နေတဲ့ မျက်လုံးလေးကို အိပ်လိုက်ဖို့ပဲ ကြိုးစားစေချင်တယ် မေ ... #ကျေးကို

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  နဂရစ် ပဉ္စာလရာဇ် ................. တကောင်း  ပဌမနဂရ .............  မကွ

အဲ့ဒါက အချစ်မဟုတ်ပါဘူး...ဝဋ်ပါ

 ဖူးစာဆုံတယ်ဆိုတာ..ရေစက်တွေပါတာကြောင့်လည်းဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေ ဝဋ်ကျွေးတွေဆပ်ဖို့လည်းဆုံရတယ်တဲ့.....။ အချစ်ကပဲ နွေးထွေးစေနိုင်တာ အဲ့ကတစ်ဆင့်ပူလောင်စေနိုင်တာ....။တစ်ခါတစ်လေမှာ ကိုယ်တိုင်တောင် အဲ့လူ မကောင်းမှန်းသိရက်နဲ့ကိုယ့်အပေါ်မှာစာနာမှုမရှိမှန်းသိရက်နဲ့ ဆက်သွားနေလည်း ဘာမှကောင်းကျိုးမှမပေးမယ့်ဆက်ဆံရေးမှန်းသိရက်နဲ့ မေ့မရနိုင်တာ၊ပစ်မသွားနိုင်တာတွေရှိတယ်မဟုတ်လား...။ အဲ့ဒါက အချစ်မဟုတ်ပါဘူး...ဝဋ်ပါ...။ ဝဋ်ကျွေးတွေကုန်တဲ့နေ့ လွှတ်ချနိုင်လိမ့်မယ်...။ ကိုယ်တိုင်လည်းကြုံဖူးတယ်..ကိုယ့်အပေါင်းအသင်းတွေကြားလည်း ကြုံဖူးတယ်..။ ဒီလူဟာ ကိုယ့်အတွက် toxic personပါဆိုတာကိုသိရက်နဲ့ကို ဖယ်ခွာမသွားနိုင်တာ..။အဲ့လိုလူကလည်းကိုယ့်မပေါ်သာမကောင်းတာ ပြေးမယ်ကြံတိုင်း ဘယ်တော့မှလွှတ်မပေးဘူး..အပျော့ဆွဲလေးနဲ့ပြန်ဆွဲတာ...။ အဲ့ကျရင်သူ့ဘဝကြီးမှာ ကိုယ့်ကိုတကယ်ပဲလိုအပ်သလိုလို၊ကိုယ်ကလည်း သူငါ့ကိုချစ်တော့ချစ်ပါတယ်လို့ ထင်ချင်ရာတွေဆွဲတွေး၊ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ညာပြီး ကိုယ့်လည်ပင်းကို အထပ်ထပ်အခါခါ ကြိုးကွင်းစွပ်တာ...။ ဘေးလူတွေဘယ်လောက်ဝိုင်းတားတားမရဘူး..။ ကံမကုန်သလို..ဝဋ်တွေမကုန်သရွေ့..။မကင်းနိုင်ဘူး လွမ်းနေဦးမှာပဲ...။

ကမ္ဘာပျက်ခြင်း

 #ကမ္ဘာပျက်ခြင်း ~~~~~~~~~~~~ ဂေါတမဗုဒ္ဓဘုရား ပွင့်စဉ် အချိန်တစ်ခုက ဗုဒ္ဓနဲ့ ညီတော်အာနန္ဒာတို့ ဂိဇ္ဈကုဋ်တောင်ကို ရောက်ခဲ့စဉ်က တောင်ခြေက တီထွေးစုကြီးကို သွားမြင်တယ်။ တီထွေးတွေ များလွန်းလို့ အံ့သြပြီး ရှင်အာနန္ဒာက ဘုရားရှင်ကို ဒီ တီထွေးတွေအကြောင်း မေးလျှောက်တယ်။ ခု လူဖြစ်နေသူတွေဟာ လွန်ခဲ့တဲ့ သာသနာနှစ် (၂,၆၀၀)ခန့်က ဂိဇ္ဈကုဋ်တောင်မှာ တီထွေးဘဝနဲ့ အတူ ဆုံခဲ့ဖူးကြတယ်။ ဗုဒ္ဓက ... ❝ ချစ်သား အာနန္ဒာ၊ ဒီ တီထွေးတွေက ငါဘုရား ပရိနိဗ္ဗာန်စံပြီး သာသနာနှစ် (၅,၀၀၀)အတွင်း လူ့ပြည်မှာ လူဖြစ်ပြီး အချို့ ကျွတ်တန်း ဝင်ကြလိမ့်မယ်။ ဒီ တီထွေးတွေ လူဖြစ်တဲ့အချိန်မှာ ရုပ်ဝတ္ထုတွေက နတ်ပြည်အလား တိုးတက်မယ်။ လောဘ၊ ဒေါသ၊ မောဟတွေတော့ အားကြီးမယ်။ အချို့တွေက ငါဘုရားရဲ့ တရားတွေနာပြီး ကျွတ်တန်းဝင်ကြမယ်။ ကျန်လူများကတော့ ဒီ ဂိဇ္စျကုဋ်တောင်ခြေမှာပဲ တီထွေး ပြန်ဖြစ်မယ် ❞ လို့ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောပြ ခဲ့ဖူးတယ်။ ဂင်္ဂါဝါဠု သဲစုမက ပွင့်ပြီးတဲ့ ဘုရားရှင်တွေက သာသနာချန်တာ သိပ်မရှိပါဘူး။ ဂေါတမဘုရားရှင်သာ အခြေအနေ တစ်ခုကြောင့် သာသနာကို ချန်ခဲ့တာ … လူ့သက်တမ်း တစ်သောင်းတုန်းက ဘုရားက ပါရမီပြည့်လို့ ဘုရားဖြစ်ခွင့် ကြုံတယ်။ ပါရမီ ဖြည့်ဘက်

ဒီနေ့ ဝမ်းနည်းနေခဲ့ရင်...

 ဒီနေ့ ဝမ်းနည်းနေခဲ့ရင်... တချို့ရက်တွေမှာ အကြောင်းပြချက်တွေ ရေရေရာရာမရှိပဲ ကြေကွဲနေတတ်တာလေ ။ ဘယ်သူ့ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေ မရှိဘူး ပြီးတော့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကလဲ ရေရေရာရာ ရှိမနေခဲ့ဘူး ။ များသောအားဖြင့် အလုပ်မရှိတဲ့ရက်တွေမှာ ရာသီဥတုအေးတဲ့ ရက်တွေမှာ ပိုပြီး ဖြစ်တတ်တယ်လေ။ ဒီနေ့ ဝမ်းနည်းနေခဲ့ရင် တစ်နေရာတည်းမှာ အကြာကြီးထိုင်မနေတာက အကောင်းဆုံးပါပဲ... ငြိမ်သက်နေခြင်းတွေ တိတ်ဆိတ်နေခြင်းတွေက ဝမ်းနည်းနေမိတဲ့စိတ်ကို ငိုချင်လာအောင် လက်တို့နေသလိုပါပဲ ။  ကော်ဖီကြိုက်တတ်တဲ့ မင်းအတွက်ဆိုရင်တော့ ဒီနေ့အဖို့လေးမှာ သီချင်းအေးအေးလေးနားထောင်ပြီး ကော်ဖီကို အချိန်ဆွဲသောက်နေရမယ့် ရာသီဥတုမျိုးမဟုတ်ဘူးလေ ။ မင်းက အတွေးလွန်တတ်တယ် တစ်ခုခုကို စပြီးတွေးလိုက်တာနဲ့ မရပ်တော့တာမျိုးပေါ့ ။ ဒီနေ့မှာ... မရှိရှိတဲ့ အလုပ်လေးရှာလုပ်စေချင်တယ်... ထွေထွေထူးထူး လုပ်စရာရှိမနေတဲ့ ကိုယ့်အခန်းပဲ ဖြစ်ဖြစ် ရှင်းပေါ့ ။ ဒီနေ့က ပြတင်းပေါက်ဘေး ထိုင်ငေးနေရင် အချိန်တွေ ကုန်မှန်းမသိ ကုန်သွားလိမ့်မယ် စိတ်တွေ ညိုးမှန်းမသိ ညိုးသွားလိမ့်မယ် ။ ဒီနေ့တော့... ကိုယ့်ကိုယ် နားမလည်တဲ့သူကို နားလည်ပါဆိုတဲ့ စကားတွေ ပြောမနေတော့ပဲ

ဘဝမှာ သူများအသုံးချခံ

 ဘဝမှာ သူများအသုံးချခံ  လူမဖြစ်စေဖို့အတွက် အဓိကကျတဲ့ အချက်(၅)ချက်ကို ရှောင်ပါ.... (1)သူတပါးအပေါ် သနားတတ်လွန်း     တဲ့စိတ်ကိုလျော့ပါ...   ငါသာလျှင် သူ့နေရာမှာဆိုတဲ့စိတ်နဲ့  လူတိုင်းအပေါ် သနားတတ်တဲ့     လူတွေကပဲ အမြဲတမ်း  အဲ့ဒီစိတ်ကြောင့် သူတပါးရဲ့ အသုံးချခံအဖြစ်နဲ့ ဘဝမှာ ရှင်သန်နေရတတ်ပါတယ်။ ဒါကြောင့် လူတိုင်းအပေါ် မျှတစွာ တွေးပေးပြီး သနားကြင်နာတတ်ခြင်းက လူတချို့အတွက် လိုအပ်ချက်တခု ဆိုပေမယ့် လူတချို့အတွက် သင့်ရဲ့သနားတတ်တဲ့စိတ်ကို ဟန်ဆောင်မျက် နှာဖုံးနဲ့ချနင်းသွားမယ့် လူတွေရှိနေတတ်ကြပါတယ်။ (2)ကိုယ်ချင်းစာစိတ်ကို လူတိုင်းကိုမပေးပါနဲ့ ပြန်သုံးသပ်ပါ... လူတဖတ်သားအပေါ် အမြဲတမ်း ကိုယ်ချင်းစာစိတ်နဲ့ တွေးပေးတတ်တဲ့ သူတွေဟာ တခုခုဆိုရင် သူများရဲ့အသုံးချခံ အဖြည့်ခံ လူသားတွေပါပဲ... အဲ့ဒီစိတ်ကို အခွင့်ကောင်းယူပြီး ကိုယ့်သိက္ခာ ကို ချနင်းကြမယ့် သူတွေအတွက် အဓိက အားသာချက်တခုပါ။ ဒါကြောင့် လူတိုင်းအပေါ် ကိုယ်ချင်းစာနာတတ်တဲ့ စိတ်နဲ့မြင်ပေးတာကောင်းပေမယ့် ပေးသင့်တဲ့လူလား မပေးသင့်တဲ့လူလားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ (3)အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ... လူတိုင်းအပေါ် အားနာတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဘက်က ဘယ်လိ

🙏သူလိုရဟန်း🙏

 🙏သူလိုရဟန်း🙏 🍃စာရေးသူရဲ့ ဘဝသက်တမ်းတလျှောက်နဲ့ စာပေသမိုင်းမှတ်တမ်းများကို ဖတ်ရှု့ရသလောက် ထူးခြားတဲ့ ပါရမီရှင်ဖြစ်တဲ့ (သူလိုရဟန်း)ကို  တစ်ကြိမ်တစ်ခါမှ မတွေ့မြင်ဘူးသေးပါဘူး။ 🍃   🍃ဒါနဲ့သူလိုရဟန်းက ဘာတွေထူးခြားနေလိုလဲသူလိုရဟန်းက ဘယ်သူကို ရည်ညွှန်းတာလဲ🍃    🍃သူလိုရဟန်းမှာ အများနဲ့မတူ ထူးခြားတာက စာချစွမ်းရည်ထက်မြက်ခြင်း၊  စကားပြောစွမ်းရည် ထက်မြက်ခြင်း၊ပါဠိအရေးအပြောကျွမ်းကျင်ခြင်း၊ပရိသတ်ကို လက်ခံလာအောင် ပြောစွမ်းနိုင်ခြင်း၊ဝိနည်းတော်ကို ကျွမ်းကျင်နားလည်ပြီး ချစ်မြတ်နိုးခြင်း၊ရောင့်ရဲခေါင်းပါးစွာကျင့်ခြင်း၊ သာသနာတော်ကို လွန်စွာချစ်မြတ်နိုးခြင်း၊ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ခြင်း အစရှိတဲ့ ဂုဏ်ပေါင်းတွေ ဝန်းရံလွှမ်းခြုံနေပါတယ်။🍃  🍃အဲဒီလို စွမ်းအင်သတ္တိတွေနဲ့ ပြည့်စုံနေတဲ့  သူလိုရဟန်းဟာ ရဟန်းဖြစ်ပြီးနောက်ပိုင်းမှာ မှော်ဘီ၊ မဟာဝိဟာရကျောင်းတိုက်ကြီးမှာ သီတင်းသုံးနေထိုင်ခဲ့ပါတယ်။🍃  🍃သူလိုရဟန်း ၊ မဟာဝိဟာရသို့ မရောက်မီမှာ  ကျောင်းတိုက်မှာ ပညာရေးအားကောင်းမှု မရှိသေးသလို သံဃာပရိသတ်လည်း မများသေးပါဘူး။🍃  🍃သူလိုရဟန်းရဲ့ အထက်က ဖော်ပြခဲ့တဲ့ စွမ်းအင် သတ္တိတွေကြောင့် နှစ်အနည်းငယ်အတွင်း မဟာဝိဟာရကျောင်းတိ

အနာဂါတ်ကို ပုံဖော်ပါ

 ❝အနာဂါတ်ကို ပုံဖော်ပါ❞ ☛ 🤍🤍🤍🤍🤍🤍 လူတွေ အလိုကျ အတိုင်း လိုက်လုပ် မနေနဲ့၊ လမ်းပျောက် သွားလိမ့်မယ်။ လူတွေ ဝေဖန်တိုင်းလည်း လိုက်ခံစား မနေနဲ့၊ စိတ်ညစ် ရလိမ့်မယ်။ လူတွေ ကဲ့ရဲ့တိုင်းလည်း  ဒေါသထွက် မနေနဲ့၊ စိတ်ပူလောင် ရလိမ့်မယ်။ လူတွေ အကောင်းမမြင်တိုင်းလည်း အားငယ် မနေပါနဲ့၊ စိတ်ဓာတ် ကျတတ်တယ်။ လူတွေ မလိုအပ်ဘဲ ဘာမှ ပေးချင်မနေပါနဲ့၊ တန်ဖိုး ကျတတ်တယ်။ လူတွေရဲ့ အမှိုက်တစ်စလို  စွန့်ပစ်ခံရလည်း အထီးကျန်တယ်လို့ တွေးမနေပါနဲ့၊ ဘဝအမှောင် ကျတတ်တယ်။   👉  လူတိုင်းက        မင်းနဲ့ အတွေး မတူနိုင်ဘူး၊ 👉  လူတိုင်းက        မင်း စိတ်ချမ်းသာအောင်        လုပ်ပေးနေမှာ မဟုတ်ဘူး၊ 👉  လူတိုင်းက        မင်းကို ကိုယ်ချင်းစာ ပေးနေမှာ         မဟုတ်ဘူး။ 👉  လူတိုင်းက        မင်းကို စိတ်ဝင်စား နေကြမှာ         မဟုတ်ဘူး။ 👉  လူတိုင်းကြိုက်အောင်        မင်းနေနိုင်မှာ မဟုတ်ဘူး။ 👉  လူတိုင်းရဲ့ နှလုံးသားထဲမှာလည်း        မင်း နေရာ မယူနိုင်ဘူး။  မင်းဘဝကို မင်းပိုင်တယ်၊  မင်း အတွေးတွေကို မင်းပဲ ထိန်းချုပ်ပါ၊  မင်း လျှောက်မယ့် လမ်းကို  မင်းပဲ ရွေးချယ်ပါ။  မင်းကိုယ်မင်း ယုံကြည်မှု ရှိပါ။  မင်း စိတ်တွေ ပျော်အောင် လုပ်နိုင်တာ  မ