Skip to main content

ဒီနေ့ ဝမ်းနည်းနေခဲ့ရင်...

 ဒီနေ့ ဝမ်းနည်းနေခဲ့ရင်...


တချို့ရက်တွေမှာ အကြောင်းပြချက်တွေ ရေရေရာရာမရှိပဲ ကြေကွဲနေတတ်တာလေ ။ ဘယ်သူ့ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေ မရှိဘူး ပြီးတော့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကလဲ ရေရေရာရာ ရှိမနေခဲ့ဘူး ။


များသောအားဖြင့် အလုပ်မရှိတဲ့ရက်တွေမှာ ရာသီဥတုအေးတဲ့ ရက်တွေမှာ ပိုပြီး ဖြစ်တတ်တယ်လေ။ ဒီနေ့ ဝမ်းနည်းနေခဲ့ရင် တစ်နေရာတည်းမှာ အကြာကြီးထိုင်မနေတာက အကောင်းဆုံးပါပဲ... ငြိမ်သက်နေခြင်းတွေ တိတ်ဆိတ်နေခြင်းတွေက ဝမ်းနည်းနေမိတဲ့စိတ်ကို ငိုချင်လာအောင် လက်တို့နေသလိုပါပဲ ။ 


ကော်ဖီကြိုက်တတ်တဲ့ မင်းအတွက်ဆိုရင်တော့ ဒီနေ့အဖို့လေးမှာ သီချင်းအေးအေးလေးနားထောင်ပြီး ကော်ဖီကို အချိန်ဆွဲသောက်နေရမယ့် ရာသီဥတုမျိုးမဟုတ်ဘူးလေ ။ မင်းက အတွေးလွန်တတ်တယ် တစ်ခုခုကို စပြီးတွေးလိုက်တာနဲ့ မရပ်တော့တာမျိုးပေါ့ ။


ဒီနေ့မှာ... မရှိရှိတဲ့ အလုပ်လေးရှာလုပ်စေချင်တယ်... ထွေထွေထူးထူး လုပ်စရာရှိမနေတဲ့ ကိုယ့်အခန်းပဲ ဖြစ်ဖြစ် ရှင်းပေါ့ ။ ဒီနေ့က ပြတင်းပေါက်ဘေး ထိုင်ငေးနေရင် အချိန်တွေ ကုန်မှန်းမသိ ကုန်သွားလိမ့်မယ် စိတ်တွေ ညိုးမှန်းမသိ ညိုးသွားလိမ့်မယ် ။


ဒီနေ့တော့... ကိုယ့်ကိုယ် နားမလည်တဲ့သူကို နားလည်ပါဆိုတဲ့ စကားတွေ ပြောမနေတော့ပဲ ကိုယ့်ကို ချစ်တဲ့သူ ခင်တဲ့သူ အနားနေတာပဲ ကောင်းပါတယ် မကိုင်ချင်တဲ့ဖုန်းကို ခေါ်ဖို့ ကြိုးစားနေရတာထက်စာရင် မခေါ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မျှော်နေတဲ့ဖုန်းတွေကို ခေါ်ပါ ။


ဘာမှမဟုတ်ပဲ ဝမ်းနည်းနေတယ်ဆိုတာ တကယ်တမ်းကျတော့ သိမ်ငယ်ခြင်းတစ်မျိုးပဲတဲ့... မသိမ်ငယ်နဲ့ ပြီးတော့ မပျော့ညံ့နဲ့ ဘယ်အရပ်ပဲ ရောက်ရောက် ဒီစကားလေးကို မှတ်ထားပါ ။ဘယ်လောက်ပဲ ခက်ခဲနေပါစေ မင်းကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါ ။ ဘယ်သူမှ မယုံချင်နေပါစေ ငါယုံကြည်တယ် ။ ဘယ်သူမှ မရှိရင်နေပါစေ ငါ ရှိနေပေးမယ် ။ 


ဒီနေ့ ဝမ်းနည်းနေခဲ့ရင်လေ... သီချင်းဆွေးဆွေးတွေ နားမထောင်နဲ့... တစ်နေရာတည်းကို အကြာကြီး ငေးမနေနဲ့ ပြီးတော့... ကိုယ့်ကို ဂရုမစိုက်တဲ့ လူအနားမှာထက်စာရင် ကိုယ့်ကို ဂရုစိုက်တဲ့ လူအနားမှာ နေပါ ။


 #ကျေးကို 


(သတိရခြင်းဖြင့်)

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...