လူတွေက ...
မာယာသိပ်များတယ် ကလေးရဲ့
စုံလုံးကန်းပြီး မယုံနဲ့
တချို့လူတွေက
ယုံကြည်ရလောက်တဲ့အထိ
မထိုက်တန်တတ်ကြသလို
တချို့တွေက
မျက်နှာအစစ်အမှန်တွေကို
မျက်နှာဖုံးအောက်မှာ
ဖုံးထားတတ်ကြတယ် ။
နေရာတကာ
လိုက်ပြီးတော့ ခံစားမနေနဲ့ ကလေးရဲ့
တချို့လူတွေက
ကိုယ့်လို တွေးတတ်တာ
မဟုတ်ဘူးလေ
ကိုယ်နဲ့ ယှဥ်ပြီး ခံစားလို့မရဘူးလေ။
အရမ်းအားမနာနဲ့တော့ ကလေးရဲ့
မကြာခဏနဲ့
ခက်ခဲပြီးသွားပြီမဟုတ်လား
မကြာခဏလဲ
အလိမ်ခံရပြီးပြီမလား
တော်ပြီလေနော် ...
အနည်းဆုံးတော့ ဆင်ခြင်သင့်ပြီလေနော် ။
#credit
Comments
Post a Comment