အဆုံးသတ်တွေကို ကြိုသိနေပြီပဲ ... ရပ်နေလိုက်တာ အဆင်ပြေပါတယ် ။
ဒီစကားကို လွယ်လွယ်ကူကူလေး ပြောတတ်ခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ မျက်ရည်တွေနဲ့ကော ရှိုက်သံတွေနဲ့ကော ရောပြီးပြောနေမိတာ ။ ကျွန်မတို့နှစ်ယောက် ပုံစံတွေ မတူဘူးဆိုတဲ့ အဖြေတွေကို အစောကြီးက သိပေမယ့် ကျွန်မ ကြိုးစားရင် ဖြစ်နိုင်မှာဆိုတာထက် ဖြစ်ကို ဖြစ်လာရမှာဆိုတဲ့ အသိတွေနဲ့ ကြိုးနေမိတာ ။ တစ်ခုခုဆို စိတ်ကော ကိုယ်ကော နှစ်ထားတတ်တော့ တစ်ခုခုဆို သေလောက်အောင် ပင်ပန်းရတာပဲ မဟုတ်လား ။
ကျွန်မ ... ရှင့်ကိုချစ်တယ် ။ အဲ့ဒီအနောက်မှာ အတူတူကြိုးစားရင် ဖြစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်မတစ်ဖက်ကတည်းက ကြိုးစားနေမိတာ ။ တားနေတဲ့ကြားက ကျွန်မက ဇွတ်တိုးခဲ့သလောက် ကျွန်မကို မကြည်ဖြူတဲ့ရပ်၀န်းမှာ ရှင်က ပျော်တယ်လေ။ ရုန်းထွက်ဖို့လဲ မကြိုးစားသလို ကျွန်မကို ငဲ့ကွက်ဖို့လဲ မကြိုးစားဘူး ။ နီးဖို့တတ်နိုင်တာထက်ပိုပြီး ကျွန်မ ကြိုးစားကြည့်ပြီးသွားပြီ ။ ဒါပေမယ့် အချိန်တွေ နောက်ထပ် ကြာသွားရုံပဲရှိတော့မှာလေ ။ ဒီပုံစံပဲ ထပ်ပြီး ဖြစ်နေဦးမယ်ထင်ပါတယ် ။
မိန်းကလေးတန်မဲ့လေ... ရှင်နဲ့ နီးဖို့ အများကြီး ပင်ပန်းခဲ့ရတာ ... ဒါပေမယ့် ကျွန်မ အလှမ်း ၉၉လှမ်းလောက် လှမ်းခဲ့ပြီးတာတောင် ရှင့်အတွက်ကျတော့ လက်လေးတစ်ဖက် ကမ်းဖို့ ခက်တယ် ။ အားလုံးနဲ့ အတိုက်အခံလုပ်ပြီး ရှင့်ဘေးနားရှိနေတဲ့ ကျွန်မကို နည်းနည်းလေး ငဲ့ကြည့်ဖို့ခက်တယ် ။ မင်းကို မချစ်လို့လားတဲ့ ... ရှင်ချစ်တာကို သိတာပေါ့ ။ဒါပေမယ့် ချစ်ခြင်းမေတ္တာရဲ့ အဆုံးသတ်တွေက ပေါင်းစည်းခြင်း တွေမဟုတ်လား ဒါပေမယ့် အဆုံးသတ်တွေကို ကျွန်မ ကြိုပြီး သိနေရသလို အချိန်တွေ အကြာကြီးချစ်ခဲ့တယ်ဆိုတဲ့ စကားတစ်လုံးပဲ ကျန်ခဲ့မယ် ချစ်ခြင်းမေတ္တာမှာ ကျွန်မ ပင်ပန်းလာတာ လွန်တော့ မလွန်ဘူးမလား ...
ကျွန်မကို မကြည်ဖြူတဲ့ ပတ်၀န်းကျင်ထဲကို ကျွန်မလဲ တိုးမ၀င်ချင်ဘူး ရှင်လဲ ရုန်းမထွက်နိုင်ဘူးလေ ။ မိန်းကလေးတန်မဲ့ အတူတူရှိဖို့ဆိုပြီး စိတ်ကူးတွေယဥ်နေမိတဲ့ ကျွန်မကလဲမောပြီ ။ ရပ်နေလိုက်တာ အဆင်ပြေမယ်ထင်ပါတယ်ဆိုတဲ့ စကားကို လွယ်လွယ်ကူကူလေး ပြောခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ ။ တကယ်တမ်းကျတော့ ကျွန်မ အများကြီး ကြိုးစားကြည့်ခဲ့ပြီးသွားပြီး ကျွန်မဖက်က ခြေလှမ်းပေါင်း အများကြီး လှမ်းခဲ့ပြီးသွားပြီ ။ ကျွန်မ ပုံစံကို ရှင်သိတယ်မလား ဖြစ်ချင်တာရှိရင် လုပ်ချင်တာရှိရင် ဘယ်သူတားတား တားရတာမဟုတ်ဘူးလေ။
တဇွတ်ထိုးဆန်တဲ့ ကျွန်မက အသိတရားတွေ ရလာတဲ့အထိ နာကျင်ခဲ့ရပြီးသွားပြီဆိုရင် ကျွန်မ ဘယ်လောက်ထိ ငိုခဲ့ရသလဲဆိုတာလဲ ရှင်သိသင့်ပြီထင်ပါတယ် ။ အဆုံးသတ်တွေကို လှမ်းကြည့်တဲ့အခါ ... ကျွန်မ နဲ့ ဝေးရာအရပ်ကိုပဲ ဦးတည်ပြီးပြေးနေတဲ့ ရှင်ကို ကျွန်မ ဘယ်လောက်လိုက်လိုက် မှီမယ် မထင်တော့လို့သာ ရပ်နေလိုက်ဖို့တွေးတာပါ ။ မကျပါနဲ့ဆိုတဲ့ မျက်ရည်တွေလဲကျတယ် မနာပါနဲ့ဆိုတဲ့ ရင်တွေကလဲနာတယ် ။ ဒီနေ့ ... ကျွန်မရဲ့ကမ္ဘာလေးက မြူတွေလဲဆိုင်းလို့ ကျွန်မလဲ ရီဝေလို့ပေါ့ ...
ဒါပေမယ့် ခဏတာပြီးရင် အရာရာက အဆင်ပြေသွားမယ် မဟုတ်လား ။ ပြီးတော့ ကျွန်မ ရွေးချယ်ခဲ့တာလဲ မမှားဘူးမဟုတ်လား ။ တကယ်ချစ်ရင် ဘာပဲဖြစ်ဖြစ် နားလည်ပေးရမှာပေါ့ဆိုတာမှန်းသိပေမယ့် နားလည်ပေးရခြင်းတွေကို ကျွန်တော် မုန်းလာပြီ ။ အဆုံးသတ်တွေ မကောင်းမှန်းသိသိရဲ့နဲ့ ရှေ့ဆက်တိုးနေမိတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လဲ မုန်းလာပြီလေ ။
အဆုံးသတ်တွေကို ကြိုသိနှင့်ပြီးနေပြီပဲ ... ကျွန်မ ရပ်နေလိုက်တာ ပိုပြီး အဆင်ပြေမယ်ထင်ပါတယ် ။
#Credit
(ရင်နှင့်ရင်း၍ရေးသည်)
Comments
Post a Comment