ကိုယ့်ဘဝလည်းလှဘို့လိုတယ်၊ လောကလည်း လှဘို့လိုတယ်
------------------------------------------------------
နိုက်
လူတွေမှာ အကန့်အသတ်မဲ့ စွမ်းအင်တွေရှိနေတယ်၊
ရှိတယ်ဆိုတာ မသိတော့ ဖော်ထုတ်ဘို့ခက်နေကြတာပါ။
ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ၊ အားနည်းချက် တွေရှိနေရင်တောင်
စိတ်စွမ်းအားနဲ့ ကျော်လွှားလို့ရတယ်။
သို့သော် စိတ်အကြောင်းကိုနားမလည်ရင်တော့
အဲ့ဒိစိတ်ကပဲလူတွေရဲ့ အကြီးမားဆုံး အတားအဆီး
ဖြစ်သွားတတ်တယ်။
ဦးနှောက်က
အတိတ်က အဖြစ်အပျက် အကြောင်းအရာတွေအားလုံး
လက်ရှိ ဖြစ်ပျက်နေတာတွေအားလုံးကို အကုန်မှတ်ပြီးတော့
လိုအပ်တဲ့အခါ(သို့)တိုက်ဆိုင်လာတဲ့အခါ တွန်းထုတ်ပေးပါတယ်။
ဘယ်လောက်ထိ မြန်လဲဆိုရင်
သိစိတ် level နဲ့တောင် Register လုပ်လို့ မရနိုင်ပါဘူး။
အဲ့ဒိတော့ အရေးကြီးတာက
ကိုယ့်ဦးနှောက်က ဘာတွေ မှတ်နေလည်းဆိုတာပါ။
အာရုံ ငါးပါးကို ထိတွေ့ တာတွေအားလုံးဟာ
Positive တွေများပါမှ
တွန်းထုတ်ပေးတဲ့အရာတွေကလည်း
Positive တွေ ဖြစ်မယ်။
တွန်းထုတ်ပေးတဲ့ အရာတွေ Positive ဖြစ်ပါမှ
ကိုယ့်ဘဝလဲလှမယ် လောကလည်း လှမယ်နော်။ ။
-----------------------------------------------
Comments
Post a Comment