Good Night ပါ မေ...
မျက်လုံးလေးကို
ဖွဖွလေးမှိတ်ပါ
ငိုနေတဲ့ မျက်ရည်တွေကို သုတ်ပါ
ပြီးတော့လေ
တွေးနေတဲ့ အတွေးတွေ
ရပ်ဖို့ သင့်ပြီမေ
ညဆိုတာ ...
ငိုဖို့မှ မဟုတ်ပဲလေ
ညဆိုတာ ...
မနက်ခင်းတွေကို အလှဆုံးကြိုဖို့
နားရမယ့် အချိန်တွေ မဟုတ်လား
တစ်နေ့လုံးလဲ ပင်ပန်းထားပြီးပြီလေ
တစ်နေ့လုံးလဲ ဟန်ဆောင်ထားခဲ့ပြီးပြီ
နားသင့်ပြီလေ မေ ...
လာပါ ...
တစ်လောကလုံးက နားမလည်ပေးချင်နေ
ကျွန်တော် နားလည်ပေးနိုင်ဖို့ ကြိုးစားမယ်
တစ်လောကလုံးက အပြစ်နေပါစေ
ကျွန်တော် ရှိနေနိုင်ဖို့ ကြိုးစားပေးမယ်
တစ်ခုပဲ ...
ဒီနေ့တစ်ညလေးပဲ
အိပ်ချင်နေတဲ့ မျက်လုံးလေးကို
အိပ်လိုက်ဖို့ပဲ ကြိုးစားစေချင်တယ် မေ ...
#ကျေးကို
Comments
Post a Comment