Skip to main content

မင်းနဲ့ နီးချင်တယ် ဒါမှမဟုတ် မင်းနဲ့ ဝေးချင်တယ် ။

 မင်းနဲ့ နီးချင်တယ် ဒါမှမဟုတ် မင်းနဲ့ ဝေးချင်တယ် ။ 



ဆုတစ်ခုပဲတောင်းပါဆိုရင်လေ မင်းနဲ့ နီးချင်တယ်ဆိုတဲ့ ဆုတစ်ခုကိုပဲတောင်းချင်တယ် တကယ်လို့ လုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေတွေရလာရင်လဲ ဘယ်တော့မှ မဆုံနိုင်အောင် ဝေးချင်တယ်ဆိုတဲ့ ဆုတစ်ခုကိုပဲ လိုချင်မိမယ်ထင်ပါတယ် ။ ဘာကြောင့်လဲ မေးရင် ကျွန်တော်က အရမ်းကို တွယ်တာတတ်လို့ပါဆိုတဲ့ အဖြေပဲ ပေးရတော့မယ်ထင်ပါတယ် ။ 


မင်းကို မြင်နေရင် မင်းကို မချစ်ပဲနေနိုင်မှာလဲ မဟုတ်ဘူးလေ မင်းကိုတွေ့နေရရင် မင်းနဲ့စကားမပြောပဲ နေချင်မှာလဲ မဟုတ်ဘူးလေ မီးစိမ်းလေးတွေ တွေ့နေရရင် ကိုယ်ဟာ အပြေးလေးစကားပြောချင်နေမိဦးမှာပါပဲ ။ မင်းပျော်နေတာတွေ့ရင် သူလဲ ပျော်နေတာပဲဆိုတဲ့အသိနဲ့ မပျော်တဲ့ ကိုယ့်ကိုယ်ကိုယ် အတင်းကြီး ရီမောခိုင်းရဦးမယ် မဟုတ်လား ။ 


မင်းနဲ့လေ ... အနီးကပ်ဆုံးမှာနေချင်တယ် ။ ဘာလုပ်နေလဲလို့ မေးစရာမလိုအောင် ဘာပဲလုပ်လုပ် မျက်စိအောက်မှာ ရှိနေတဲ့အထိ ကျွန်တော် ခင်ဗျားနဲ့ နီးချင်တယ် ။ ဘာစားပြီးပြီလဲ မေးစရာတွေ မလိုအောင် ။ အဆင်ပြေရဲ့လားဆိုပြီး မေးဖို့မလိုအောင် အဆင်ပြေအောင်ထားချင်တယ် ။ မျက်ရည်ဆိုတာ မင်းပါးပေါ်မှာ ဘယ်တော့မှ မဖြတ်သန်းရလေအောင် ပျော်အောင်ထားချင်တယ် ။ အတ္တလို့ပဲထားပါ ဒါမှမဟုတ် လောဘကြီးလိုက်တာဆိုပြီးပဲ ခေါင်းစဥ်တပ်ပေါ့ ။ တကယ် အဲ့လိုမျိုး မင်းနဲ့ နီးချင်တယ် ။ 


အဲ့ဒီဆုတွေမှ မပြည့်ရင်လေ ... မင်းနဲ့ အဝေးဆုံးမှာ နေချင်နေမိတော့တယ် ။ ဘာကြောင့်လဲမေးရင်လေ ... မင်းကို မချစ်ရပဲနဲ့တော့ မင်းအနား သူငယ်ချင်းတစ်ယောက်လို မိတ်ဆွေတစ်ယောက်လို နေနိုင်မယ့်အထိတော့ အင်အားတွေမရှိဘူးလေ ဘာမှမဖြစ်သလိုနေပြီး ... မင်းထွက်သွားလဲ အဆင်ပြေပါဆိုပြီး ဖြေနိုင်တဲ့အထိ မျက်ရည်တွေက မခိုင်သေးဘူး ။ ပျော်နေပါပြီဆိုတဲ့ ဘ၀ကို မနှောင့်ယှက်ပဲ နေနိုင်ဖို့ဆို ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မှ ရမယ်မဟုတ်လား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်မှ မနိုင်ရင် ခဏတော့ ထွက်ပြေးတိမ်းရှောင်ရမယ်မဟုတ်လား ။ 


ကျွန်တော့်ကို ကျွန်တော် မနိုင်ဘူးလေ ... ဖုန်းနံပါတ်တွေ ဖျက်ထားတာတောင် ဦးနှောက်က မင်းရဲ့ ဖုန်းနံပါတ်တိုင်းကို တစ်ချက်မလွဲပဲ အလွတ်တွေရတယ် ခေါ်မိမှာစိုးလို့ ချေးထားတဲ့ ဘေတွေတောင် ပြန်မဆပ်ပဲ နေခဲ့ရတဲ့အချိန်တွေက သိပ်ပင်ပန်းရတာလေ ။ စာတွေပို့နေမိမှာစိုးလို့ မင်းမရှိတဲ့ acc လေးမှာ နှစ်တွေအကြာကြီး တိတ်တိတ်လေး ပုန်းနေခဲ့တာ ။ ငေးကြည့်တယ် ပြီးတော့ ငိုမိတယ် ။ 


နောက်ဆုံးမှာ ကျန်ခဲ့ရမှာတဲ့ အမှန်တရားကို ဘယ်လောက်ပဲ မြင်မြင် ကျွန်တော် ခင်ဗျားအနားရှိရင်လေ ခင်ဗျားကို မတွယ်တာနိုင်ပဲ မနေနိုင်ဘူး ပြီးတော့ မချစ်ပဲလဲ မနေနိုင်ဘူး ။ တစ်နေ့နေ့ တိုးလာတဲ့ အချစ်တွေကြားမှာ နောက်ဆုံးကျရင် ကျွန်တော်ပဲ ရူးပြီး ကျန်ခဲ့ရမှာမဟုတ်လား ။ မင်းနဲ့ နီးချင်တယ် ဒါမှမဟုတ် မင်းနဲ့ပဲ ဝေးချင်ပါတယ်ဆိုတဲ့ နှစ်လမ်းထဲက တစ်လမ်းကိုပဲ ရွေးပါတယ် ။ 


#Credit-to-Owner Writer

(ရင်နှင့်ရင်း၍ရေးသည်)

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...