Skip to main content

အဲ့ဒါက အချစ်မဟုတ်ပါဘူး...ဝဋ်ပါ

 ဖူးစာဆုံတယ်ဆိုတာ..ရေစက်တွေပါတာကြောင့်လည်းဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေ ဝဋ်ကျွေးတွေဆပ်ဖို့လည်းဆုံရတယ်တဲ့.....။


အချစ်ကပဲ နွေးထွေးစေနိုင်တာ အဲ့ကတစ်ဆင့်ပူလောင်စေနိုင်တာ....။တစ်ခါတစ်လေမှာ ကိုယ်တိုင်တောင် အဲ့လူ မကောင်းမှန်းသိရက်နဲ့ကိုယ့်အပေါ်မှာစာနာမှုမရှိမှန်းသိရက်နဲ့ ဆက်သွားနေလည်း ဘာမှကောင်းကျိုးမှမပေးမယ့်ဆက်ဆံရေးမှန်းသိရက်နဲ့ မေ့မရနိုင်တာ၊ပစ်မသွားနိုင်တာတွေရှိတယ်မဟုတ်လား...။



အဲ့ဒါက အချစ်မဟုတ်ပါဘူး...ဝဋ်ပါ...။

ဝဋ်ကျွေးတွေကုန်တဲ့နေ့ လွှတ်ချနိုင်လိမ့်မယ်...။

ကိုယ်တိုင်လည်းကြုံဖူးတယ်..ကိုယ့်အပေါင်းအသင်းတွေကြားလည်း ကြုံဖူးတယ်..။


ဒီလူဟာ ကိုယ့်အတွက် toxic personပါဆိုတာကိုသိရက်နဲ့ကို ဖယ်ခွာမသွားနိုင်တာ..။အဲ့လိုလူကလည်းကိုယ့်မပေါ်သာမကောင်းတာ ပြေးမယ်ကြံတိုင်း ဘယ်တော့မှလွှတ်မပေးဘူး..အပျော့ဆွဲလေးနဲ့ပြန်ဆွဲတာ...။


အဲ့ကျရင်သူ့ဘဝကြီးမှာ ကိုယ့်ကိုတကယ်ပဲလိုအပ်သလိုလို၊ကိုယ်ကလည်း သူငါ့ကိုချစ်တော့ချစ်ပါတယ်လို့ ထင်ချင်ရာတွေဆွဲတွေး၊ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ညာပြီး ကိုယ့်လည်ပင်းကို အထပ်ထပ်အခါခါ ကြိုးကွင်းစွပ်တာ...။


ဘေးလူတွေဘယ်လောက်ဝိုင်းတားတားမရဘူး..။

ကံမကုန်သလို..ဝဋ်တွေမကုန်သရွေ့..။မကင်းနိုင်ဘူး

လွမ်းနေဦးမှာပဲ...။အဲ့ဒါကိုသေချာပေါက်အချစ်လို့အထင်မှားမှာပါ..။ဘာလို့လဲ အချစ်ခေါင်းစဥ်တင်ထားတဲ့ဝဋ်ကျွေးမိုလို့ပါ....။


တစ်ချိန်ကျရင်..ဝဋ်ကျေချိန်တန်တဲ့အချိန်ကျ

အလိိုလို ပြီးပြတ်သွားလိမ့်မယ်..။အဲ့အချိန်မှာဘယ်သူမှလာနားချစရာမလိုဘူး...။ကိုယ်တိုင်တောင် ငါဘာတွေလုပ်ခဲ့တာလဲ ဒီလောက်မကောင်းတဲဆက်ဆံရေးကြီးကိုလို့တွေးမိလိမ့်မယ်..။


ဝဋ်တွေကုန်တဲ့နေ့...အလိုလိုစိတ်ထဲက တုံးတိပြတ်သွားမှာ..အကုန်လုံးဟာရေနဲ့ဆေးချလိုက်သလိုဖြစ်သွားမှာ...။အဲ့လူကို ပြန်တွေ့တောင်..ဘာမှခံစားရတော့မှာမဟုတ်ဘူး...။ပေးရမယ့်အရာတွေအကုန်ပေးခဲ့ပြီးပြီမိုပေါ့...။


ဒါကြောင့်..Toxic relationတွေရင်ဝယ်ပိုက်တဲ့သူငယ်ချင်းတွေရင်လာဖွင့်ရင်...နားမချတော့ဘူး

ဝဋ်မကုန်သေးလို့ပါ..ကျေအောင်ဆပ်လို့ပဲပြောလိုက်တယ် 😁..။


စိတ်ချ ဝဋ်မကုန်ရင်ဘယ်လောက်နားချချ..မကျွတ်ဘူး။ချစ်တာကိုး..ဆိုတာကြီးပဲ ပြန်ကြားရလိမ့်မယ်


တစ်ချို့ဝဋ်တွေက..တစ်ခဏဆိုပေမဲ့

တစ်ချို့ဝဋ်တွေကျ...တစ်ဘဝတဲ့။


#Nayvel

Comments

Popular posts from this blog

နေပြည်တော်ရှိ အထင်ကရနေရာများ အပိုင်း (၁)

နေပြည်တော်ရှိ အထင်ကရနေရာများ  အပိုင်း (၁) ၁။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ ၂။ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။ ၃။ သံဝေဇနိယလေးဌ

အာဇာနည်နေ့ ဒို့မမေ့(၁၉ ဇူလှိုင် ) အမှတ်တရ ကဗျာ

အာဇာနည်နေ့(၁၉ ဇူလှိုင် ) ************************************************      *  ကြည့်လိုက်စမ်းပါ  ကောင်းကင်မှာ         တိမ်ညိုတွေအုပ်ဆိုင်း  မြင်ကွင်းတိုင်းကလွမ်းစရာ       * ကံကြမ္မာအလှည့်အပြောင်းနဲ့          သူတော်ကောင်းတွေ  ကျဆုံးတဲ့ဒီနေ့         *သူရဲကောင်းတွေ ကျွေလွင့်ခဲ  ဒီနေ့        **အာဇာနည်တို့သွေးမြေကျ         *  မြန်မာပြည်ရဲ့ အလှမရှိတဲ့နေ့       *   ပြည်သူတစ်ရပ်လုံး  မျက်ရည်မဆည်နိုင်     *     ဇူလှိုင်မိုးနဲ့အပြိုင်   မေ့ဖို့ခက်ခဲသလို      **   မေ့ဖို့လည်းမဖြစ်နိုင်     ***     ဒီဆယ့်ကိုးဇူလှိုင်ပေါ့ ……………                  ~  မရှိတော့တာသိပေမယ့်        ~~  ဘယ်တော့ပြန်လာမလဲလို့      ~~~   အိမ်အပြင်ကို  ခဏခဏမျှော်မိတဲ့        ~~~   သူတို့သူတို့တွေအားလုံး         ~~~  ဝမ်းနည်းမဆုံးတဲ့မြင်ကွင်း          ~~ ရင်တွင်းမှာမချိလို့  ဖြေစရာရှာကြည့်တော့           ~~~ သူတို့လိုဘဲ   အားလုံးသော          ~~~   ပြည်သူအပေါင်း          **           အမိုးအကာမရှိတဲ့အိမ်လို          *   အမိမှဲ့သား ရေနည်းငါးလို           *   ဝမ်းနည်းငိုရှိုက်  သဲခိုက်နာကျင်          **  ဖြေမရွှင်ဘူး              

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း  ################################ တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။ ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။ ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက