Skip to main content

Posts

Showing posts from January, 2020

မိန်းကလေးတွေက ကိုယ့်ထက် အသက်ကြီးတဲ့ လူကို ရွေးချယ်တတ်ကြတဲ့ အကြောင်းအရင်းများ

မိန်းကလေးတွေက ကိုယ့်ထက် အသက်ကြီးတဲ့ လူကို ရွေးချယ်တတ်ကြတဲ့ အကြောင်းအရင်းများ မိန်းကလေးအများစုက ကိုယ့်ထက် အသက်ကြီးတဲ့ သူကိုပဲ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ချင်ကြပါတယ်။ မိန်းကလေးတွေက မောင်လေးတွေ၊ ရွယ်တူလေးတွေထက် ဘာလို့ ကိုကြီးတွေကိုပဲ ရွေးချယ်ချင်ကြတာလဲ? မိန်းကလေးတွေ ကိုယ့်ထက်အသက်ကြီးတဲ့ လူကို ရွေးချယ်ရတဲ့ အကြောင်းအရင်းတွေက ဒါတွေကြောင့်ပါတဲ့နော်။ ၁။ ကိုယ့်ထက် ရင့်ကျက်မှုရှိလို့ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေဟာ ရင့်ကျက်မှုတွေ၊ အတွေ့အကြုံတွေအများကြီး ရှိတတ်လို့ပါ။ ကိုယ့်ထက်အရာရာကို သိတတ်နားလည်တတ်ကြတဲ့ သူတို့ကို မိန်းကလေးတွေက အားကိုးချင်စိတ်ဖြစ်မိတာကတော့ မထူးဆန်းပါဘူးနော်။ ဒါကြောင့်ပဲ မိန်းကလေးတွေက ကိုယ့်ထက်ရင့်ကျက်တည်ငြိမ်မှုရှိတဲ့ ကိုကြီးတွေကို ရွေးချယ်တတ်ကြတာပါ။ ၂။ စိတ်မကစားတတ်လို့ ကိုကြီးတွေဆိုတာက အသက်ငယ်ငယ်ကောင်လေးတွေလို စိတ်မကစားတတ်ကြတော့ပဲ လှတာလေးမြင်ရင် လိုက်ငမ်းတတ်တဲ့ အရွယ်မဟုတ်တော့ပါဘူး။ ဒီတော့ သူတို့ဟာ မောင်လေးတွေထက် အများကြီး စိတ်ချယုံကြည်ရပါတယ်။ ချစ်သူတွေအများကြီးထားမနေတော့ပဲ တစ်ယောက်ထဲကိုပဲ သေချာချစ်ပြီ တစ်သက်လုံးလက်တွဲဖော်အဖြစ် ရွေးချယ်တတ်ကြတဲ့ အရွယ်ဖြစ်တာ

ကမ္ဘာကျော် အကြမ်းဖက် ISIS အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးကို ရဲတွေဖမ်မိတော့မှ အံ့ဩခဲ့တဲ့ဖြစ်အပျက်

  ကမ္ဘာကျော် အကြမ်းဖက် ISIS အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးကို ရဲတွေဖမ်မိတော့မှ အံ့ဩခဲ့တဲ့ဖြစ်အပျက် ISIS ဆိုတာ ဘာသာရေးအကြောင်းပြပြီးတော့ ဘာသာဝင် မဟုတ်သူတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ အဖွဲ့အစည်းအဖြစ် တစ်ကမ္ဘာလုံးက ရွံမုန်းနေကြတာဖြစ်ပါတယ်။သူတို့ဟာ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို Live လွင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ကြတာကြောင့်လည်း ISIS ဆိုရင် တစ်ကမ္ဘာလုံးက ရွံမုန်းကြောက်ရွံနေကြတာဖြစ်ပါတယ်။သူတို့ကလည်း အဲ့လို အကြောက်တရားနဲ့ လွှမ်းမိုးထားဖို့အတွက် ရက်စက်စွာသတ်ဖြတ်ပြတာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းတစ်လျှောက်မှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ ISIS ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က အီရတ်ရဲတပ်ဖွဲ့က ဝင်းစီးရင်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးသူတွေက အံ့သြသင့်ခဲ့ရတာကတော့ ISIS ခေါင်းဆောင်ဟာ သူတို့ထင်မှတ်ထားသလို မုတ်ဆိတ်ကားကားနဲ့ ယုတ်မာရိုင်းစိုင်းတဲ့ပုံမဟုတ်ပဲ ကိုယ်အလေးချိန်ပေါင် ရာချီနေတဲ့ လူဖက်တီးကြီးဖြစ်နေခဲ့လို့ပါ။ သူ့ရဲ့နာမည်ကတော့ Shifa al-Nima လို့ခေါ်ပြီးတော့ သူဟာဆိုရင် ISIS အဖွဲ့က ဖမ်းမိတဲ့ သူတွေကို သတ်ဖြတ်ဖို့ နဲ့ ကျွန်ပြုဖို့ အမျိုးသမီးတွေဆိုရင် မုဒိန်းကျ

နေပြည်တော်မှာ ပထမဦးဆုံး ပန်းပွဲတော်

နေပြည်တော်မှာ ပထမဦးဆုံး ပန်းပွဲတော် ပန်းချစ်သူများအတွက်သတင်းကောင်းလေးလာပြီနော် ပန်းပွဲတော်ဆိုများသောအားဖြစ်ပြင်ဦးလွင်ပဲပြေးမြင်ကြမိမယ်ထင်ပါရဲ့ကိုယ်တွေရဲ့မွေးရပ်မြေ သာယာလှတဲ့နေပြည်တော်ရှိ ရေပန်းဥယျာဥ်၌ ပထမဦးဆုံး ပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ ပထမဦးဆုံးကျင်းပပြုလုပ်မည့် ပန်းပွဲတော်အတွင်းပြသသွားမည့် ပန်းအများစုသည် ထိုင်းနိုင်ငံမှ မှာယူထားခြင်းဖြစ်ပြီး မြန်မာ့အလှလှည်းယဥ်နှင့် ရှေးဟောင်းကားတို့ဖြင့် ဆင်ယင်၍ ပြသသွားမည်ဖြစ်ကြောင်း ပွဲတော်တာဝန်ယူစီစဥ်သည့် စန်းမြတ်ထွန်း ကုမ္ပဏီမှ တာဝန်ရှိသူကပြောကြားသည်။ အဆိုပါပန်းပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက်မှ မတ် ၃၁ ရက်ထိ လှပစည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ လာရောက်ကြရန်ဖိတ်ခေါ်အပ်ပါသည်။ #Nay Pyi Taw Times

ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများ

ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများ ဂျင်းကို နေ့တိုင်းနီးပါးစားရင် သင့်နှလုံးနဲ့ ဦးနှောက်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဂျင်းကို အစာခြေစနစ်နဲ့ နာကျင်တာတွေ ပျောက်ကင်းဖို့ သုံးစွဲကြပါတယ်။ ဒါကြောင့် ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများကို ဝေမျှချင်ပါတယ်။ ၁။ ဂျင်းက အစာခြေစနစ်ကို ကူညီပေး ဂျင်းမှာ Gingerols နဲ့ Shogaol ဓာတ်တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အဲ့ဒီအပြင် အာဟာရဓာတ် စုပ်ယူမှုပိုကောင်းစေပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။ ဝမ်းပိတ်တာ၊ အစာမကြေတာ၊ ဗိုက်ဝတာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ၂။ မူးဝေအော့အန်တာကို ကုသနိုင် မူးဝေ အော့အန်ရင် ဂျင်းကို စားလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဂျင်း ၁ ဂရမ်ကို စားသုံးရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင် မနက်ခင်းအန်တာကို သက်သာစေပါတယ်။ ၃။ နာကျင်ကိုက်ခဲတာကို သက်သာ ဂျင်းက ရောင်ကိုင်းတာ၊ နာကျင်ကိုက်ခဲတာတွေသက်သာစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်တာကြောင့် နာကျင်ကိုက်ခဲတာကိုလည်း ပျောက်ကင်းစေ

မနမ်းထိုက်တဲ့ ပန်းတစ်ပွင့်

မနမ်းထိုက်တဲ့ ပန်းတစ်ပွင့် ကိုယ်နဲ့ လက်မထပ်ရသေးပဲ ဖေ့ဘုတ်ပေါ်မှာ ကိုယ့်ချစ်သူပုံနဲ့နှစ်ယောက် တွဲတင်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလဒ် အသိ-သတိ ရှိပါ -ညီမငယ်(သို့) မနမ်းထိုက်တဲ့ ပန်းတစ်ပွင့် ကိုယ်နဲ့ လက်မထပ်ရသေးပဲနဲ့ facebook ပေါ်မှာကိုယ့်ချစ်သူ ပုံနဲ့နှစ်ယောက် တွဲတင်ခြင်းက ဓါးသွားထက်မှာ လမ်းလျှောက်နေရတာနဲ့ အတူတူပါပဲ~ညီမငယ်~ တစ်ကယ်လို့သာ ကံကြမ္မာက လှည့်စားသွားခဲ့ရင်ပထမဦးဆုံး ထိရှခံစားရမှာက ဘယ်သူလို့ထင်လဲကိုယ့်နှလုံးသား မဟုတ်သလို မာနနဲ့ သိက္ခာတွေပါ -ညီမငယ်~ နှလုံးသားတွေ နာမကျန်းဖြစ်စေတာက တိတ်တဆိတ်လေးငိုကြွေးလို့ရတယ်။ ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေရမှာ ညီမငယ်မိသားစုပါ ~ ချစ်တာကို လက်ခံပါတယ် ဒါပေမယ့် နားလည်မူ့ဆိုတဲ့အလွှာလေးတစ်ခုခြားရုံနဲ့ လမ်းခွဲသွားကြရသူတွေ ကိုယ့်မျက်စိရှေ့မှာတင် တစ်ပုံကြီးပါ -ညီမငယ်~ အထူးသဖြစ် ဆယ်ကျော်သက်အရွယ် ညီမငယ်များကိုပိုပြီး သတိပေးချင်ပါတယ်။ ချစ်တတ်စမှာ ရှေ့နောက်မမြင်ပဲအပျော်ရွင်ပြီး နှစ်ယောက်တွဲပုံတွေ လက်မထပ်ရသေးခင်တင်နေလေ့ရှိကြတယ် …. ချစ်သူနှစ်ယောက် (သဟဇာတ)မကျလို့-အဆင်မပြေတဲ့အခါ မဆုံခဲ့ကျရင်ဖြစ်စေ

ကြွေးဟောင်း

{ ကြွေးဟောင်း }       ထမင်း တစ်နပ် = 700 ks       ထမင်း သုံးနပ်  = 2100 ks = 1 day       တစ်နှစ်     = 365 days       တစ်နှစ်စာ = 365 days × 2100 ks                       = 7,66500 ks        ၂၂ နှစ်  = 7,66500 ks × 22 yrs                    = 168,63000 ks    ကျန်တော့်အသက် ၂၂ နှစ်ထိ ဖေဖေ နဲ့ မေမေ     ( အခမဲ့ နဲ့ အဝစား ) ကျွေးခဲ့တဲ့ပမာဏက     ၁၆၈ သိန်း ကျော်တယ်နော်။    ကျောင်းထားပေးတာ မပါသေးဘူး ။    အဝတ်အစားဖိုးမပါသေးဘူး ။    ဖိနပ်ဖိုးမပါသေးဘူး ။    နေစရာမပါသေးဘူး ။    လုပ်ပေးကိုင်ပေးတာ မပါသေးဘူး ။    အဝတ်လျှော်ပေးတာ မပါသေးဘူး ။    သွန်သင်ဆုံးမတာ မပါသေးဘူး ။    နေမကောင်းလို့ ပြုစုပေးတာ မပါသေးဘူး ။    ကိုးလလွယ်ပြီး မွေးပေးခဲ့တာ မပါသေးဘူး ။    တန်ဖိုးဖြတ်လို့မရတာတွေ အများကြီးပါပဲရှင် အားလုံး ဗဟုသုတ ရအောင် Share ခြင်းဖြင့် ကူညီပေးပါအုံးရှင့်      Crd#Ye Mg Mg Lwin's Timeline                      

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက် ( ၂၀ ) ဆုံးမစာ

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က  အချက် ( ၂၀ ) ဆုံးမစာ ၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။ ၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။ ၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။ ၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။ ၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။ ၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။ ၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။ လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။ ၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။ ၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။ ၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။ ၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင် စွမ်းအားနှင့် မလျှော့သော ဇွဲ

လာဘ်ပွင့် လာဘ်နှိုး ဂါထာတော်ကြီး

မနက်စောစော တစ်ကြောင်းတည်းသာ ရွတ်ဆိုရပြီး ငွေဒလဟောဝင်စေတဲ့ လာဘ်နှိုး ဂါထာတော်ကြီး မနက်စောစော တစ်ကြောင်းတည်းသာ ရွတ်ဆိုရပြီး ငွေဒလဟောဝင်စေတဲ့ လာဘ်နှိုး ဂါထာတော်ကြီး ပရိသတ်ကြီးတို့အတွက်ကောင်းသတင်းလေးတစ်ခုပြောပြချင်ပါတယ်မိမိမှာရှိနေတဲ့ လာဘ်တွေ မနိုးဘဲ မပွင့်ဘဲရှိနေရင် လာဘ်နှိုးဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ပေးတာနဲ့ လာဘ်နိုးလာဘ်ပွင့်ပြီး ငွေတွေတလဟော ဝင်ရောက်စေမှာဖြစ်ပါတယ်လာဘ်နှိုးဂါထာတော်ကြီးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်… လူတိုင်းနီးပါး လာဘ်ပွင့် လာဘ်ရွှင်ဂါထာတို့ ငွေဝင်ဂါထာတို့ပဲ ရွတ်ဆိုနေကြပြီး လာဘ်ကိုနှိုးပေးဖို့ မေ့နေတတ်ကြပါတယ်အဲ့တော့ လာဘ်လာဘ ငွေကြေးတွေက ဝင်သင့်သလောက်မဝင်တော့ဘူးပေါ့အဲ့တာကြောင့် ဒီလာဘ်နှိုးဂါထာလေးကို တင်ပြပေးလိုက်ပါတယ်။ ရွတ်ဆိုပုံကတော့မနက်အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့ ပိုက်ဆံအိတ်ကိုကိုင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီး ၁။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို ၃ခေါက်ရွတ်ဆိုပါ။ ၂။ သရဏဂုံ ၃ပါးကို တစ်ခေါက်ရွတ်ဆိုပါ။ ၃။ ပြီးရင်တော့ အခုပြောတဲ့ လာဘ်နှိုးဂါထာကို ၂၇ ခေါက်ရွတ်ဆိုရပါမယ်။ "လာဘ်နှိုးဂါထာတော်သိဒ္ဓိတေဇာ သိဒ္ဓိဝရာသိဒ္ဓိဇေယျာ

ရွေးချယ်ခွင့်ဆိုတာ

ရွေးချယ်ခွင့် ရမယ်ဆိုရင် အကောင်းဆုံး ဆိုတာတွေထက် ကိုယ်နဲ့ အသင့်တော်ဆုံးဆိုတာတွေကို ရွေးချယ်လိုက်ခြင်းက လွတ်လပ်ပျော်ရွှင်မှုကို ရစေလိမ့်မယ် ... ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင် တန်ဖိုးအကြီးဆုံး ဆိုတာတွေထက် ကိုယ့်အတွက် အသုံးဝင်ဆုံးဆိုတာတွေကို ပိုင်ဆိုင်ခွင့် ရခြင်းက စိတ်ချမ်းသာမှုကို ပေးနိုင်လိမ့်မယ် ... ကြိုးစားခွင့် ရှိမယ်ဆိုရင် မော်နိုင်၊ကြွားနိုင်ဖို့ ကြိုးစားခြင်းထက် ကိုယ့်တန်ဖိုးပိုတက်စေမယ့်လုပ်ရပ်တွေအတွက် ကြိုးစားအားထုတ်ခြင်းက ဘဝအဓိပ္ပာယ် ပိုပြည့်စုံလိမ့်မယ် ... ဆုတောင်းခွင့် ရှိမယ်ဆိုရင် လိုတရပြည့်စုံတဲ့ဘဝ ရပါစေ ဆုတောင်းခြင်းထက် ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကြိုစားတည်ဆောက်ခွင့်ရှိတဲ့ဘဝ ရပါစေ လို့ ဆုတောင်းတာက ပိုပြီးအဓိပ္ပာယ်ရှိလိမ့်မယ် ... ဘဝမှာ အခွင့်အရေးတွေကတော့ အနည်းနဲ့အများ ရှိနေပါလိမ့်မယ် ... ဒီအခွင့်အရေးတွေပေါ် ဘယ်လိုအသုံးချမလဲဆိုတာကတော့ ကိုယ့်ရဲ့သဘောထားပေါ် မူတည်ပါတယ် ... အိပ်မက်တွေ၊ပြည့်စုံခြင်းတွေ အောင်မြင်ခြင်းဆိုတာတွေကို ကိုယ့်စိတ်က ပြဌာန်းပြီး ကိုယ့်ကိုကိုယ်အကဲဖြတ်နေတာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ ... #WPH

နေပြည်တော်ရှိ အထင်ကရနေရာများ အပိုင်း (၁)

နေပြည်တော်ရှိ အထင်ကရနေရာများ  အပိုင်း (၁) ၁။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ ၂။ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။ ၃။ သံဝေဇနိယလေးဌ

ဥပ္ပါတသန္တိ စေတီတော်


မင်းရုပ်ဆိုးတယ်နော် လက်ခံလိုက်စမ်းပါ

မင်းရုပ်ဆိုးတယ်နော် လက်ခံလိုက်စမ်းပါ ။ (အောင်သင်း) ဒီ ကမ္ဘာလောကကြီးတစ်ခုလုံးကို လှပအောင် အဲဒီရုပ်ဆိုးတဲ့ သူတွေက ဖန်တီး တည်ဆောက် ထားတာတဲ့ဗျား ။ ရုပ်ချောတဲ့ သူတွေကိုဆို လောကကြီးက အသာတကြည် လက်ခံလိုက်တယ် ။ {အဲတော့ကြိုးစားစရာမလိုတော့ မကြိုးစားတော့ဘူး} [ ရုပ်ချောတဲ့ကလေးကို လူတိုင်းချီချင်ကြတယ်လေ ] [ ရုပ်ဆိုးတဲ့ကလေးကြတော့ ဘယ်သူ့သားသမီးတဲ့ ဪ ဟုတ်လား ဒီလောက်ပဲ ။ မဟုတ်လား ] ရုပ်ဆိုးတဲ့သူတွေကျတော့ လောကကြီးက အသာတကြည် လက်မခံဘူး အဲတော့ ကြိုးစား ရတယ် ။ ဒီတော့ အရည်အချင်း တွေရှိလာတာပေါ့ ။ ရေရှည်မှာ အဲဒီ အရည်အချင်း ရှိတဲ့သူတွေကပဲ လောကကြီးကို ဖန်တီးတည်ဆောက်သွားတာပဲ။ အမေရိကန် သမ္မတ တွေထဲမှာရုပ်ချောတဲ့ သမ္မတ ၅ ယောက်လောက်ပါဖူးတယ် ။ ဒါပေမယ့် အဲဒီ သမ္မတ ၅ ယောက်ကို ပြည်သူတွေကိုပြပြီး မေးကြည့်တော့ ဘယ်သူမှ မမှတ်မိတော့ဘူး။ သမ္မတ ဖြစ်ခဲ့ဖူးတယ် တော့ထင်တယ် ဒီလောက်ပဲ ၊ သူတို့မှတ်မိတဲ့ သမ္မတ တွေကိုကြည့်လိုက်တော့ ဂျော့ဝါရှင်တန် လင်ကွန်း စတဲ့ ရုပ်ဆိုးတဲ့ သူတွေပဲဖြစ်နေကြတယ်တဲ့ ။ ဒီတော့ မင်းရုပ်ဆိုးတယ်နော် လက်ခံလိုက်စမ်းပါ ။ ပြီးရင် အရည်အချင်း ရှိအောင်သာ အားထုတ်လိုက်စမ်းပါ 》》》🕺အောင

Nay Pyi Taw Times

 စည်ပင်က ဖျက်စီးတာခံလိုက်ရတဲ့ အသီးသည်အဘဆီ အရောက်သွား လှူခဲ့တဲ့ ရွှေပိုးအိမ် တနေ့က လူမှုကွန်ယက်ပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်သွားတဲ့ လိမ္မော်သီးသည် အဘဆီကို ရွှေပိုးအိမ်က အရောက်သွားခဲ့ပါတယ်။ သရုပ်ဆောင် ရွှေပိုးအိမ်လို့ လူသိများလာရတဲ့အကြောင်းအရင်းမှာ သူမရဲ့ စန်းတစ်ခုလည်းပါဝင်သလို လိုအပ်နေတဲ့သူတွေကို ကူညီဖေးမတတ်တဲ့ သူမရဲ့ စိတ်ကောင်းစေတနာလေးကြောင့်လည်းဖြစ်ပါတယ်။ ရွှေပိုးအိမ်က သူမကိုအားပေးတဲ့ အမာခံဖန်အများအပြားကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒီရက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ဗိုလ်ချုပ်စျေးထဲက အသီးရောင်းတဲ့ အဘကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး အရင်းအနှီးတွေ ဖျက်စီးခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဝေဖန်မှုအမျိုးမျိုးခံနေရတာဖြစ်ပါတယ်။ အသီးသည်အဘဟာ လှိုင်သာယာကနေပြီး ဗိုလ်ချုပ်စျေးထဲကို အသီးလာရောင်းရတာဖြစ်ပြီး မသန်စွမ်းသမီးလေးအပါအဝင် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ အဘရဲ့အရင်းအနှီးတွေကို ဖျက်စီးလိုက်တာကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေက အဘကို သွားရောက်လှူဒါန်းဖို့ နဲ့ အဘကို နေရာအတည်တကျ စျေးရောင်းချနိုင်အောင် ကူညီပေးဖို့ အမျိုးမျိုးကြိုးစားနေကြတာကိုလည်းတွေ့ရပါတယ်။ ရွှေပိုးအိမ်ကတ