Skip to main content

မိန်းကလေးတွေက ကိုယ့်ထက် အသက်ကြီးတဲ့ လူကို ရွေးချယ်တတ်ကြတဲ့ အကြောင်းအရင်းများ

မိန်းကလေးတွေက ကိုယ့်ထက် အသက်ကြီးတဲ့ လူကို ရွေးချယ်တတ်ကြတဲ့ အကြောင်းအရင်းများ



မိန်းကလေးအများစုက ကိုယ့်ထက် အသက်ကြီးတဲ့ သူကိုပဲ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ချင်ကြပါတယ်။ မိန်းကလေးတွေက မောင်လေးတွေ၊ ရွယ်တူလေးတွေထက် ဘာလို့ ကိုကြီးတွေကိုပဲ ရွေးချယ်ချင်ကြတာလဲ? မိန်းကလေးတွေ ကိုယ့်ထက်အသက်ကြီးတဲ့ လူကို ရွေးချယ်ရတဲ့ အကြောင်းအရင်းတွေက ဒါတွေကြောင့်ပါတဲ့နော်။

၁။ ကိုယ့်ထက် ရင့်ကျက်မှုရှိလို့



ကိုယ့်ထက် အသက်ကြီးတဲ့သူတွေဟာ ရင့်ကျက်မှုတွေ၊ အတွေ့အကြုံတွေအများကြီး ရှိတတ်လို့ပါ။ ကိုယ့်ထက်အရာရာကို သိတတ်နားလည်တတ်ကြတဲ့ သူတို့ကို မိန်းကလေးတွေက အားကိုးချင်စိတ်ဖြစ်မိတာကတော့ မထူးဆန်းပါဘူးနော်။ ဒါကြောင့်ပဲ မိန်းကလေးတွေက ကိုယ့်ထက်ရင့်ကျက်တည်ငြိမ်မှုရှိတဲ့ ကိုကြီးတွေကို ရွေးချယ်တတ်ကြတာပါ။

၂။ စိတ်မကစားတတ်လို့


ကိုကြီးတွေဆိုတာက အသက်ငယ်ငယ်ကောင်လေးတွေလို စိတ်မကစားတတ်ကြတော့ပဲ လှတာလေးမြင်ရင် လိုက်ငမ်းတတ်တဲ့ အရွယ်မဟုတ်တော့ပါဘူး။ ဒီတော့ သူတို့ဟာ မောင်လေးတွေထက် အများကြီး စိတ်ချယုံကြည်ရပါတယ်။ ချစ်သူတွေအများကြီးထားမနေတော့ပဲ တစ်ယောက်ထဲကိုပဲ သေချာချစ်ပြီ တစ်သက်လုံးလက်တွဲဖော်အဖြစ် ရွေးချယ်တတ်ကြတဲ့ အရွယ်ဖြစ်တာကြောင့် မိန်းကလေးတွေက ကိုကြီးတွေကို သဘောကျကြတာ ဖြစ်ပါတယ်။

၃။ နားလည်ပေးတတ်ပြီး အမြဲအလျော့ပေးတတ်လို့



ကိုကြီးတွေက သူတို့ချစ်တဲ့သူအပေါ်ကို အမြဲတမ်း နားလည်မှုပေးတတ်တဲ့ သူတွေဖြစ်ကြပါတယ်။ ဗိုလ်ကျသမျှကို အမြဲတမ်း အလျော့ပေးတတ်ပြီးတော့ စိတ်ဆိုးစိတ်ကောက်တိုင်းလည်း ချော့တတ်ကြတဲ့ သူတွေပါ။ ပြသနာတိုင်းကို နားလည်လွယ်ပြီး သေချာဖြေရှင်းနိုင်စွမ်းရှိတဲ့ သူတွေဖြစ်ကြပါတယ်။

၄။ ဂရုစိုက်တတ်လို့

ကိုကြီးတွေက ကိုယ်ချစ်တဲ့မိန်းကလေးကို အရမ်းဂရုစိုက်တတ်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ဘယ်နေရာမှာ မဆို အမြဲဂရုတစိုက်မှုပေးတတ်ကြတဲ့ သူတွေဖြစ်သလို လုံခြုံစိတ်ချရမှုကို ပေးနိုင်တဲ့ သူတွေဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတွေက သူတို့ကို ဂရုစိုက်ပြီး ချစ်တတ်တဲ့ ကိုကြီးတွေကိုပဲ ပိုရွေးချယ်တတ်ကြပါတယ်။

၅။ လက်တွဲဖော်ကောင်းဖြစ်လို့

ကိုကြီးတွေဟာ စိတ်မကစားတတ်ဘူး၊ နားလည်မှုပေးနိုင်တယ်၊ ဂရုစိုက်တတ်တယ်၊ ကိုယ့်အပေါ် အချစ်စိတ်နဲ့ ချစ်တတ်တယ်၊ ဘဝအတွက် ခိုင်မာမှုရှိတယ် စတဲ့အချက်တွေကြောင့် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်နိုင်လို့ မိန်းကလေးတွေက သဘောကျကြတာဖြစ်ပါတယ်။ ကိုကြီးတွေကို ရွေးချယ်ခြင်းက သူတို့ကို ပိုလုံခြုံမှုပေးနိုင်တဲ့အတွက်ကြောင့်ပါ။



ကဲဘာလုပ်နေတာလဲ ကိုကြီးတစ်ယောက်လောက် မြန်မြန် ရှာတော့လေ

Nay Pyi Taw Times

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...