Skip to main content

မနမ်းထိုက်တဲ့ ပန်းတစ်ပွင့်

မနမ်းထိုက်တဲ့ ပန်းတစ်ပွင့်



ကိုယ်နဲ့ လက်မထပ်ရသေးပဲ ဖေ့ဘုတ်ပေါ်မှာ ကိုယ့်ချစ်သူပုံနဲ့နှစ်ယောက် တွဲတင်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်

အသိ-သတိ ရှိပါ -ညီမငယ်(သို့) မနမ်းထိုက်တဲ့ ပန်းတစ်ပွင့်

ကိုယ်နဲ့ လက်မထပ်ရသေးပဲနဲ့ facebook ပေါ်မှာကိုယ့်ချစ်သူ ပုံနဲ့နှစ်ယောက် တွဲတင်ခြင်းက ဓါးသွားထက်မှာ လမ်းလျှောက်နေရတာနဲ့ အတူတူပါပဲ~ညီမငယ်~



တစ်ကယ်လို့သာ ကံကြမ္မာက လှည့်စားသွားခဲ့ရင်ပထမဦးဆုံး ထိရှခံစားရမှာက ဘယ်သူလို့ထင်လဲကိုယ့်နှလုံးသား မဟုတ်သလို မာနနဲ့ သိက္ခာတွေပါ -ညီမငယ်~

နှလုံးသားတွေ နာမကျန်းဖြစ်စေတာက တိတ်တဆိတ်လေးငိုကြွေးလို့ရတယ်။
ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေရမှာ ညီမငယ်မိသားစုပါ ~

ချစ်တာကို လက်ခံပါတယ် ဒါပေမယ့် နားလည်မူ့ဆိုတဲ့အလွှာလေးတစ်ခုခြားရုံနဲ့ လမ်းခွဲသွားကြရသူတွေ ကိုယ့်မျက်စိရှေ့မှာတင် တစ်ပုံကြီးပါ -ညီမငယ်~

အထူးသဖြစ် ဆယ်ကျော်သက်အရွယ် ညီမငယ်များကိုပိုပြီး သတိပေးချင်ပါတယ်။
ချစ်တတ်စမှာ ရှေ့နောက်မမြင်ပဲအပျော်ရွင်ပြီး နှစ်ယောက်တွဲပုံတွေ လက်မထပ်ရသေးခင်တင်နေလေ့ရှိကြတယ် ….

ချစ်သူနှစ်ယောက် (သဟဇာတ)မကျလို့-အဆင်မပြေတဲ့အခါ မဆုံခဲ့ကျရင်ဖြစ်စေ ပထမဦးဆုံးနင့်နာရမှာက ညီမငယ် တို့ မိန်းကလေးသာ ဖြစ်ပြီး~

နောက်တစ်ယောက်နဲ့ ချစ်တဲ့ အခါမိမိရဲ့အိမ်ထောင်ဖက်နဲ့ အချစ်စစ်နဲ့ တွေ့သောအခါအရိပ်မည်းကြီးအဖြစ် ရှိနေတော့မှာပါ….

ချစ်တာကို လက်ခံလို့ ရပါတယ်။
ဒါပေမယ့် လက်မထပ်ရသေးခင် အထိ နှစ်ယောက်တွဲပုံကို facebook လိုကျယ်ပြန့်လှတဲ့ လူမူ့ကွန်ယက်မှာ လုံးဝ မတင်စေလိုပါ~

လက်ထပ်ပြီး သွားတဲ့ခါ တင်ပါ ပြုံးပျော်ရွင်နေတဲ့ ဘဝလေးကို အားကျအတုယူရင်းLikeတွေ Ment တွေအားပါးတရ ရေးပေးနေပါ့မယ်~

တစ်ကယ်တော့ facebook မှာ နှစ်ယောက်တွဲ တင်ရမှအချစ်စစ် ဖြစ်လာမှာ မဟုတ်ပါဘူး ။ အဲ့ဒါတွေက အဘိုးအဖွားလက်ထက်မှာ ဘာမှမရှိခဲ့လို့ ညီမငယ်တို့ လူဖြစ်လာတာပါ~

စဉ်းစားတွေးခေါ်တတ်မှ ဘဝကအဓိပ္ပယ်ရှိသလိုထိန်းသိမ်းသင့်တာကို ထိန်းသိမ်းနိူင်မှ အဲ့ဒီဘဝက တန်ဖိုးရှိမှာပါ~

ချစ်သူက facebook မှာနှစ်ယောက်တွဲတင်ရမှ ချစ်မယ်ဆိုရင် ရဲရဲကြီးသာ လမ်းခွဲလိုက်ပါတော့ သူ့အချစ်က တစ်ဖက်သပ် ရူးမိုက်နေလို့ပါပဲ~

အချစ်စစ်က နှလုံးသားမှာပဲ ရှိတာပါ သစ္စာတရားက အသိညဏ်မှာ ခိုဝင်နေပါတယ် facebook ပေါ်မှာရှိနေတာမဟုတ်ပါဘူး ညီမငယ်~

လူသားတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြပါတယ် ….ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာကအဓိက ကျသလဲဆိုတာ ဦးဏှောက်နဲ့ စဉ်းစားတွေးခေါ်တတ်ပါစေ ညီမငယ် ~

facebook သုံးနေတဲ့ ညီမငယ်များ အမှန်တရားကိုမြတ်နိူးတန်ဖိုးထား ပြီး အနာဂတ်မှာ အပြစ်ကင်းစွာနဲ့ကမ္ဘာကို ကိုင်လှုပ်မယ့် ပုခတ်လွှဲသော မိခင်လောင်းများ ဖြစ်နိူင်ကြပါစေ လို့ဆုတောင်းမေတ္တာပို့သလျှက်…..။



#Crdမေတ္တာဖြင့်….M’MT / ရဲရင့် ထွန်း

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...