Skip to main content

ကမ္ဘာကျော် အကြမ်းဖက် ISIS အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးကို ရဲတွေဖမ်မိတော့မှ အံ့ဩခဲ့တဲ့ဖြစ်အပျက်

 ကမ္ဘာကျော် အကြမ်းဖက် ISIS အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးကို ရဲတွေဖမ်မိတော့မှ အံ့ဩခဲ့တဲ့ဖြစ်အပျက်



ISIS ဆိုတာ ဘာသာရေးအကြောင်းပြပြီးတော့ ဘာသာဝင် မဟုတ်သူတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ အဖွဲ့အစည်းအဖြစ် တစ်ကမ္ဘာလုံးက ရွံမုန်းနေကြတာဖြစ်ပါတယ်။သူတို့ဟာ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို Live လွင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ကြတာကြောင့်လည်း ISIS ဆိုရင် တစ်ကမ္ဘာလုံးက ရွံမုန်းကြောက်ရွံနေကြတာဖြစ်ပါတယ်။သူတို့ကလည်း အဲ့လို အကြောက်တရားနဲ့ လွှမ်းမိုးထားဖို့အတွက် ရက်စက်စွာသတ်ဖြတ်ပြတာဖြစ်ပါတယ်။



အရှေ့အလယ်ပိုင်းတစ်လျှောက်မှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ ISIS ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က အီရတ်ရဲတပ်ဖွဲ့က ဝင်းစီးရင်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးသူတွေက အံ့သြသင့်ခဲ့ရတာကတော့ ISIS ခေါင်းဆောင်ဟာ သူတို့ထင်မှတ်ထားသလို မုတ်ဆိတ်ကားကားနဲ့ ယုတ်မာရိုင်းစိုင်းတဲ့ပုံမဟုတ်ပဲ ကိုယ်အလေးချိန်ပေါင် ရာချီနေတဲ့ လူဖက်တီးကြီးဖြစ်နေခဲ့လို့ပါ။



သူ့ရဲ့နာမည်ကတော့ Shifa al-Nima လို့ခေါ်ပြီးတော့ သူဟာဆိုရင် ISIS အဖွဲ့က ဖမ်းမိတဲ့ သူတွေကို သတ်ဖြတ်ဖို့ နဲ့ ကျွန်ပြုဖို့ အမျိုးသမီးတွေဆိုရင် မုဒိန်းကျင့်ဖို့အတွက် ညွှန်ကြားသူ တစ်ဦးဖြစ်ပြီးတော့ သူဟာ ဘာသာရေးအရ တရားစီရင်ခြင်းအပိုင်းကို ကိုင်တွယ်ရသူဖြစ်တယ်လို့ သိရပါတယ်။ရဲတွေဟာ သူ့ကို ဒီအတိုင်းဖမ်းဆီးဖို့ မဖြစ်နိုင်လို့ထရက်ကားနဲ့ သယ်ခဲ့ရတယ်လို့ သိရပါတယ်။

Nay Pyi Taw Tines

#Crd..SMT ( Shwe Yaung Lan )

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...