နေပြည်တော်မှာ ပထမဦးဆုံး ပန်းပွဲတော်
ပန်းချစ်သူများအတွက်သတင်းကောင်းလေးလာပြီနော်
ပန်းပွဲတော်ဆိုများသောအားဖြစ်ပြင်ဦးလွင်ပဲပြေးမြင်ကြမိမယ်ထင်ပါရဲ့ကိုယ်တွေရဲ့မွေးရပ်မြေ
သာယာလှတဲ့နေပြည်တော်ရှိ ရေပန်းဥယျာဥ်၌ ပထမဦးဆုံး ပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
ပထမဦးဆုံးကျင်းပပြုလုပ်မည့် ပန်းပွဲတော်အတွင်းပြသသွားမည့် ပန်းအများစုသည် ထိုင်းနိုင်ငံမှ မှာယူထားခြင်းဖြစ်ပြီး မြန်မာ့အလှလှည်းယဥ်နှင့် ရှေးဟောင်းကားတို့ဖြင့် ဆင်ယင်၍ ပြသသွားမည်ဖြစ်ကြောင်း ပွဲတော်တာဝန်ယူစီစဥ်သည့် စန်းမြတ်ထွန်း ကုမ္ပဏီမှ တာဝန်ရှိသူကပြောကြားသည်။
အဆိုပါပန်းပွဲတော်ကို ဖေဖော်ဝါရီ ၇ ရက်မှ မတ် ၃၁ ရက်ထိ လှပစည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
လာရောက်ကြရန်ဖိတ်ခေါ်အပ်ပါသည်။
#Nay Pyi Taw Times
Comments
Post a Comment