မင်းရုပ်ဆိုးတယ်နော် လက်ခံလိုက်စမ်းပါ ။
(အောင်သင်း)
အဲဒီရုပ်ဆိုးတဲ့ သူတွေက ဖန်တီး တည်ဆောက်
ထားတာတဲ့ဗျား ။
ရုပ်ချောတဲ့ သူတွေကိုဆို လောကကြီးက
အသာတကြည် လက်ခံလိုက်တယ် ။
{အဲတော့ကြိုးစားစရာမလိုတော့ မကြိုးစားတော့ဘူး}
[ ရုပ်ချောတဲ့ကလေးကို လူတိုင်းချီချင်ကြတယ်လေ ]
[ ရုပ်ဆိုးတဲ့ကလေးကြတော့ ဘယ်သူ့သားသမီးတဲ့
ဪ ဟုတ်လား ဒီလောက်ပဲ ။ မဟုတ်လား ]
ရုပ်ဆိုးတဲ့သူတွေကျတော့ လောကကြီးက အသာတကြည် လက်မခံဘူး အဲတော့ ကြိုးစား ရတယ် ။
ဒီတော့ အရည်အချင်း တွေရှိလာတာပေါ့ ။
ရေရှည်မှာ အဲဒီ အရည်အချင်း ရှိတဲ့သူတွေကပဲ
လောကကြီးကို ဖန်တီးတည်ဆောက်သွားတာပဲ။
အမေရိကန် သမ္မတ တွေထဲမှာရုပ်ချောတဲ့ သမ္မတ ၅ ယောက်လောက်ပါဖူးတယ် ။
ဒါပေမယ့် အဲဒီ သမ္မတ ၅ ယောက်ကို ပြည်သူတွေကိုပြပြီး မေးကြည့်တော့ ဘယ်သူမှ မမှတ်မိတော့ဘူး။
သမ္မတ ဖြစ်ခဲ့ဖူးတယ် တော့ထင်တယ် ဒီလောက်ပဲ ၊
သူတို့မှတ်မိတဲ့ သမ္မတ တွေကိုကြည့်လိုက်တော့
ဂျော့ဝါရှင်တန် လင်ကွန်း စတဲ့ ရုပ်ဆိုးတဲ့ သူတွေပဲဖြစ်နေကြတယ်တဲ့ ။
ဒီတော့ မင်းရုပ်ဆိုးတယ်နော် လက်ခံလိုက်စမ်းပါ ။
ပြီးရင် အရည်အချင်း ရှိအောင်သာ အားထုတ်လိုက်စမ်းပါ
》》》🕺အောင်သင်း🕺《《《
Comments
Post a Comment