ရွေးချယ်ခွင့် ရမယ်ဆိုရင်
အကောင်းဆုံး ဆိုတာတွေထက်
ကိုယ်နဲ့ အသင့်တော်ဆုံးဆိုတာတွေကို
ရွေးချယ်လိုက်ခြင်းက
လွတ်လပ်ပျော်ရွှင်မှုကို ရစေလိမ့်မယ် ...
ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်
တန်ဖိုးအကြီးဆုံး ဆိုတာတွေထက်
ကိုယ့်အတွက် အသုံးဝင်ဆုံးဆိုတာတွေကို
ပိုင်ဆိုင်ခွင့် ရခြင်းက
စိတ်ချမ်းသာမှုကို ပေးနိုင်လိမ့်မယ် ...
ကြိုးစားခွင့် ရှိမယ်ဆိုရင်
မော်နိုင်၊ကြွားနိုင်ဖို့ ကြိုးစားခြင်းထက်
ကိုယ့်တန်ဖိုးပိုတက်စေမယ့်လုပ်ရပ်တွေအတွက်
ကြိုးစားအားထုတ်ခြင်းက
ဘဝအဓိပ္ပာယ် ပိုပြည့်စုံလိမ့်မယ် ...
ဆုတောင်းခွင့် ရှိမယ်ဆိုရင်
လိုတရပြည့်စုံတဲ့ဘဝ ရပါစေ
ဆုတောင်းခြင်းထက်
ကိုယ်ဖြစ်ချင်တဲ့အတိုင်း
ကြိုစားတည်ဆောက်ခွင့်ရှိတဲ့ဘဝ ရပါစေ လို့
ဆုတောင်းတာက ပိုပြီးအဓိပ္ပာယ်ရှိလိမ့်မယ် ...
ဘဝမှာ အခွင့်အရေးတွေကတော့
အနည်းနဲ့အများ ရှိနေပါလိမ့်မယ် ...
ဒီအခွင့်အရေးတွေပေါ်
ဘယ်လိုအသုံးချမလဲဆိုတာကတော့
ကိုယ့်ရဲ့သဘောထားပေါ် မူတည်ပါတယ် ...
အိပ်မက်တွေ၊ပြည့်စုံခြင်းတွေ
အောင်မြင်ခြင်းဆိုတာတွေကို
ကိုယ့်စိတ်က ပြဌာန်းပြီး
ကိုယ့်ကိုကိုယ်အကဲဖြတ်နေတာက
ကိုယ့်အတွက် အကောင်းဆုံးပါပဲ ...
#WPH
Comments
Post a Comment