Skip to main content

ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများ


ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများ



ဂျင်းကို နေ့တိုင်းနီးပါးစားရင် သင့်နှလုံးနဲ့ ဦးနှောက်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဂျင်းကို အစာခြေစနစ်နဲ့ နာကျင်တာတွေ ပျောက်ကင်းဖို့ သုံးစွဲကြပါတယ်။

ဒါကြောင့် ဂျင်းကို နေ့တိုင်းစားပြီး ၁လအကြာမှာ ခံစားရမယ့် အကျိုးကျေးဇူးများကို ဝေမျှချင်ပါတယ်။

၁။ ဂျင်းက အစာခြေစနစ်ကို ကူညီပေး




ဂျင်းမှာ Gingerols နဲ့ Shogaol ဓာတ်တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အဲ့ဒီအပြင် အာဟာရဓာတ် စုပ်ယူမှုပိုကောင်းစေပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။ ဝမ်းပိတ်တာ၊ အစာမကြေတာ၊ ဗိုက်ဝတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

၂။ မူးဝေအော့အန်တာကို ကုသနိုင်




မူးဝေ အော့အန်ရင် ဂျင်းကို စားလိုက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဂျင်း ၁ ဂရမ်ကို စားသုံးရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင် မနက်ခင်းအန်တာကို သက်သာစေပါတယ်။

၃။ နာကျင်ကိုက်ခဲတာကို သက်သာ




ဂျင်းက ရောင်ကိုင်းတာ၊ နာကျင်ကိုက်ခဲတာတွေသက်သာစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်တာကြောင့် နာကျင်ကိုက်ခဲတာကိုလည်း ပျောက်ကင်းစေပါတယ်။

၄။ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေနည်းပါး





ဂျင်းမှာပါဝင်တဲ့ ဓာတ်တွေက သွေးကြောတွေထုံးတာ၊ သွေးလွန်တာတွေကို ကာကွယ်ပေးပါတယ်း။ သွေးတိုးတာတွေ၊ ဆေးလိပ်သောက်တာတွေကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

၅။ ဂျင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး သွေးအတွင်း ကိုလက်စထရော ကိုလည်း ကျဆင်းစေပါတယ်။




တစ်နေ့ကို ဂျင်း ၃ ဂရမ်စားပေးပြီး ၄၅ ရက်အကြာမှာ သွေးအတွင်း ကိုလက်စထရောတွေ၊ Low Density Lipoprotein (LDL) တို့ကို ကျဆင်းစေပါတယ်။

၆။ ကင်ဆာကို ကာကွယ်နိုင်





ဂျင်းမှာပါဝင်တဲ့ 6-Gingerol ကွန်ပေါင်းက ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ အဲ့ဒီ ကွန်ပေါင်းက အကြိတ်တွေကို မဖြစ်ပေါ်လာအောင် တားဆီးပေးပါတယ်။

အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ စတာတွေကို ကာကွယ်ပျောက်ကင်းနိုင်ပါတယ်။

၇။ ဦးနှောက်ကို ဖွံ့ဖြိုးစေ




ဂျင်းက ဦးနှောက်မှာ ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။ တချို့သုတေသနတွေရဲ့ ရလဒ်အရ အယ်ဇိုင်းမားနဲ့ တခြား ဦးနှောက်ဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

Evidence Based Complementary Alternative Medicine ကပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နေ့ကို ဂျင်း ၈၀၀ mg စားရင် ၂ လကြာတဲ့အခါမှာ အာရုံစိုက်မှုအား၊ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေပိုကောင်းလာပြီး ဉာဏ်ပိုပြေးလာတယ်လို့ ဆိုပါတယ်။

ဂျင်းကို ဟင်းချက်တဲ့နေရာမှာ အသုတ်သုပ်တဲ့နေရာမှာလည်း ထည့်သွင်းစားသုံးနိုင်ပါတယ်။

၈။ ဂျင်း လက်ဖက်ရည်



ဂျင်းကို ပါးပါးလေး ၄ ခုကနေ ၆ ခု ကြားလှီးပြီး ရေနွေးပွက်ပွက်ဆူထည့်ထားတဲ့ ခွက်ထဲကိုထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားထားပြီး ဂျင်းကို ဖယ်ကာ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ စားသုံးနိုင်ပါပြီ။

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...