Skip to main content

Posts

Showing posts from July, 2020

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း  ################################ တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။ ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။ ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက

သိကောင်းစရာ လှေခွင်းတောင်သမိုင်း

လှေခွင်းတောင်သမိုင်း ************************ မန္တလေးတိုင်း ၊ ရမည်းသင်းခရိုင် ၊ ပျဉ်းမနားမြို့နယ် ၊ ကျည်တောင်ရွာအနီးတွင် တည်ရှိသော လှေခွင်းတောင်ဘုရားမှာ သမိုင်း၀င် တန်ခိုးကြီး ဘုရား တစ်ဆူဖြစ်ပါသည်။ ရှေးလွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ပုဂံပြည်၌ အနော်ရထာမင်းကြီး ထီးနန်းသိမ်းပိုက်စိုးစံတော်မူစဉ် ပုဂံပြည်အနယ်နယ်အရပ်ရပ်၌ အရည်းကြီးတို့၏ မစစ်မှန်သော အယူဝါဒများ လွှမ်းမိုးနေခဲ့သည်။ အနော်ရထာမင်းကြီး နန်းတက်လာသောအခါ ထိုအယူဝါဒများကို မနှစ်သက်သဖြင့် စစ်မှန်သော သာသနာကို တောင့်တလျှက်ရှိသည်။ ထိုစဉ် သထုံပြည်မှ ရှင်အရဟံသည် သာသနာပြုရန် ပုဂံပြည်သို့ ကြွလာ၏။ အနော်ရထာမင်းကြီးသည် ရှင်အရဟံကို ဖူးတွေ့ရသော် များစွာကြည်ညိုလှ၏။ ပုဂံပြည်၌ သာသနာပြုရန် လျှောက်ထား တောင်းပန်၏။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ အကူအညီဖြင့် အရည်းကြီး များအယူဝါဒကို ဖယ်ရှားသုတ်သင်သည်။ ထို့ပြင် စစ်ရေးအရ ရှင်းလင်းသုတ်သင်ရန် လိုအပ်သော နေရာများသို့ ဓားရေး ၊ လှံရေး ကျွမ်းကျင်သော စစ်သည်သုံးကျိပ်အား ရွေးချယ်၍ အနယ်နယ်အရပ်ရပ်သို့ စေလွှတ်တာ၀န်ပေးအပ်ခဲ့ရာ ရဲသီဟ နှင့် ရဲဒိဗ္ဗ တို့ စစ်သည်ညီအစ်ကိုနှစ်ဦးမှာ ရမည်းသင်းခရိုင်အတွင်း နှိမ်နင်းရန် တာ၀န် ပေ

ဪ လူတွေ လူတွေ

🌼 အိမ်မှာချွေးမ တစ်ယောက်ရှိတယ်။       အိမ်မှုကိစ္စတွေ အကုန်နိုင်နင်းစေချင်တယ်။ 🌻 သူများကို ပေးစားလိုက်တဲ့       သမီးတစ်ယောက်ရှိတယ်။       အဲဒီအိမ်မှာသူ့ကို       ဖူးဖူးမှုတ်ထား စေချင်တယ်။ 🌠 🌼 ကိုယ်လမ်းလျှောက်တုန်းက        ကားမောင်းတဲ့လူကို ပြစ်တင်မိတယ်။ 🌻 ကိုယ်ကားမောင်းပြန်တော့       လမ်းလျှောက်တဲ့လူကို ဆဲဆိုမိပြန်တယ်။ 🌠 🌼 သူများဆီမှာ အလုပ်သမား လုပ်တုန်းက       အလုပ်ရှင်ကို ဆိုးတယ်၊ ကပ်တယ်လို့       ပြောဆိုဖူးတယ်။ 🌻 ကိုယ်အလုပ်ရှင်ပြန်ဖြစ်တော့       အလုပ်သမားတွေ မကြိုးစားဘူးဆိုပြီး       ငြူစူပြန်တယ်။ 🌠 🌼 ကိုယ်တိုင်စျေး၀ယ်တုန်းက ဆိုင်ရှင်ကို       အမြတ်ကြီးစားတယ်၊       လောဘကြီးတယ်ပြောတယ်။ 🌻 ကိုယ်ကိုယ်တိုင်ဆိုင်ရှင်ပြန်ဖြစ်တော့       စျေး၀ယ်တွေ ဂျီးများလွန်းတယ်လို့       ထင်မိပြန်တယ်။ 💞 အမှန်တော့ ကျွန်တော်တို့ အားလုံး       မမှားကြပါဘူး။       နေရာချင်းမတူတော့ စဉ်းစားပုံချင်း       မတူလိုက်တာပါ။ 💞 နေရာလဲပြီးသာ စဉ်းစားတတ်ကြမယ်ဆိုရင်       အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ 💙 တစ်ခုခုလုပ်တော့မယ်၊ ပြောတော့မယ်ဆိုရင်       အဲလူနေရာ ခဏလောက်ဝင်ခံစားကြည့်ပါ။       မင်းရင်ထဲမှာတစ်ခုခုမြ

သိပ်ချစ်ရင် စောင့်လိုက်ပါ ❤

သိပ်ချစ်ရင် စောင့်လိုက်ပါ ❤ ➖➖➖➖➖➖➖➖ 👨‍❤️‍💋‍👨လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ... 👬ဒီနေ့အတွက်သာ ကိုယ်နဲ့အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ်အတွက်တော့ သူ တစ်နေ့  ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်.. 💏လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စိတ်ရှည်သည်းခံခြင်းကို လေ့လာသင်ယူပါ.. 👭ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့် နောင်အနာဂတ်အတွက်တော့ တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်... 👨‍👦ကိုယ့်တကယ် အလိုရှိတဲ့သူကို  မျှော်လင့်စောင့်စားရတယ်ဆိုတာ  နာကျင်စရာအကောင်းဆုံးပါပဲ.. ??👫 ဒါပေမယ့် လက်လျှော့လိုက်ရတဲ့ဘဝမှာ တစ်သက်တာ နောင်တတွေပါသွားခဲ့ရင်တော့ ပိုပြီးတော့ အရမ်းနာကျင်စရာကောင်းပါလိမ့်မယ်..😔 Min Khant Kyaw

Nay Pyi Taw Times's History

#‌နေပြည်တော် နေပြည်တော်သည် မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။ မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။ မြို့တော်၏နေရာတော်တော်များများသည် ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၁၂ ခုနှစ် ဝန်းကျင်တွင် အပြီးသတ်သည်။ ၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ ရှိပြီး ယခုအခါ (၁.၁)သန်းကျော်ရှိကာ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။ သမိုင်း ------------ နေပြည်တော်ဟူ၍ ဖြစ်လာပြီးနောက်ပိုင်း နေပြည်တော်၏သမိုင်းသည် တိုတောင်းလှသော်လည်း နေပြည်တော်မြို့တော်တည်ထားသော ယခု လက်ရှိမြေနေရာများသည် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)၏ စစ်ဌာနချုပ်တည်ရှိခဲ့သောနေရာများဖြစ

နေပြည်တော်ပုဂံ သမိုင်း

နေပြည်တော်က ရှေးဟောင်းဘုရားများနဲ့ သဘာဝအလှတရား။ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာမှာရှိတဲ့ သိမ်ကျောင်းတိုက် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၆၀) ခန့်၊ မြန်မာသက္ကရာဇ် ၁၂၂၀ ခုနှစ်ဝန်းကျင်က ဘိုးတော်ဘုရား (ခေါ်) ပဒုံမင်းလက်ထက်မှာ တည်ထားကိုးကွယ်ခဲ့တာပါ။ ရှမ်းလူမျိုးတွ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်နဲ့ အကိုးအကားအထောက်အထားတွေ အရကတော့ ကုန်းဘောင်ခေတ်၊ အမရပူရခေတ်ရဲ့ လက်ရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ စေတီတော်တွေကို အစု (၃) စုအနေနဲ့ တွေ့ရှိရပြီး စေတီတော်စုစုပေါင်း (၄၂) ဆူရှိပါတယ်။ နေပြည်တော်ရဲ့ ပုဂံမြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ အတိတ်ရဲ့သမိုင်းမြေ၊ ညောင်ပင်ကြီးစုဘုရားကို သွားရောက်လေ့လာနိုင်စေဖို့ Nay Pyi Taw Times က ဖိတ်ခေါ်လိုက်ရပါတယ်။

နေပြည်တော် ပုဂံ

နေပြည်တော်က ပုဂံဘုရားများဆိုပြီး နာမည်ကြီးပါတယ်။ ရှေးဘုရား စုစုလေးတွေဟာ ကုန်းဘောင်ခေတ် လက်ရာတွေလို့ ကျောက်စာ မှတ်တမ်းတွေအရ သိရပါတယ်။ ထန်းတောတွေ ကြားထဲမှာ တည်ရှိနေပြီး ရှေးလက်ရာ ဘုရားတွေဟာ အခုနှစ်ပိုင်းတွေမှ နာမည်ကြီးလာတာပါ။ ဒီဘုရားစုတွေကို သွားမယ်ဆိုရင် ရာဇဌာနီ လမ်းမကြီးနဲ့ ပျဉ်းမနား တောင်ညို လမ်းနှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းမကျယ်ကြီးကနေ ညောင်ပင်ကြီးစုရွာက ညောင်ပင်ကြီးစု ရှေးဘုရားများဆိုတဲ့ လမ်းညွှန်အတိုင်း သွားရင် ဘုန်းကြီးကျောင်း ဝင်းအတွင်းမှာ တည်ရှိနေပါတယ်။

အာဇာနည်နေ့ ဒို့မမေ့(၁၉ ဇူလှိုင် ) အမှတ်တရ ကဗျာ

အာဇာနည်နေ့(၁၉ ဇူလှိုင် ) ************************************************      *  ကြည့်လိုက်စမ်းပါ  ကောင်းကင်မှာ         တိမ်ညိုတွေအုပ်ဆိုင်း  မြင်ကွင်းတိုင်းကလွမ်းစရာ       * ကံကြမ္မာအလှည့်အပြောင်းနဲ့          သူတော်ကောင်းတွေ  ကျဆုံးတဲ့ဒီနေ့         *သူရဲကောင်းတွေ ကျွေလွင့်ခဲ  ဒီနေ့        **အာဇာနည်တို့သွေးမြေကျ         *  မြန်မာပြည်ရဲ့ အလှမရှိတဲ့နေ့       *   ပြည်သူတစ်ရပ်လုံး  မျက်ရည်မဆည်နိုင်     *     ဇူလှိုင်မိုးနဲ့အပြိုင်   မေ့ဖို့ခက်ခဲသလို      **   မေ့ဖို့လည်းမဖြစ်နိုင်     ***     ဒီဆယ့်ကိုးဇူလှိုင်ပေါ့ ……………                  ~  မရှိတော့တာသိပေမယ့်        ~~  ဘယ်တော့ပြန်လာမလဲလို့      ~~~   အိမ်အပြင်ကို  ခဏခဏမျှော်မိတဲ့        ~~~   သူတို့သူတို့တွေအားလုံး         ~~~  ဝမ်းနည်းမဆုံးတဲ့မြင်ကွင်း          ~~ ရင်တွင်းမှာမချိလို့  ဖြေစရာရှာကြည့်တော့           ~~~ သူတို့လိုဘဲ   အားလုံးသော          ~~~   ပြည်သူအပေါင်း          **           အမိုးအကာမရှိတဲ့အိမ်လို          *   အမိမှဲ့သား ရေနည်းငါးလို           *   ဝမ်းနည်းငိုရှိုက်  သဲခိုက်နာကျင်          **  ဖြေမရွှင်ဘူး              

၁၉ ဇူလှိုင်မမေ့နိုင်

အာဇာနည်နေ့သန္နိဋ္ဌာန် ကကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၌ သမိုင်းဝင် နေ့ထူးနေ့မြတ်များများစွာရှိသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့ စသည်ဖြင့် ဂုဏ်ယူဖွယ် အမှတ်တရနေ့ရက်များ ရှိကြသည်။ သို့သော် လည်း အာဇာနည်နေ့ သည်ကား ဝမ်းနည်းတသ ယူကျုံးမရ ဖြစ်ရသော၊ တစ်တိုင်းပြည်လုံးအတွက် ကံဆိုး မိုးမှောင်ကျ သော အမင်္ဂလာ နေ့ရက်ဆိုးကြီးဖြစ်သည်။ သို့သော်လည်း အာဇာနည်များကို ဂုဏ်ပြုပြီး အာဇာနည် များ ချမှတ်ထားသော လမ်းစဉ်သို့ ယခုအခါ ပြည်သူ့အစိုးရသည် လျှောက်လှမ်းနေပြီဖြစ်သည်။   အာဇာနည်ပုဂ္ဂိုလ်ဟူသည်   အာဇာနည်သည် ပါဠိဝေါဟာရ အာဇာနေယျမှ ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာတို့က အာဇာနည်ဟု မြန်မာမှုပြု၍ ခေါ်ဝေါ် နေခြင်းဖြစ်သည်။ မြန်မာအဘိဓာန်၌ အာဇာနည်၏ အဓိပ္ပာယ်ကို ‘အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည် နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ’ ဟု ဖော်ပြ ထားပါသည်။   အာဇာနည်ပုဂ္ဂိုလ်တို့သည် ကိုယ်ကျိုးမဖက် အနစ်နာခံခြင်း၊ အမျိုးဘာသာသာသနာအတွက် စွန့်လွှတ်အနစ်နာခံခြင်း၊ တိုင်းပြည်အတွက် အရိုးကြေကြေ အရည်ခန်းခန်း အသက်ကိုပင် ပဓာနမထားဘဲ ရွပ်ရွပ်

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို