နေပြည်တော်က ပုဂံဘုရားများဆိုပြီး နာမည်ကြီးပါတယ်။ ရှေးဘုရား စုစုလေးတွေဟာ ကုန်းဘောင်ခေတ် လက်ရာတွေလို့ ကျောက်စာ မှတ်တမ်းတွေအရ သိရပါတယ်။ ထန်းတောတွေ ကြားထဲမှာ တည်ရှိနေပြီး ရှေးလက်ရာ ဘုရားတွေဟာ အခုနှစ်ပိုင်းတွေမှ နာမည်ကြီးလာတာပါ။ ဒီဘုရားစုတွေကို သွားမယ်ဆိုရင် ရာဇဌာနီ လမ်းမကြီးနဲ့ ပျဉ်းမနား တောင်ညို လမ်းနှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းမကျယ်ကြီးကနေ ညောင်ပင်ကြီးစုရွာက ညောင်ပင်ကြီးစု ရှေးဘုရားများဆိုတဲ့ လမ်းညွှန်အတိုင်း သွားရင် ဘုန်းကြီးကျောင်း ဝင်းအတွင်းမှာ တည်ရှိနေပါတယ်။
မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~ အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~ ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။ မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။ အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။ ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။ ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင် တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။ "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။ "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။ ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌ ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။ "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။ အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...
Comments
Post a Comment