Skip to main content

Nay Pyi Taw Times's History

#‌နေပြည်တော်

နေပြည်တော်သည် မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ပျဉ်းမနားမြို့၏ အနောက်ဘက် ၂ မိုင် (၃.၂ကီလိုမီတာ) ဝေးသော အစိမ်းရောင်ကွင်းပြင်နေရာသို့ တရားဝင်ပြောင်းရွေ့ခဲ့သည်။ ယခင်မြို့တော်ဟောင်း ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်းခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) မျှကွာဝေးသည်။ မြို့တော်၏တရားဝင်အမည် ကို ၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် မြန်မာ့တပ်မတော်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။ မြို့တော်၏နေရာတော်တော်များများသည် ဆောက်လုပ်နေဆဲဖြစ်ပြီး ၂၀၁၂ ခုနှစ် ဝန်းကျင်တွင် အပြီးသတ်သည်။ ၂၀၀၉ ခုနှစ်စာရင်းအရ လူဦးရေ ၉၂၅,၀၀၀ ရှိပြီး ယခုအခါ (၁.၁)သန်းကျော်ရှိကာ ရန်ကုန် နှင့် မန္တလေး ပြီးလျှင် တတိယအကြီးဆုံးမြို့ ဖြစ်သည်။ မြို့၏နေရာအများအပြားသည် အစိုးရလူနေအဆောက်အဦးများ ဖြစ်သည်။

သမိုင်း
------------
နေပြည်တော်ဟူ၍ ဖြစ်လာပြီးနောက်ပိုင်း နေပြည်တော်၏သမိုင်းသည် တိုတောင်းလှသော်လည်း နေပြည်တော်မြို့တော်တည်ထားသော ယခု လက်ရှိမြေနေရာများသည် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)၏ စစ်ဌာနချုပ်တည်ရှိခဲ့သောနေရာများဖြစ်သောကြောင့် ၎င်းမြေနေရာများ၏ သမိုင်းမှာ အလွန်ရှည်လျားလှသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ယိုးဒယားမှ ချီတက်လာပြီး ပျဉ်းမနား-လယ်ဝေးတွင် စစ်ဌာနချုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခု နေပြည်တော်မြို့တော်သည် ဗမာ့လွတ်လပ်ရေးအတွက် အစပြုခဲ့သော မြန်မာနိုင်ငံ၏ "အောင်မြေ" တွင် တည်ရှိနေခြင်းဖြစ်သည်။ နေပြည်တော်ကို ပျဉ်းမနားမြို့၏အနောက်ဘက် ၂ မိုင် (၃.၂ ကီလိုမီတာ ) အကွာတွင် တည်ထောင်ခဲ့သည်။ ရန်ကုန်မြို့ ၏မြောက်ဘက် ခန့်မှန်ခြေအားဖြင့် မိုင် ၂၀၀ (၃၂၀ ကီလိုမီတာ) အကွာတွင်တည်ဆောက်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ အေးရှားဝေါလ် နှင့် ထူးလီမိတက် အပါအဝင် အနည်းဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ၂၅ ခုကို အစိုးရမှ ငှားရမ်းခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်စေခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးမှုမရှိသေးသော်လည်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အစိုးရအဖွဲ့များ နေပြည်တော်သို့ အဖွဲ့များခွဲ၍ စတင်ပြောင်းရွှေ့ခဲ့သည်။

၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက်တွင်၊ စစ်သည် ၁၂,၀၀၀ ကျော်သည် မြို့တော်အသစ်တွင် ပထမဆုံး လူထုဆောင်ရွက်လှုပ်ရှားမှုအဖြစ် ချီတက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်သိမ်းပိုက်မှုကို တော်လှန်ခဲ့သော နှစ်ပတ်လည်နေ့ဖြစ်သည့် တပ်မတော်နေ့ကိုဂုဏ်ပြုရန် ကြီးမားသည့် စစ်ရေးပြ ချီတက်ခြင်း ဖြစ်သည်။ ကွန်ကရစ် စစ်ရေးပြကွင်း အတွင်းသို့ ရုပ်ရှင်၊ ဗွီဒီယို၊ ဓါတ်ပုံရိုက်ခြင်းကို တားမြစ်ထားပြီး၊ ကွင်းထဲတွင် မြန်မာမင်းများဖြစ်ကြသည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရား တို့၏ကြီးမားသည့် ရုပ်တုကြီးသုံးခု ရှိသည်။ ထိုမင်းသုံးပါးကို မြန်မာ့သမိုင်းတွင် အရေးအကြီးဆုံးသောဘုရင်များအဖြစ် မှတ်ယူထားသည်။ မြို့၏အမည်ကို ထိုစစ်ရေးပြပွဲကျင်းပနေစဉ်အတွင်း တရားဝင်ခေါ်ဆိုခဲ့သည်။

ပထဝီအနေအထား
-------------------------

နေပြည်တော်သည် ပဲခူးရိုးမတောင်တန်းနှင့် ရှမ်းရိုးမတောင်တန်း နှစ်ခုတို့၏အကြားတွင် တည်ရှိသည်။ တရားဝင်စာရင်းများအရ မြို့တော်သည် ၇၀၅၄.၃၇ စတုရန်းမိုင်ကျယ်ဝန်းပြီး၊ လူဦးရေ ၉၂၄,၆၀၈ ရှိသည်။ ချောင်းမကြီးဆည်သည် နေပြည်တော်၏မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာအဝေးတွင်ရှိပြီး၊ ငလိုက်ဆည်မြို့၏ အနောက်ဘက် ကီလိုမီတာအနည်းငယ် အကွာတွင်ရှိသည်။ ရေဆင်းဆည်သည် မြို့၏ အရှေ့မြောက် ခပ်လှမ်းလှမ်းတွင်ရှိသည်။ မြောက်လတ္တီတွဒ် ၁၉° ၁၈' နှင့် ၂၀° ၂၅' အကြား ၊ အရှေ့လောင်ဂျီတွဒ် ၉၅° ၄၅' နှင့် ၉၆° ၄၅' အကြားတွင် တည်ရှိသည်။ နေပြည်တော်သည် ရန်ကုန်နှင့် ၃၂၀ ကီလိုမီတာ (၁၉၈ မိုင်) ၊ မန္တလေးမြို့နှင့် ၁၃၈ မိုင် ကွာဝေးသည်။

တပ်မတော်ဇုန်များ
---------------------

အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် အခြားသောအရေးပါသည့် စစ်အရာရှိကြီးများသည် သာမန်ဝန်ထမ်း များနေထိုင်ရာမှ ၁၁ ကီလိုမီတာကွာဝေးသည့် စုပေါင်းဝင်းကြီးအတွင်းတွင် နေထိုင်ကြသည်။ မြို့တွင် တပ်မတော်ဇုန်ဟုလည်း သီးသန့်ရှိပြီး၊ ခွင့်ပြုမိန့်မရှိပဲ နိုင်ငံသားများ သို့မဟုတ် အခြားသောလူပုဂ္ဂိုလ်များ ဝင်ရောက်ခွင့်မရှိပါ။

ဟိုတယ်ဇုန်
-----------------

တော်ဝင်ကုမုဒြာဟော်တယ်၊ နေပြည်တော်ဟိုတယ်ဇုန်တွင်ရှိသည်။
ဟိုတယ်ဇုန်တွင် နားနေစံအိမ်ပုံစံ ဟော်တယ်များသည် လက်တစ်ဆုပ်စာလောက်သာရှိပြီး၊ မြို့၏ဆင်ခြေဖုံးရှိ တောင်ကုန်းများပေါ်တွင် ဟိုတစ်ခု ဒီတစ်ခု ရှိနေသည်။ ဤဇုန်သည် မြို့၏မြို့လယ်ခေါင် ဖြစ်လာမည်ဖြစ်သည်။ နေပြည်တော်အတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် ယခုလက်ရှိ ဟိုတယ် ..ခုရှိသည်။

နိုင်ငံတကာဇုန်
------------------
အစိုးရသည် နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂကိုယ်စားလှယ်ရုံးများအတွက် မြေ နှစ်ဟက်တာ ပေးထားသည်။

ယဉ်ကျေးမှုဖျော်ဖြေရေး
-------------------
မြန်မာ့ရုပ်ရှင်အကောင်းဆုံးစွမ်းဆောင်နိုင်သူများအတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နေပြည်တော်တွင် တစ်ခါတစ်ရံ ကျင်းပသည်။ နေပြည်တော်ရှိ လမ်းဆုံဗဟိုကုန်တိုက်တွင် ရုပ်ရှင်ရုံ တစ်ရုံနှင့် သပြေကုန်း ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် တစ်ရုံစီ ရှိသည်။

အုပ်ချုပ်ရေး
---------------------------
ခရိုင်အဆင့် နေပြည်တော်မြို့တော်ဒေသတွင် မြို့စစ်စစ် (မြို့လယ်ခေါင်)နှင့် ပတ်ဝန်းကျင်မြို့နယ် ရှစ်ခု ပါဝင်သည်။ မြို့လယ်ခေါင်ကို ဆက်၍ ရပ်ကွက်လေးခု ခွဲထားသည်။ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်း မြို့နယ်များသည် ယခင်က ရမည်းသင်းခရိုင်၏ တစ်စိတ်တစ်ဒေသများ ဖြစ်ကြသည်။ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ နှင့် ဇေယျာသီရိ တို့သည် မြို့နယ်အသစ်များ ဖြစ်ကြပြီး၊ လက်ရှိအချိန်တွင်ဆောက်လုပ်ဆဲဖြစ်သည်။ ဒီဇင်ဘာ၂၀၀၉ တွင် အားလုံးသော ဝန်ကြီးဌာနရုံးများသည် အုပ်ချုပ်ရေးမြို့တော်သို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်ရမည်။ ဝန်ကြီးဌာန၏ ညွှန်ကြားမှုဦးစီးဌာနရုံး များသာ ရန်ကုန်တွင် ကျန်ရှိရမည်။

ပညာရေး
-----------------
အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊
ရေဆင်း
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ရေဆင်းသစ်တောတက္ကသိုလ်

ရထားလမ်း
-----------------------
နေပြည်တော်အတွက် ပျဉ်းမနား နှင့် လယ်ဝေးဘူတာတို့မှ လက်ရှိတွင် ဆောက်ရွက်ပေးနေကြသည်။ ပျဉ်းမနားဘူတာတစ်ခုတည်းသာ ရန်ကုန် - မန္တလေးရထားလမ်းပေါ်တွင် ရှိသည်။ လယ်ဝေးဘူတာသည် ပျဉ်းမနားနှင့် ကျောက်ပန်းတောင်း လမ်းပေါ်တွင်ရှိသည်။ ရန်ကုန်မှ ပျဉ်းမနားသို့ ရထားဖြင့် ၉ နာရီကြာသွားရသည်။ ရထားများသည် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီတွင်ထွက်ပြီး၊ ည ၇:၃၀ နာရီတွင် ဆိုက်ရောက်သည်။ မြို့တော်အသစ်အတွက် ရထားပို့ဆောင်ရေး ပြည့်စုံလာစေရန် ပျဉ်းမနား၏နောက် တစ်ဘူတာတွင် နေပြည်တော်ဘူတာစီမံကိန်းများကို တည်ဆောက်နေဆဲဖြစ်သည်။

လေကြောင်း
------------------
အေလာလေဆိပ်ဟုလည်း သိရှိထားသည့် နေပြည်တော်လေဆိပ်သည် မြို့၏အရှေ့တောင်ဘက် ၁၀ မိုင် (၁၆ ကီလိုမီတာ)၊ အေလာ နှင့် လယ်ဝေး မြို့များအကြားတွင် တည်ရှိသည်။ ပြည်တွင်းလေကြောင်း လိုင်းများဖြစ်ကြသည့် ပုဂံလေကြောင်း၊ မန္တလေးလေကြောင်း၊ မြန်မာ့လေကြောင်း နှင့် ရန်ကုန်လေကြောင်း တို့သည် ရန်ကုန် နှင့် နိုင်ငံအနှံ့ရှိ အခြားသောမြို့များသို့ ပုံမှန်ပြေးဆွဲရန်အတွက် ဤလေဆိပ်ကို အသုံးပြုကြသည်။ ၂၀၀၉ ခုနှစ် ဧပြီလ မှစတင်၍ အဓိကဆောက်လုပ်ရေးများကို တည်ဆောက်ဆဲဖြစ်ပြီး၊ တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်း ဝင်ထွက်နိုင်ရန် ဖြစ်သည်။

ဘတ်စ်ကား နှင့် ကားများ
------------------------------
အစိုးရဝန်ကြီးဌာနများသည် နံနက်ပိုင်း နှင့် ညနေပိုင်းတို့တွင် ၎င်းတို့၏သက်ဆိုင်ရာရုံးများသို့ လွန်းပျံဘတ်စ်ကားများ ပြေးဆွဲပေးသည်။ မြို့တွင် ဗဟိုဘတ်စ်ကားရပ်နားကွင်း နှင့် စစ်တပ်ပိုင်သည့် အငှားယာဉ်ကုမ္ပဏီတစ်ခု ရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှု
---------------------------------
နေပြည်တော်အထွေထွေဆေးရုံ
နေပြည်တော်ဆေးရုံကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ 
အနီးအနားရှိ မြို့များဖြစ်ကြသော လယ်ဝေး၊ ပျဉ်းမနား နှင့် တပ်ကုန်း တို့တွင် ဆေးရုံတစ်ခုစီ ရှိသည်။

ဆက်သွယ်ရေးများ
--------------------------------
၂၀၀၉ ခုနှစ်မှစတင်ပြီး စီဒီအမ်အေ ကြိုးမဲ့ဖုန်း တစ်မြို့လုံးတွင် သုံးစွဲနိုင်သည်။ အစိုးရတိုက်ခန်းများတွင် နေထိုင်သည့် ဝန်ထမ်းများအား ကိုယ်ပိုင်ဖုန်းလိုင်း တပ်ဆင်ခွင့် မရှိပါ။ အများသုံးဖုန်းကိုသာ သုံးစွဲရမည်။

စိတ်ဝင်စားဖွယ်နေရာများ
-----------------------------
ငလိုက်ကန်ပန်းခြံများသည် အသေးစားရေကစားပန်းခြံဖြစ်ပြီး၊ ငလိုက်ဆည်၏ဘေး ကျွဲရှင်းရွာအနီး တွင်ရှိသည်။ (ခန့်မှန်းခြေအားဖြင့် နေပြည်တော်မှ ခုနှစ်မိုင်ခန့်ကွာဝေးသည်)။ ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ငလိုက်ကန်ပန်းခြံတွင် ရေလွှာလျှောစီး၊ သဘာဝအတိုင်းအပန်းဖြေစရာများ၊ နားနေဆောင်များနှင့် ကမ်းခြေတို့ပါဝင်သည်။ ပန်းခြံကို သင်္ကြန် ရုံးပိတ်ရက်များတွင် အများပြည်သူအတွက် ဖွင့်လှစ်ပေးသည်။

ယနေ့အထိ နေပြည်တော် တိရစ်ဆာန်ဥယျာဉ်တွင်

နို့တိုက်သတ္တဝါပေါင်း - (၃၂) မျိုး - (၂၈၀) ကောင်
တွားသွားသတ္တဝါပေါင်း - (၁၂) မျိုး - (၆၂) ကောင်
ငှက်မျိုးနွယ်ပေါင်း - (၄၃) မျိုး - (၂၇၄) ကောင်
ရှားပါးစာရင်းဝင် ကျားဖြူနှင့်
မြန်မာနိုင်ငံတွင် နေထိုင် ကျက်စားခြင်း မရှိသော ပင်ဂွင်း များလည်း မွေးမြူပြသထားသည်။ တနင်္လာနေ့မှအပ ကျန်နေ့တိုင်း ဖွင့်လှစ်သည်။

နေပြည်တော်ရေပန်းဥယျာဉ်
------------------------------

အမျိုးသားဆေးဖက်ဝင်အပင်များပန်းခြံကို ၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဧက ၂၀၀ (ဝ.၈၁ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ ဆေးဖက်ဝင်အပင်များကို ပြသထားသည်။ ပရဆေးဥယျာဉ်တွင် ဆေးဖက်ဝင် ပရဆေးပင် မျိုးစိတ်ပေါင်း (၅၀၀) ကျော် စိုက်ပျိုးထားရှိသည်။
နေပြည်တော်တွင် ဂေါက်ကွင်း နှစ်ကွင်း( နေပြည်တော်မြို့တော်ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်း)
ကျောက်မျက်ပြတိုက် တစ်ခုရှိသည်။

ဥပါတသန်တိ စတေီ
-----------------------------

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့် အရွယ်အစားနှင့် ပုံသဏ္ဍာန်ပါ ခပ်ဆင်⁠ဆင်တူသည့် စေတီတော်ကြီးကို ၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

ဤစေတီတော်အသစ်ကို ဥပ္ပါတသန္တိ သို့မဟုတ် ငြိမ်းချမ်းရေးစေတီ ဟုအမည်ပေးခဲ့သည်။ စေတီတော်၏ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားအတွက် ဖိတ်စာတွင် 'ရာဇဌာနီ နေပြည်တော် (ဘုရင် နန်းစံသည့် မင်းနေပြည်)' စာပိုဒ်ဖြင့် ဖွင့်ထားသည်။ စေတီသည် ရွှေတိဂုံစေတီတော်ထက် ၃၀ စင်တီမီတာ ခန့်သာနိမ့်သည်။ ဥပ္ပါတသန္တိကို အကြမ်းဖျင်းဘာသာပြန်ဆိုရလျှင် 'ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာအကွယ်ပေးခြင်း' ဖြစ်သည်။ 
ဤအမည်သည် ၁၆ ရာစုအစောပိုင်းလောက်တွင် ဘုန်းတော်ကြီးတစ်ပါးမှ ရေးသားရွတ်ဆိုခဲ့သည့် ပရိတ်ဂါထာ ဖြစ်သည်။ ဤ ပရိတ်ဂါထာကို ဘေးဒုက္ခ များကြုံသည့်အချိန်၊ အထူးသဖြင့် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာသည့်အခါ တွင် ရွတ်ဆိုကြသည်။

ဆာဖာရီဥယျာဉ် (နေပြည်တော်)
သမိုင်းကြောင်း
-----------------------------------------
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်အရ တိရစ်ဆာန်များကို သဘာ၀အတိုင်း ကျင်လည် ကျက်စား နေထိုင်ရန် ဖန်တီးထားသည့် ဥယျာဉ်တစ်ခု ဖြစ်ပေါ်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် (၁၆-၅-၂၀၁၀) ရက်နေ့မှ စ၍ မြေနေရာရွေးချယ်ခြင်းအား အသေးစိတ် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ (၁၂-၈-၂၀၁၀) ရက်နေ့တွင် တိရစ်ဆာန်ဥယျာဉ် (နေပြည်တော်)၏ မြောက်ဘက်ကပ်လျှက် (၂၉၁.၅၂)ဧက အား ဥယျာဉ်တည်ဆောက်ရန် မြေနေရာအဖြစ် အတည်ပြု ရွေးချယ်ခဲ့သည်။

ဆာဖာရီဥယျာဉ်အား (၁၀-၉-၂၀၁၀)ရက်နေ့တွင် တည်ဆောက်ကာ (၄)လအကြာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး (၁၂-၂-၂၀၁၁) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဆာဖာရီဥယျာဉ်သည် တိရစ်ဆာန်ဥယျာဉ် (နေပြည်တော်)၏ မြောက်ဘက်ကပ်လျက် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၅၇/၀)အနီး ရှိပြီး မူလ (၂၉၀.၅၂)ဧက ရှိပါသည်။ ဥယျာဉ်တွင် အာဖရိက ဆာဖာရီပြကွက် ၊ ဩစတေးလျပြကွက် ၊ အာရှပြကွက် ဟူ၍ (၃) မျိုးရှိပြီး အာရှပြကွက်နှင့် ဩစတေးသျှပြကွက် တို့အတွက် တိရစ်ဆာန်ဥယျာဉ် (ရန်ကုန်)မှ တိရစ်ဆာန် (၈၄)ကောင်၊ တိရစ်ဆာန် ဥယျာဉ် (ရတနာပုံ)မှ တိရစ်ဆာန်(၆)ကောင်၊ လှော်ကားသဘာဝဥယျာဉ်မှ တိရစ်ဆာန် (၄၅)ကောင် ၊ ပုပ္ပားတောင် အမျိုးသားဥယျာဉ်မှ တိရစ်ဆာန်(၉)ကောင်အပြင် တောင်အာဖရိကမှ ရှားပါးတိရစ်ဆာန်များ ဝယ်ယူဖြည့်တင်း ပြသလျှက်ရှိပါသည်။

ဆာဖာရီဥယျာဉ်အား ပြည်သူလူထုများ အပန်းဖြေ အနားယူနိုင်ရန်နှင့် မြန်မာနိုင်ငံသာမကာ ကမ္ဘာ့နိုင်ငံအချို့၌ရှိသော တောရိုင်းတိရစ်ဆာန်များ၏ သဘာ၀အလျောက် နေထိုင်ကျက်စားမှုအချို့ကို မျိုးဆက်ပြန့်ပွားနိုင်ရေးအတွက် ထိန်းသိမ်းမွေးမြူသွားရန် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဂေဟစနစ် သဘာ၀တရားများကို ပြည်သူများအကြား သိရှိသဘောပေါက်လာစေရန် ရည်ရွယ် ပြသလျက်ရှိသည်။

တိရစ်ဆာန်အမျိုးအစားအလိုက်ပြသထားမှု

နို့တိုက်သတ္တဝါ (၁၈မျိုး) ၂၀၈ ကောင်
ကျေးငှက်သတ္တဝါ (၁မျိုး) ၉ ကောင်
စုစုပေါင်း (၁၉မျိုး) ၂၁၇ ကောင် 
အာရှ ဆာဖာရီပြကွက်တွင် ရှားပါးတိရစ်ဆာန်ပေါင်း အကောင်ရေ၁၀၀ ကျော်၊ ဩစတြေးလျ ဆာဖာရီပြကွက်တွင် ရှားပါးတိရစ်ဆာန်အကောင်ရေ ၂၀ ဝန်းကျင်၊ အာဖရိကပြကွက်တွင် ရှားပါးတိရစ်ဆာန် အကောင်ရေ ၇၀ ဝန်းကျင်ကို တောတွင်းသဘာဝအတိုင်း ထားရှိထားမည်ဖြစ်ပြီး Buggy ကားများဖြင့်သာ လှည့်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။

ဥယျာဉ်အတွင်းဝန်ဆောင်မှုပေးခြင်း

ဆာဖာရီဥယျာဉ်(နေပြည်တော်)တွင် -
လာရောက်လည်ပတ်သူများအား နားနေဆောင်များစီစဉ်ထားခြင်း၊
ဥယျာဉ် ကားများစီစဉ်ထားခြင်း၊
ကလေးများဆော့ကစားရန် ကလေးကစားကွင်းများထားရှိခြင်း၊
ရုံးပိတ်ရက်နှင့် အခါကြီးရက်များအတွင်း တိရစ်ဆာန်လိမ္မာများ ပြသဖျော်ဖြေပေးခြင်း၊
နေရာရှုခင်းများပြင်ဆင် ဆင်ယင်ထားရှိခြင်း၊
ရေပန်းအလှများဆောင်ရွက်ထားခြင်း၊
အပျော်စီးရေယာဉ်များ စီစဉ်ထားခြင်း၊
ဆင်ပုခက်တင်စီးခြင်း၊ မြင်းပုစီးခြင်း၊
အခမဲ့သန့်စင်ခန်းများထားရှိပေးခြင်းဖြင့် စသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
 Nay Pyi Taw Times

Comments

Popular posts from this blog

နေပြည်တော်ရှိ အထင်ကရနေရာများ အပိုင်း (၁)

နေပြည်တော်ရှိ အထင်ကရနေရာများ  အပိုင်း (၁) ၁။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီးအနီး နေပြည်တော် ပျဉ်းမနားမြို့၏ အနောက်မြောက်ဘက် (၂)မိုင်(၄)ဖာလုံခန့်အကွာတွင် တည်ရှိသည်။ ဤစေတီတော်မြတ်ကြီးကို ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ပုံစံတူဉာဏ်တော် အမြင့်အောက်(၁)ပေလျှော့၍ ဉာဏ်တော်အမြင့် (၃၂၅)ပေရှိ "စေတီတော်မြတ်ကြီး"ကို (၂၈-၇-၂၀၀၆)ရက်နေ့မှ စတင် တည်ထားခဲ့ရာ (၉-၃-၂၀၀၉)ရက်နေ့တွင် သပ္ပါယ်တင့်တယ်စွာ တည်ထားပြီးစီးခဲ့ပါသည်။ ၂။ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။ ၃။ သံဝေဇနိယလေးဌ

အာဇာနည်နေ့ ဒို့မမေ့(၁၉ ဇူလှိုင် ) အမှတ်တရ ကဗျာ

အာဇာနည်နေ့(၁၉ ဇူလှိုင် ) ************************************************      *  ကြည့်လိုက်စမ်းပါ  ကောင်းကင်မှာ         တိမ်ညိုတွေအုပ်ဆိုင်း  မြင်ကွင်းတိုင်းကလွမ်းစရာ       * ကံကြမ္မာအလှည့်အပြောင်းနဲ့          သူတော်ကောင်းတွေ  ကျဆုံးတဲ့ဒီနေ့         *သူရဲကောင်းတွေ ကျွေလွင့်ခဲ  ဒီနေ့        **အာဇာနည်တို့သွေးမြေကျ         *  မြန်မာပြည်ရဲ့ အလှမရှိတဲ့နေ့       *   ပြည်သူတစ်ရပ်လုံး  မျက်ရည်မဆည်နိုင်     *     ဇူလှိုင်မိုးနဲ့အပြိုင်   မေ့ဖို့ခက်ခဲသလို      **   မေ့ဖို့လည်းမဖြစ်နိုင်     ***     ဒီဆယ့်ကိုးဇူလှိုင်ပေါ့ ……………                  ~  မရှိတော့တာသိပေမယ့်        ~~  ဘယ်တော့ပြန်လာမလဲလို့      ~~~   အိမ်အပြင်ကို  ခဏခဏမျှော်မိတဲ့        ~~~   သူတို့သူတို့တွေအားလုံး         ~~~  ဝမ်းနည်းမဆုံးတဲ့မြင်ကွင်း          ~~ ရင်တွင်းမှာမချိလို့  ဖြေစရာရှာကြည့်တော့           ~~~ သူတို့လိုဘဲ   အားလုံးသော          ~~~   ပြည်သူအပေါင်း          **           အမိုးအကာမရှိတဲ့အိမ်လို          *   အမိမှဲ့သား ရေနည်းငါးလို           *   ဝမ်းနည်းငိုရှိုက်  သဲခိုက်နာကျင်          **  ဖြေမရွှင်ဘူး              

ပျဥ်းမနား မြို့လို့ အမည် စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း

ပျဥ်းမနားမြို့အမည်စသွင်ခဲ့ပုံနဲ့ သမိုင်းအကျဥ်း  ################################ တောင်ငူနေပြည်တော်ကို ကရင်ဘဆိုသူ ထီးနန်းစံခဲ့ရာ သားသမီးမပေါ်ပေါက်သဖြင့် (မဗျဉ်းမ)မည်သော ကရင်မလေးတစ်ဦး မွေးစားပြီး မင်းသမီးအဆောင်အယောင်ဖြင့် ထားခဲ့သည်။ တောင်ယာလုပ်ကိုင်သော လယ်သမားလေးတစ်ဦးနောက်သို့ ချစ်ကြိုက်လိုက်ပြေးခဲ့ရာ ကရင်ဘ၏ ဘုရင့်တပ်မတော်သားများက လိုက်လံဖမ်းဆီးသဖြင့် ယခုပျဉ်းမနား ဟောင်းဟူ၍ခေါ်တွင်သော အရပ်တွင် နားနေစဉ် ဖမ်းမိလေသည်။ (ဗျဉ်းမ)နားနေသောအရပ်ဖြစ်၍(ဗျဉ်းမနား)ဟူ၍ခေါ်တွင်လေသည်။ ကာလရှည်ကြာသော် ပျဉ်းမနားဟူ၍ခေါ်ဆိုသည်။ ပျဉ်းမနားဟူသည် ရှမ်းဘာသာစကားဖြင့် (ပင်မုံန) ဟူသော ဘာသာစကားမှ ဆင်းသက်ဟန် ရှိသည်။ ပင် - စခန်း၊ မုံ - အသီး၊ န - ဖန်ခါး၊ ထို့ကြောင့် (ပင်မုံန)သည် ဖန်ခါးသီး စခန်းဟု မှည့်ခေါ်ဟန်ရှိသည်။ ဖန်ခါးပင်များ ပေါများသည့်နေရာကို ရှမ်းဘာသာစကားအရ ပင်မုံနဟု ခေါ်ရာမှ ကာလရွေ့လျားပြီး ပင်မုံနမှ ပျင်မံန-ပျဉ်းမနားဟု ခေါ်ဝေါ်ဟန် ရှိသည်။ ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟု ခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက