သန်မာ နေမှ ဖြစ်မယ် ================== စာလို တတ်ပြီး လူလို မတတ်တဲ့ သူတွေကိုတွေ့တော့ စိတ်ကောင်းရှိမှ လူကောင်းဖြစ်မယ် ဆိုတဲ့ စကားကို ပိုပြီး လက်ခံ လာတယ် ။ အသက်တွေသာကြီးပြီး စိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့ လူတွေကို တွေ့တော့ အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီး အသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။ လူက ချမ်းသာနေပြီးတော့ စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့ ဘယ်လို နေရနေရ ဘယ်လို စားရစားရ လွတ်လပ် ပျော်ရွှင်ခြင်းကသာ ဘဝတန်ဖိုးဆိုတာ လက်ခံလာတယ် ။ ပညာတတ်ပြီး အကျည်းတန်နေတဲ့ လူတွေကိုတွေ့တော့ စိတ်ကောင်းမရှိတဲ့ ပညာတတ်ခြင်းက လောကကို ဒုက္ခပေးတတ်တယ် ဆိုတဲ့ စကားလေးကို ပိုပြီးတော့ ယုံကြည်လာတယ် ။ ဂုဏ်ဓနရှိပြီး ရုပ်ရည်ချောတဲ့ သူတွေက အခြောက်တိုက် ဘဝမြင့်နေပြီး တစ်ဖတ်သားကို လူရာမသွင်းချင်ကြတဲ့အခါ ရိုးသားခြင်းနဲ့ ကိုယ်ချင်းစာတရားကဘဲ လူရဲ့ တန်ဖိုးလို့ ကိုယ်မြင်လာတယ် ။ တစ်ထောင်ဖိုး ပေးလို့ တစ်ရာဖိုးလောက်တောင် အကောင်းမမြင်ဘဲ ကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်က အပြစ်ပဲမြင်နေကြတဲ့အခါ ကိုယ်မှန်တယ် ထင်ရင် ဂရုမစိုက်ပဲ နေတတ်လာတယ် ။ စေတနာ မေတ္တာတွေက ကိုယ်ပေးသလောက်မဆိုးထားနဲ့ တစ်ခါတလေ တစက်လေးမှ ပြန်မရတဲ့အခါ.... နောက်တခါ ပေးနိုင်ရင
Nay Pyi Taw Times
ဗဟုသုတ ရသ အောင်မြင်ရေးတွေ ဖတ်ရှူရန် follow နှိပ်ခဲ့ပေးပါ