Skip to main content

Posts

Showing posts from December, 2021

သူ့ကျေးဇူး အထူးသိစေ

 သူ့ကျေးဇူး အထူးသိစေ •••••••••••••••••••••••• "ကျေးဇူး"ဆိုတာ တစ်ဖက်သားရဲ့ အကြွေး  မိမိမှာ တင်ရှိလျက်က စူးဝင်နေတာကိုဆိုတာပါ။ ဒီနေရာမှာ အနန္တော အနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးက အဓိကပါ။ ဘုရားသည် အကျိုးမဲ့ကို တားမြစ်၍ အကျိုးရှိကို ဖြစ်စေခဲ့တယ်။ တရားသည် အပူကြားမှ ထုတ်ယူပြီး သက်သာရာကို ပေးခဲ့တယ်။ သံဃာသည်ကား တစ်ဇွန်းစာမျှသော ဆွမ်းအလှူဖြင့် တစ်ဘဝအကျိုး  တိုးပွားစေခဲ့တယ်။ ရတနာ့ဂုဏ်ဟူသည် ယုံကြည်ရင် ယုံကြည် သလောက် အကျိုးရောက် ဖြိုးမောက်စေနိုင် တယ်။ သည်ဂုဏ်ကျေးဇူးတွေ အောက်မေ့ ကြည်ညို ခြင်းဖြင့် မိမိဂုဏ်လည်း မြင့်မားလာရတယ်။ ရတနာသုံးပါးရဲ့ကျေးဇူးပြီးရင် မိမိတက်လမ်းကို အားပေးခဲ့တဲ့ ဆရာပညာရှိရဲ့ဂုဏ် မိဘရဲ့ဂုဏ် ကျေးဇူးများဟာ အဓိကကျတယ်။  ပြီးတော့မှ မိတ်ကောင်းတို့ရဲ့ အားပေး ကူညီခဲ့ခြင်းဆိုတဲ့ ကျေးဇူးတရားတွေ။ နောက်ဆုံးသိရမယ့် ကျေးဇူးကတော့  အနီးရှိ ကျေးတုံ့နေသူ သားသမီးများနဲ့  သူတို့နှင့်ကောင်းတူ ဆိုးဖက်  ချွေးမတွေနှင့် သမက်တွေရဲ့ ဂုဏ်ကျေးဇူး။ ဒီနေရာမှာ အောက်ကျေးဇူး  သိတတ်ဖို့ လိုလာပါပြီ။  အထက်ကထီး အောက်က ဖိနပ်ကွဲ့။ ထီးရိပ်ခိုပြီး ဖိနပ်မစီးရင်လည်း ဆူးငြောင့်ခလုပ်များရဲ့ ဒဏ်ကရှိသေး။ မိမိက ပြန်လည်မှီခို

တစ်သီးစား

 `` တစ်သီးစား ´´ 🔹🔹🔹🔹🔹🔹 ငရုတ်ပင်၊ ခရမ်းပင်လေးတွေစိုက်ရင် နှစ်လသုံးလဆို စားရတယ်။ အဲဒီ အသီးခူးစားလည်းပြီးရော ဒီအပင် သေတာပဲ။ တစ်သီးပဲ စားရတယ်။ သရက်ပင်၊ ပိန္နဲပင်၊ ထန်းပင်စိုက်တော့ အသီးစားရဖို့ အကြာကြီးစောင့်ရတယ်။ အဲဒီ အသီးခူးစားပြီးရင် ဒီအပင် မသေဘူး။ တစ်သီးပြီး တစ်သီး ဆက်သီးတယ်။ အဲဒါကြောင့် လောကီအရေး၊ လောကုတ္တရာအရေး ဘာပဲလုပ်လုပ် ထန်းပင်စိုက်သလို၊ အုန်းပင်စိုက်သလို၊ သရက်ပင်စိုက်သလို၊ အားလုံးလုပ်ကြရမှာ။ အဲဒါကို ပါဠိလိုခေါ်တာက `ဒီဃဒဿီ ´´ လို့ခေါ်တယ်  အလုပ် လုပ်ရင် အရှည်မြော်ပြီး လုပ်ကြရမယ်။  🙏 ဓမ္မဒါန 🙏

ပိုင်ရှင်ရှိရင် ရှောင်ပါ

 ပိုင်ရှင်ရှိရင် ရှောင်ပါ ----------------------- သူတစ်ပါး ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပိုင်ရှင်မပေးပဲ ယူ ချင်စိတ်ရှိသူဟာ သူခိုးစိတ် ရှိတဲ့ သူပဲ။ ကိုယ်ဘယ်လောက်ပဲ ကြိုက်နေပါစေ ဘယ်လောက် ပဲ လိုချင်နေပါစေ ပိုင်ရှင်မပေးပဲ မယူရဘူး မထိရဘူး မကိုင်တွယ်ရဘူး ။ ယူမိတယ် ပြစ်မှားမိတယ်ဆိုရင် အဲ့တာဟာ ခိုးမှုမြောက်တာပဲ။  တစ်ချို့ တွေက စည်း မထားကြဘူး ပြောမယ်ဆိုရင်ကိုယ်ချင်းစာမှု မရှိကြဘူးပေါ့။  ကိုယ်စိတ်ချမ်းသာဖို့နဲ့ စိတ်သာယာဖို့အတွက်နဲ့  သူတစ်ပါး ရဲ့ ချစ်ခြင်းကို လုယူချင်တဲ့စိတ်ရှိကြတယ်။ ပိုင်ရှင် ရှိမှန်းသိရက်နဲ့ သူငယ်ချင်း မို့ အရမ်းခင်တဲ့ မိတ်ဆွေမို့ပါ ဆိုပြီး လိုတာထက်ပိုပြီး အတင်းတွယ်ကပ်နေပြီး အခွင့်အရေး တွေယူနေတာဟာ သူတစ်ပါး ရဲ့ အချစ်တွေ ကို ခိုးယူချင်နေတယ်လို့ပဲသတ်မှတ်တယ်။  သူ့ရဲ့အနားမှာ ပိုင်ရှင်ရှိတယ်ဆိုတာ သိလိုက်ကတည်းက အပြင်မှာ လူချင်းပဲ ဖြစ်ဖြစ် online ပေါ်မှာပဲ ဖြစ်ဖြစ်  ကိုယ့်ရဲ့ အပြောအဆို နဲ့ အမူအရာ တွေကို  ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောဆို ပြုမူသင့်တယ်။  ဆုံးရွုံး ရတဲ့ အပူဒဏ္ ကို ဆုံးရွုံး ဖူးတဲ့သူကပဲ သိတာမို့ သူတစ်ပါး ပိုင်ဆိုင်တဲ့ ချစ်ခြင်းတွေ ကို မခိုးယူမိပါစေနဲ့။ ပိုင်ဆိုင် ထားတဲ့ သူရှိ ပ

အရှင်ဇဝန (ရွှေကုန်းမြေ) ဆုံးမစကားများ

 အတိတ်က ရေစက်တွေပါလို့ ဆုံလာခိုက်မှာ သူတစ်ပါးကို ချောက်တွန်းဖို့လည်း မကြိုးစားပါနဲ့ ။ သူတစ်ပါးကို မကောင်းကြံဖို့လည်း မကြိုးစားပါနဲ့ ။ သူတစ်ပါးကို အပြစ်ပုံချဖို့လည်း မကြိုးစားပါနဲ့ ။ သူတစ်ပါးကို အနိုင်ယူဖို့လည်း မကြိုးစားပါနဲ့ ။ မဟုတ် မမှန်တာတွေအတွက် အချိန်ပေး ကြိုးစားနေမယ်ဆိုရင် သင့်ဘဝလည်း ဘယ်တော့မှ လူရာဝင်မှာ မဟုတ်ပါဘူး ။ သင့်ဘဝ ဘယ်တော့မှလည်း တိုးတတ်မှာ မဟုတ်ဘူး ။ အသက်ရှင်လျှက်နဲ့ ဘဝသေတဲ့သူနဲ့ အတူတူပါပဲ ။ အသက်ရှင်လျှက်နဲ့ ဘဝသေနေတဲ့သူ မဖြစ်ရအောင် အတိတ်ကံကြောင့် ဆုံလာတဲ့သူတိုင်းကို ❤  စေတနာ ထားပါ ❤  မေတ္တာ ထားပါ ❤  တန်ဖိုး ထားပါ   ✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️ #crd ရိုသေစွာဖြင့် 🙏

မြောက်ဦးဆရာတော်ဘုရားကြီး အဆိုအမန့်များ

 'လောကီအစုတ် လူတို့နှုတ်ကား မဟုတ်လည်းပြော ဟုတ်လည်းပြော၏၊ မမှန်လည်းပြော မှန်လည်းပြော၏၊ မကောင်းလည်းပြော ကောင်းလည်းပြော၏' လို့ ရှေးသူတော်ကောင်းများစကားအရ... လူတို့၏စိတ်ဟာ တစ်ဦးတစ်ယောက်အပေါ်မှာ ကောင်းကွက်တွေကို မျက်ကွယ်ပြုထားတတ်ကြတယ်၊ မကောင်းကွက်တစ်ခုကိုသာ အမြဲစွဲပြီး သူတစ်ပါးအပြစ်ကို ဝေဖန်နေတတ်ကြတယ်...။ ဒါသူတော်ကောင်းလက္ခဏာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာအစစ်မဟုတ်သေးဘူး၊ ရဟန်းတစ်ပါးကိုဖြစ်စေ,လူတစ်ဦးကိုဖြစ်စေ ကြည့်တဲ့အခါ အကုသိုလ်ဖြစ်စေသည့် အာရုံကိုမတွေးသင့်ဘူး...။ မကောင်းသောအမူအရာလေးတစ်ခုနှစ်ခုကို မျက်လုံးဒေါက်ထောက်ကြည့်နေသူသည် ဘယ်တော့မှကုသိုလ်မဖြစ်တော့ဘူး၊ အကုသိုလ်သာတိုးပွားနေလိမ့််မယ်၊ နတ်ရွာသုဂတိလမ်းပိတ်ပြီး အပါယ်ဒုဂ္ဂတိလမ်းပွင့်နေတယ်...။ သတိထားရမှာက ... ငါ့မှာငါးပါးသီလလုံခြုံရဲ့လား? ကာယကံသုံးပါးလုံရဲ့လား? ဝစီကံလေးပါးလုံရဲ့လား? ချက်ချင်းကိုယ့်စိတ်ကိုယ်စစ်ကြည့်ပါ...။ ဝစီကံတွေမလုံခြုံဘူး၊ သူတစ်ပါးအပြစ်မြင်ဝါဒရှိနေတယ်၊ ကိုယ့်အပြစ်ကိုမရှုဘူး၊ သူတစ်ပါးအပေါ်မှာ မကောင်းတာ တွေကိုသာ ကြည့်တတ်ပြီး ကိုယ်မကောင်းတာကို မကြည့်ဘူး...။ ကိုယ့်အိမ်မှာမိသားစုနဲ့ကောတည့်ရဲ့လား? ဟိုလူ့ဆဲဒီလူ့ဆဲ,သူတစ်ပါးတွေကို စိတ်တ