Skip to main content

ပိုင်ရှင်ရှိရင် ရှောင်ပါ

 ပိုင်ရှင်ရှိရင် ရှောင်ပါ

-----------------------


သူတစ်ပါး ပိုင်ဆိုင်တဲ့အရာတစ်ခုကို ပိုင်ရှင်မပေးပဲ

ယူ ချင်စိတ်ရှိသူဟာ သူခိုးစိတ် ရှိတဲ့ သူပဲ။ ကိုယ်ဘယ်လောက်ပဲ ကြိုက်နေပါစေ ဘယ်လောက် ပဲ လိုချင်နေပါစေ ပိုင်ရှင်မပေးပဲ မယူရဘူး မထိရဘူး မကိုင်တွယ်ရဘူး ။ ယူမိတယ် ပြစ်မှားမိတယ်ဆိုရင် အဲ့တာဟာ ခိုးမှုမြောက်တာပဲ။ 


တစ်ချို့ တွေက စည်း မထားကြဘူး

ပြောမယ်ဆိုရင်ကိုယ်ချင်းစာမှု မရှိကြဘူးပေါ့။ 

ကိုယ်စိတ်ချမ်းသာဖို့နဲ့ စိတ်သာယာဖို့အတွက်နဲ့ 

သူတစ်ပါး ရဲ့ ချစ်ခြင်းကို လုယူချင်တဲ့စိတ်ရှိကြတယ်။


ပိုင်ရှင် ရှိမှန်းသိရက်နဲ့

သူငယ်ချင်း မို့ အရမ်းခင်တဲ့ မိတ်ဆွေမို့ပါ ဆိုပြီး

လိုတာထက်ပိုပြီး အတင်းတွယ်ကပ်နေပြီး အခွင့်အရေး တွေယူနေတာဟာ သူတစ်ပါး ရဲ့ အချစ်တွေ ကို ခိုးယူချင်နေတယ်လို့ပဲသတ်မှတ်တယ်။ 


သူ့ရဲ့အနားမှာ ပိုင်ရှင်ရှိတယ်ဆိုတာ သိလိုက်ကတည်းက

အပြင်မှာ လူချင်းပဲ ဖြစ်ဖြစ် online ပေါ်မှာပဲ ဖြစ်ဖြစ် 

ကိုယ့်ရဲ့ အပြောအဆို နဲ့ အမူအရာ တွေကို 

ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောဆို ပြုမူသင့်တယ်။ 


ဆုံးရွုံး ရတဲ့ အပူဒဏ္ ကို ဆုံးရွုံး ဖူးတဲ့သူကပဲ

သိတာမို့ သူတစ်ပါး ပိုင်ဆိုင်တဲ့ ချစ်ခြင်းတွေ ကို

မခိုးယူမိပါစေနဲ့။ ပိုင်ဆိုင် ထားတဲ့ သူရှိ ပြီးမှန်းသိရင်

ဘယ်လောက် ပဲ သဘောကျနေပါစေ ဝေးဝေးကရှောင်ပါ။



#အေးချမ်းကြပါစေ

Comments