အတိတ်က
ရေစက်တွေပါလို့ ဆုံလာခိုက်မှာ
သူတစ်ပါးကို
ချောက်တွန်းဖို့လည်း မကြိုးစားပါနဲ့ ။
သူတစ်ပါးကို
မကောင်းကြံဖို့လည်း မကြိုးစားပါနဲ့ ။
သူတစ်ပါးကို
အပြစ်ပုံချဖို့လည်း မကြိုးစားပါနဲ့ ။
သူတစ်ပါးကို
အနိုင်ယူဖို့လည်း မကြိုးစားပါနဲ့ ။
မဟုတ် မမှန်တာတွေအတွက်
အချိန်ပေး ကြိုးစားနေမယ်ဆိုရင်
သင့်ဘဝလည်း
ဘယ်တော့မှ လူရာဝင်မှာ မဟုတ်ပါဘူး ။
သင့်ဘဝ
ဘယ်တော့မှလည်း တိုးတတ်မှာ မဟုတ်ဘူး ။
အသက်ရှင်လျှက်နဲ့
ဘဝသေတဲ့သူနဲ့ အတူတူပါပဲ ။
အသက်ရှင်လျှက်နဲ့
ဘဝသေနေတဲ့သူ မဖြစ်ရအောင်
အတိတ်ကံကြောင့် ဆုံလာတဲ့သူတိုင်းကို
❤ စေတနာ ထားပါ
❤ မေတ္တာ ထားပါ
❤ တန်ဖိုး ထားပါ
✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️
#crd ရိုသေစွာဖြင့် 🙏
Comments
Post a Comment