Skip to main content

အရှင်ဇဝန (ရွှေကုန်းမြေ) ဆုံးမစကားများ

 အတိတ်က

ရေစက်တွေပါလို့ ဆုံလာခိုက်မှာ


သူတစ်ပါးကို

ချောက်တွန်းဖို့လည်း မကြိုးစားပါနဲ့ ။


သူတစ်ပါးကို

မကောင်းကြံဖို့လည်း မကြိုးစားပါနဲ့ ။


သူတစ်ပါးကို

အပြစ်ပုံချဖို့လည်း မကြိုးစားပါနဲ့ ။


သူတစ်ပါးကို

အနိုင်ယူဖို့လည်း မကြိုးစားပါနဲ့ ။


မဟုတ် မမှန်တာတွေအတွက်

အချိန်ပေး ကြိုးစားနေမယ်ဆိုရင်


သင့်ဘဝလည်း

ဘယ်တော့မှ လူရာဝင်မှာ မဟုတ်ပါဘူး ။


သင့်ဘဝ

ဘယ်တော့မှလည်း တိုးတတ်မှာ မဟုတ်ဘူး ။


အသက်ရှင်လျှက်နဲ့

ဘဝသေတဲ့သူနဲ့ အတူတူပါပဲ ။


အသက်ရှင်လျှက်နဲ့

ဘဝသေနေတဲ့သူ မဖြစ်ရအောင်


အတိတ်ကံကြောင့် ဆုံလာတဲ့သူတိုင်းကို

❤  စေတနာ ထားပါ

❤  မေတ္တာ ထားပါ

❤  တန်ဖိုး ထားပါ  


✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️



#crd ရိုသေစွာဖြင့် 🙏

Comments