Skip to main content

သူ့ကျေးဇူး အထူးသိစေ

 သူ့ကျေးဇူး အထူးသိစေ

••••••••••••••••••••••••

"ကျေးဇူး"ဆိုတာ တစ်ဖက်သားရဲ့ အကြွေး 

မိမိမှာ တင်ရှိလျက်က စူးဝင်နေတာကိုဆိုတာပါ။


ဒီနေရာမှာ အနန္တော အနန္တငါးပါးရဲ့

ဂုဏ်ကျေးဇူးက အဓိကပါ။


ဘုရားသည် အကျိုးမဲ့ကို တားမြစ်၍

အကျိုးရှိကို ဖြစ်စေခဲ့တယ်။


တရားသည် အပူကြားမှ ထုတ်ယူပြီး

သက်သာရာကို ပေးခဲ့တယ်။


သံဃာသည်ကား တစ်ဇွန်းစာမျှသော

ဆွမ်းအလှူဖြင့် တစ်ဘဝအကျိုး 

တိုးပွားစေခဲ့တယ်။


ရတနာ့ဂုဏ်ဟူသည် ယုံကြည်ရင် ယုံကြည်

သလောက် အကျိုးရောက် ဖြိုးမောက်စေနိုင်

တယ်။


သည်ဂုဏ်ကျေးဇူးတွေ အောက်မေ့ ကြည်ညို

ခြင်းဖြင့် မိမိဂုဏ်လည်း မြင့်မားလာရတယ်။


ရတနာသုံးပါးရဲ့ကျေးဇူးပြီးရင်

မိမိတက်လမ်းကို အားပေးခဲ့တဲ့


ဆရာပညာရှိရဲ့ဂုဏ် မိဘရဲ့ဂုဏ်

ကျေးဇူးများဟာ အဓိကကျတယ်။ 


ပြီးတော့မှ မိတ်ကောင်းတို့ရဲ့ အားပေး

ကူညီခဲ့ခြင်းဆိုတဲ့ ကျေးဇူးတရားတွေ။


နောက်ဆုံးသိရမယ့် ကျေးဇူးကတော့ 

အနီးရှိ ကျေးတုံ့နေသူ သားသမီးများနဲ့ 


သူတို့နှင့်ကောင်းတူ ဆိုးဖက် 

ချွေးမတွေနှင့် သမက်တွေရဲ့ ဂုဏ်ကျေးဇူး။


ဒီနေရာမှာ အောက်ကျေးဇူး 

သိတတ်ဖို့ လိုလာပါပြီ။ 


အထက်ကထီး အောက်က ဖိနပ်ကွဲ့။


ထီးရိပ်ခိုပြီး ဖိနပ်မစီးရင်လည်း

ဆူးငြောင့်ခလုပ်များရဲ့ ဒဏ်ကရှိသေး။


မိမိက ပြန်လည်မှီခိုရတဲ့ အလှည့် သားသမီးတို့ရဲ့အောက်ကျေးဇူးကို ငုံ့ကြည့်တတ်ကြပါစေ။


ထမ်းပိုးရုန်းသားထက် 

ထမ်းပိုးသိမ်း ချွေးမရဲ့ကျေးဇူး။


အတွင်းကိုင် သမီးထက် အပြင်ပိုင် သမက်

ကျေးဇူးတို့ကို ဆင်ခြင်တတ်ရမယ်။


ငါစွဲကြီးရင် ငါပဲဒုက္ခရောက်မှာ စိတ်ချ။

ပစ္စည်းစွဲ အားကြီးနေရင်လည်း ငါပဲ 

ဒုက္ခရောက်မှာ မလွဲဘူး ။


ပုဂ္ဂိုလ်စွဲ အားကြီးနေရင်လည်း ငါပဲ 

ဒုက္ခရောက်မှာ ကျိန်းသေပဲ။


ဟိုဘဝ ဒါနပြုစဉ်ကတည်းက ငါစွဲကြီးခဲ့လျှင်

ဒီဘဝ ဒီမိသားစုကြားမှာလည်း ငါမှငါသာ

ဖြစ်တတ်တယ်။ 


သားနဲ့ချွေးမကြား "ငါ့သား ငါ့သား"နဲ့ 

ဘက်လိုက်နေတာ ငါစွဲကြီးလို့။ 


သမီးနှင့်သမက်ကြားမှာလည်း ငါစွဲကြီးနဲ့ ရှုမြင်နေရင် အမှန်မြင်မှာ မဟုတ်ပေဘူး။ 


ချွေးမဆိုတာ ကိုယ့်ကို 

ချွေးမစို့အောင် မမယ့် ချွေးမ။


သမက်ဆိုတာ သားလောက်

မက်ရလို့ သားမက် "သမက်"။ 


ဒီလိုလည်း ညီညီမျှမျှ 

ရှုမြင်တတ်ပါစေ။


ကိစ္စတစ်ခုမှာ ကြိုက်မှု မကြိုက်မှု မသိမှု

ကြောင့် ဆုံးဖြတ်တဲ့ အမူအကျင့်မျိုး ကင်းဖို့လိုပါတယ်။


အဝေးကြည်ညိုမှုထက် အနီးကပ် 

ကြည်ညိုခံရဖို့က ပိုခက်တတ်ပါတယ်။


သူတစ်ပါး ကျေးဇူးလည်းသိ ဆပ်လည်း

ဆပ်တတ်မည်ဆိုပါလျှင် ကျေးဇူးတင်ဘဝမှ ကျေးဇူးရှင်ဘဝသို့ ရောက်စေနိုင်တယ်။


ကျေးဇူးသိသူသို့သာ ကျေးဇူးတရား လာရိုး ထုံးစံရှိတယ်။မသိသူမှာ ကျေးဇူးမခံစားရတတ်။


သူ့ကျေးဇူး မမြင်တတ်လို့ ကျေးဇူးကန်းစကား

ပြောမိသော် လုပ်မိသော် မိမိသည် သူ့အောက်

ယုတ်သော သူယုတ်မာဘဝ လှလှကြီး ရောက်

တတ်တယ် ။


သူ့ကျေးဇူးကို ရှာတတ် ကြည့်တတ်ကြပြီး

ကျေးဇူးဆပ်နိုင်ကြပါစေ။



(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...