Skip to main content

မြောက်ဦးဆရာတော်ဘုရားကြီး အဆိုအမန့်များ

 'လောကီအစုတ် လူတို့နှုတ်ကား

မဟုတ်လည်းပြော ဟုတ်လည်းပြော၏၊

မမှန်လည်းပြော မှန်လည်းပြော၏၊

မကောင်းလည်းပြော ကောင်းလည်းပြော၏'

လို့ ရှေးသူတော်ကောင်းများစကားအရ...


လူတို့၏စိတ်ဟာ

တစ်ဦးတစ်ယောက်အပေါ်မှာ

ကောင်းကွက်တွေကို

မျက်ကွယ်ပြုထားတတ်ကြတယ်၊

မကောင်းကွက်တစ်ခုကိုသာ

အမြဲစွဲပြီး သူတစ်ပါးအပြစ်ကို

ဝေဖန်နေတတ်ကြတယ်...။


ဒါသူတော်ကောင်းလက္ခဏာမဟုတ်ဘူး၊

ဗုဒ္ဓဘာသာအစစ်မဟုတ်သေးဘူး၊

ရဟန်းတစ်ပါးကိုဖြစ်စေ,လူတစ်ဦးကိုဖြစ်စေ

ကြည့်တဲ့အခါ အကုသိုလ်ဖြစ်စေသည့်

အာရုံကိုမတွေးသင့်ဘူး...။


မကောင်းသောအမူအရာလေးတစ်ခုနှစ်ခုကို

မျက်လုံးဒေါက်ထောက်ကြည့်နေသူသည်

ဘယ်တော့မှကုသိုလ်မဖြစ်တော့ဘူး၊

အကုသိုလ်သာတိုးပွားနေလိမ့််မယ်၊

နတ်ရွာသုဂတိလမ်းပိတ်ပြီး

အပါယ်ဒုဂ္ဂတိလမ်းပွင့်နေတယ်...။


သတိထားရမှာက ...

ငါ့မှာငါးပါးသီလလုံခြုံရဲ့လား?

ကာယကံသုံးပါးလုံရဲ့လား?

ဝစီကံလေးပါးလုံရဲ့လား?

ချက်ချင်းကိုယ့်စိတ်ကိုယ်စစ်ကြည့်ပါ...။


ဝစီကံတွေမလုံခြုံဘူး၊

သူတစ်ပါးအပြစ်မြင်ဝါဒရှိနေတယ်၊

ကိုယ့်အပြစ်ကိုမရှုဘူး၊

သူတစ်ပါးအပေါ်မှာ မကောင်းတာ

တွေကိုသာ ကြည့်တတ်ပြီး

ကိုယ်မကောင်းတာကို မကြည့်ဘူး...။


ကိုယ့်အိမ်မှာမိသားစုနဲ့ကောတည့်ရဲ့လား?

ဟိုလူ့ဆဲဒီလူ့ဆဲ,သူတစ်ပါးတွေကို

စိတ်တိုင်းမကျဘူး၊

ကိုယ်ကမှအချိုးမကျပါဘဲနဲ့

သူတစ်ပါးတွေအပေါ်အပြစ်မြင်တဲ့သူသည်

'လူမိုက်'ဟု ဘုရားကမိန့်တော်မူတယ်...။


ဒါကြောင့် မိမိအပြစ်ကိုအဖန်ဖန်

ရှုလေ့ရှိသောသူသည်'လူလိမ္မာ'တဲ့၊

ကိုယ့်အပြစ်ကိုမျက်ကွယ်ပြုပြီး

သူတစ်ပါးအပြစ်ကိုသာ

မျက်လုံးဒေါက်ထောက်ကြည့်နေသူသည်

'လူမိုက်' တဲ့...။


ဒါကြောင့်မို့...

ကုသိုလ်ဖြစ်စရာကိုတွေးပါ,ကြံပါ,ပြုပါ၊

အကုသိုလ်ဖြစ်မည့်အပြုအမူတွေကို

မေ့ထားပါ၊

တစ်ဦးတစ်ယောက်အပေါ်

မကောင်းကွက်တွေကိုမတွေးပါနဲ့၊

ကောင်းကွက်လေးတွေကိုသာ

ရှာပြီးတွေးပါ,ကြံပါ,အောက်မေ့ပါ,

ပြုလုပ်ကြံစည်ပါ...။


သူတစ်ပါးအပေါ်အကုသိုလ်ဖြစ်မည့်

အရာဝတ္ထုတွေကိုဘယ်တော့မှ

မကြံစည်,မတွေးတော,မပြုလုပ်မိပါစေနဲ့၊

ဘဝမှာ ကုသိုလ်ဖြစ်စရာတွေကို

များများတွေး,များများကြံစည်ပါ...။


ဘဝကိုအမည်းစက်နှင့်မပြန်မိပါစေနဲ့၊

ဖြူစင်သန့်ရှင်းသောစိတ်ဖြင့်

ကြိုတင်ပြင်ဆင်ထားပါ၊

ဘဝ၏လက်ကျန်အချိန်နည်းနေပါပြီ...။


(မြောက်ဦးဆရာတော်ဘုရားကြီး)



🙏🙏🙏🙏🙏🙏🙏🙏🙏

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...