`` တစ်သီးစား ´´
🔹🔹🔹🔹🔹🔹
ငရုတ်ပင်၊ ခရမ်းပင်လေးတွေစိုက်ရင်
နှစ်လသုံးလဆို စားရတယ်။
အဲဒီ အသီးခူးစားလည်းပြီးရော
ဒီအပင် သေတာပဲ။
တစ်သီးပဲ စားရတယ်။
သရက်ပင်၊ ပိန္နဲပင်၊ ထန်းပင်စိုက်တော့
အသီးစားရဖို့ အကြာကြီးစောင့်ရတယ်။
အဲဒီ အသီးခူးစားပြီးရင်
ဒီအပင် မသေဘူး။
တစ်သီးပြီး တစ်သီး ဆက်သီးတယ်။
အဲဒါကြောင့်
လောကီအရေး၊ လောကုတ္တရာအရေး
ဘာပဲလုပ်လုပ် ထန်းပင်စိုက်သလို၊
အုန်းပင်စိုက်သလို၊ သရက်ပင်စိုက်သလို၊
အားလုံးလုပ်ကြရမှာ။
အဲဒါကို ပါဠိလိုခေါ်တာက
`ဒီဃဒဿီ ´´ လို့ခေါ်တယ်
အလုပ် လုပ်ရင် အရှည်မြော်ပြီး
လုပ်ကြရမယ်။
🙏 ဓမ္မဒါန 🙏
Comments
Post a Comment