Skip to main content

ကိုယ့် styleနဲ့ ကိုယ်နေတယ် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး

 ကိုယ့် styleနဲ့ ကိုယ်နေတယ်


ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့အရိုးသားဆုံး နေထိုင်ပါတယ် 

  ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်


  အမြင့်ရောက်ဖို့အတွက်

  ဘယ်သူ့ကိုမှ  ချမနင်းခဲ့သလို

  တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း

  ကိုယ့်ပျော်ရွှင်မှု့ကို မဖန္တီးခဲ့ဖူးဘူး

  ကိုယ်စားမယ့် ထမင်းလုတ်ထည်းမှာသူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်

  ကိုယ်ဟာ လူပီသတယ် မဟုတ္လား


  မလာချင်တဲ့သူတွေကို

  ဘဝထဲ အတင်း မခေါ်ခဲ့သလို



  မနေချင်တဲ့ သူတွေကိုလည်း

  မသွားပါနဲ့လို့ တစ္ကူးတက ဆြဲမထားဘူးတကယ်တော့ တစ်ယောက်ထဲနေလို့

  အထီးကျန်တယ်ဆိုတာထက်

  နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက

  ပိုနာကျင်ရတယ်မဟုတ် လား


  အလိမ်အညာတွေ ခံရဖူးတယ်

  အသုံးချခံခဲ့ ရဘူးတယ် 

  အထင်အမြင်တွေ လွဲတာခံရဖူးတယ်

  စေတနာတွေ စော်ကားခံရဖူးတယ်


  မခံမရပ်နိုင်လို့  တစ်ခါတလေ ပေါက်ကွဲတဲ့ အခါက်

  မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်

  "ဘာမဟုတ်တာလေးနဲ့" တဲ့

 ဟုတ်ပါတယ်

  ဘာမဟုတ်တာလေးတွေပါပဲ

  ဒါပေမယ့် သူတို့ မသိကြသေးတာက

  အဲ့ဒီ ဘာမဟုတ်တာလေးတွေက

  ကြိမ်ဖန်များစွာ ဟုတ္လာတဲ့အခါ

  ဒဏ်ရာတွေ အဟုတ်ရခဲ့ရတယ်ဆိုတာ  အခြေအနေတွေ ယိုင်နဲ့ခဲ့ရတယ်ဆိုတာ

  ဘဝတစ္ခုလုံး တိမ်းစောင်ခဲ့ရတယ်ဆိုတာ

  ဆုံးရှုံးမှု့တွေ တကယ္မ်ားခဲ့ရတယ်ဆိုတာသူတို့ မသိကြပါဘူး


ဘာမဟုတ်တာလေးတွေ 

  တကယ်ဟုတ်လာတဲ့အခါ

  တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်

  တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်


အတွေ့အကြုံ့က သင်ပေးခဲ့တဲ့

  သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ


  အပြုံးလှလှလေးတွေကိုလည်း

  မ တပ် မက် တော့ သ လို

  စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး

  မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်

  နောက်ကျောက ဓားတွေကို ပိုသတိထားတယ်


  အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး

  မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး

  မကြိုက်ရင် မကြိုက်ဘူး

  မပေးနိုင်ရင် မပေးနိုင်ဘူး

  မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ

  ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်

  ကိုယ့်ကိုကိုယ်တောင် မုန်းတယ်


  ကိုယ့်အကြိုက် ကိုယ့်စရိုတ်နဲ့

  ကိုယ်ယုံကြည်ရာ ဝါသနာကို

  ဘယ်သူမကြိုက်လို့မှ မစွန့်လွှတ်နိုင်ဘူး

  မမြင်ချင်ရင် မကြည့်နဲ့ပဲ  ရှင်းတယ်

  ဒါကို မာနကြီးတယ်လို့ ကိုယ်မထင်ဘူး

  ကိုယ့်ကိုကိုယ်တန်ဖိုးထားတယ္လို့ပဲ ခံယူတယ်

  ကိုယ်ဖြစ်ရင်ဘယ်သူခံရမွာလဲ

  ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမှတော့

  ဘယ်သူဘာပြောပြောကိုယ်ကြိုက်တာပဲကိုယ်လုပ်မယ်အရေးကြီးတာက 

 ကိုယ်ကျင့်တရားမပျက်ဖို့မလားဒါကြောင့်ကိုယ်စတိုင်နဲ့ကိုယ်နေပါ

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...