"ညီမလေးသို့....စကားလက်ဆောင်" ညီမလေးရေ.... ဘဝဆိုတဲ့အဓိပ္ပါယ်ကို ညီမလေးနားလည်ရဲ့လား။ ပျော်ရွှင်စရာတွေ၊ဝမ်းနည်းစရာတွေဒွန်တွဲနေတဲ့ တစ်ခုတည်းသောစက်ဝိုင်းကြီးထဲမှာ ဖြစ်ခြင်း၊ပျက်ခြင်းတွေနဲ့ ဒုက္ခ ၊သုခတွေ အဖန်ဖန်အခါခါ ထပ်တလဲလဲဖြစ်ပေါ်နေတာကို ဘဝလို့ခေါ်ပါသတဲ့....။ တကယ်တော့ ဘဝတခုဆိုတာ အရမ်းကိုတိုတောင်းလွန်းတဲ့ အချိန်ကာလလေးပေါ့ညီမလေးရေ...။ဒါပေမဲ့ လူအများစုကတော့ ဘဝဆိုတာအရှည်ကြီးလ်ို့ခံယူထားတတ်သူကများတယ်။ဒါမှမဟုတ် ဖာသိဖာသာနဲ့ နာရီလက်တံတွေကို မသိသလိုကျော်ခွရင်း အချိန်တွေကိုဖြုန်းတီးနေကြတာလည်း ဖြစ်မှာပေါ့လေ။ ညီမလေးရေ...အဓိကပြောချင်တာကတော့ ရတုန်းရခိုက် ဘဝတိုတိုလေးမှာ အကျိုးရှိမဲ့အရာတွေနဲ့ ညီမလေးရဲ့အချိန်တွေကိုကုန်ဆုံးသွားစေချင်တယ်။ ပစ္စုပ္ပန်အပေါ်မှာ ကျန်းမာရေးကိုဂရုစိုက်တန်ဖိုးထားစေချင်ပါတယ်ပေါ့။ ကိုယ်ကျန်းမာမှစိတ်ချမ်းသာမယ် ညီမလေးရေ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းကလည်းကိုယ့်ကိုကိုတန်ဖိုးထားခြင်းပါပဲ။ ဘယ်သူက ကိုယ့်ကိုဘယ်လောက်ထိတန်ဖိုးထားတယ်ပြောပြော ညီမလေးကိုယ်တိုင်လောက်တော့ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားနိုင်ကြပါဘူး။ ပြီးတော့ လူတိုင်းလူတိုင်းဟာ မရောက်သေးတဲ့အနာဂါတ်ကို တစ်နေ့ဖြတ်ကိုဖြတ်ကျော်ကြရမှာပါ။ အတိတ်ကိုလည်းမတွေးနဲ့၊ အနာဂါတ်ကိုလည်းမတွေးနဲ့၊ပစ္စုပ္ပန်ကိုသာအကောင်းဆုံးလုပ်ပါလို့ ပြောထားပေမဲ့ တခါတရံမှာ အနာဂါတ်ဆိုတာတွေးထားဖို့လိုအပ်တယ်ညီမလေးရေ...။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာသိမှ လက်ရှိပစ္စုပ္ပန်မှာ planချထားလို့ရမှာမို့ပါ။ စကားတခွန်းပြောမယ်ဆိုရင်တောင်ပေါ့ ဦးဆုံးဘာပြောမယ်ဆိုတဲ့အတွေးမျိုးတွေးထားမှ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကိုတည့်တည့်မတ်မတ်ဦးတည်ပြောသွားနိုင်တာမျိုးပေါ့။အမှားတွေလုပ်မိတဲ့အခါမျိုးမှာလည်းစိတ်တွေအရမ်းမညစ်ပါနဲ့ ညီမလေးရေ..။ အမှားဆိုတာကလူတိုင်းနဲ့မကင်းနိုင်ကြသလို အမှန်ဆိုတာကလည်းအမှားတခုရဲ့ရလာဒ်ဖြစ်တယ် ညီမလေးရဲ့။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်အားမငယ်ပါနဲ့။လောကမှာ တစ်စင်းထဲသာတဲ့လက လူအများအပေါ် အေးမြမှုကိုပေးနိုင်တယ်၊ ပျော်ရွှင်မှုကိုလင်းစေတယ်။ တစ်ယောက်ထဲဆိုတဲ့ခံစားချက်အပေါ်မှာ ပူဆွေးမှု၊ အထီးကျန်မှုတွေကို နှုတ်ပြစ်၊ထုတ်ပြစ်လိုက်ပါ ညီမလေးရေ...။တစ်ယောက်ထဲလည်းဖြစ်တယ်ဆိုတဲ့စိတ်နဲ့ တစ်ပင်ထဲလည်းငွားငွား စွင့်စွင့် ပွင့်လန်းနိုင်ပါစေကွယ်။ညီမလေးရေ...ခရီးတစ်ခုကိုသွားတဲ့အခါကိုယ့်အတွက် ဒါမဟုတ် မိသားစု ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေအတွက်ဆိုပြီး လက်ဆောင်လေးတွေဝယ်ခဲ့ဖူးတယ်မဟုတ်လား။ အဲ့လိုပါပဲညီမလေးရေ ဒီဘဝထဲကိုအလည်လာတဲ့အခါ အပြန်ခရီးမှာ ညီမလေးဘာတွေကိုထုတ်ပိုးသွားမလဲဆိုတာလည်း စဥ်းစားရအုံးမယ်နော်။ စိတ်ညစ်စရာတွေလား၊ ပျော်ရွှင်စရာတွေလား၊ကုသိုလ်တွေလား ၊ အကုသိုလ်တွေလား ညီမလေးယူမဲ့အထုတ်ကိုတော့ ညီမလေးကိုယ်တိုင်ပဲ ရွေးချယ်ရပါလိမ့်မယ်။ အခုတော့လက်ရှိအချိန်လေးမှာပျော်ပျော်ရွှင်ရွှင်နေပါ။ ကျန်းကျန်းမာမာနေပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မမေ့နဲ့။ အဓိကနဲ့သာမညကိုခွဲခြားလုပ်ဆောင်ပါ။ အချိန်တွေကိုတန်ဖိုးရှိရှိအသုံးချရင်း ဘဝဆိုတဲ့အရာလေးမှာ ညီမလေးအစစအရာရာ အဆင်ပြေပါစေကွယ်.....။ #မေသော်တာ
"ညီမလေးသို့....စကားလက်ဆောင်"
ညီမလေးရေ.... ဘဝဆိုတဲ့အဓိပ္ပါယ်ကို ညီမလေးနားလည်ရဲ့လား။ ပျော်ရွှင်စရာတွေ၊ဝမ်းနည်းစရာတွေဒွန်တွဲနေတဲ့ တစ်ခုတည်းသောစက်ဝိုင်းကြီးထဲမှာ ဖြစ်ခြင်း၊ပျက်ခြင်းတွေနဲ့ ဒုက္ခ ၊သုခတွေ အဖန်ဖန်အခါခါ
ထပ်တလဲလဲဖြစ်ပေါ်နေတာကို ဘဝလို့ခေါ်ပါသတဲ့....။
တကယ်တော့ ဘဝတခုဆိုတာ အရမ်းကိုတိုတောင်းလွန်းတဲ့ အချိန်ကာလလေးပေါ့ညီမလေးရေ...။ဒါပေမဲ့ လူအများစုကတော့ ဘဝဆိုတာအရှည်ကြီးလ်ို့ခံယူထားတတ်သူကများတယ်။ဒါမှမဟုတ် ဖာသိဖာသာနဲ့ နာရီလက်တံတွေကို မသိသလိုကျော်ခွရင်း အချိန်တွေကိုဖြုန်းတီးနေကြတာလည်း ဖြစ်မှာပေါ့လေ။ ညီမလေးရေ...အဓိကပြောချင်တာကတော့ ရတုန်းရခိုက် ဘဝတိုတိုလေးမှာ အကျိုးရှိမဲ့အရာတွေနဲ့ ညီမလေးရဲ့အချိန်တွေကိုကုန်ဆုံးသွားစေချင်တယ်။ ပစ္စုပ္ပန်အပေါ်မှာ ကျန်းမာရေးကိုဂရုစိုက်တန်ဖိုးထားစေချင်ပါတယ်ပေါ့။ ကိုယ်ကျန်းမာမှစိတ်ချမ်းသာမယ် ညီမလေးရေ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းကလည်းကိုယ့်ကိုကိုတန်ဖိုးထားခြင်းပါပဲ။ ဘယ်သူက ကိုယ့်ကိုဘယ်လောက်ထိတန်ဖိုးထားတယ်ပြောပြော ညီမလေးကိုယ်တိုင်လောက်တော့ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားနိုင်ကြပါဘူး။ ပြီးတော့ လူတိုင်းလူတိုင်းဟာ မရောက်သေးတဲ့အနာဂါတ်ကို တစ်နေ့ဖြတ်ကိုဖြတ်ကျော်ကြရမှာပါ။ အတိတ်ကိုလည်းမတွေးနဲ့၊ အနာဂါတ်ကိုလည်းမတွေးနဲ့၊ပစ္စုပ္ပန်ကိုသာအကောင်းဆုံးလုပ်ပါလို့ ပြောထားပေမဲ့ တခါတရံမှာ အနာဂါတ်ဆိုတာတွေးထားဖို့လိုအပ်တယ်ညီမလေးရေ...။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာသိမှ လက်ရှိပစ္စုပ္ပန်မှာ planချထားလို့ရမှာမို့ပါ။ စကားတခွန်းပြောမယ်ဆိုရင်တောင်ပေါ့ ဦးဆုံးဘာပြောမယ်ဆိုတဲ့အတွေးမျိုးတွေးထားမှ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကိုတည့်တည့်မတ်မတ်ဦးတည်ပြောသွားနိုင်တာမျိုးပေါ့။အမှားတွေလုပ်မိတဲ့အခါမျိုးမှာလည်းစိတ်တွေအရမ်းမညစ်ပါနဲ့ ညီမလေးရေ..။ အမှားဆိုတာကလူတိုင်းနဲ့မကင်းနိုင်ကြသလို အမှန်ဆိုတာကလည်းအမှားတခုရဲ့ရလာဒ်ဖြစ်တယ် ညီမလေးရဲ့။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်အားမငယ်ပါနဲ့။လောကမှာ တစ်စင်းထဲသာတဲ့လက လူအများအပေါ် အေးမြမှုကိုပေးနိုင်တယ်၊ ပျော်ရွှင်မှုကိုလင်းစေတယ်။ တစ်ယောက်ထဲဆိုတဲ့ခံစားချက်အပေါ်မှာ ပူဆွေးမှု၊ အထီးကျန်မှုတွေကို နှုတ်ပြစ်၊ထုတ်ပြစ်လိုက်ပါ ညီမလေးရေ...။တစ်ယောက်ထဲလည်းဖြစ်တယ်ဆိုတဲ့စိတ်နဲ့ တစ်ပင်ထဲလည်းငွားငွား
စွင့်စွင့် ပွင့်လန်းနိုင်ပါစေကွယ်။ညီမလေးရေ...ခရီးတစ်ခုကိုသွားတဲ့အခါကိုယ့်အတွက် ဒါမဟုတ် မိသားစု ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေအတွက်ဆိုပြီး လက်ဆောင်လေးတွေဝယ်ခဲ့ဖူးတယ်မဟုတ်လား။ အဲ့လိုပါပဲညီမလေးရေ ဒီဘဝထဲကိုအလည်လာတဲ့အခါ အပြန်ခရီးမှာ ညီမလေးဘာတွေကိုထုတ်ပိုးသွားမလဲဆိုတာလည်း စဥ်းစားရအုံးမယ်နော်။ စိတ်ညစ်စရာတွေလား၊ ပျော်ရွှင်စရာတွေလား၊ကုသိုလ်တွေလား ၊ အကုသိုလ်တွေလား ညီမလေးယူမဲ့အထုတ်ကိုတော့ ညီမလေးကိုယ်တိုင်ပဲ ရွေးချယ်ရပါလိမ့်မယ်။ အခုတော့လက်ရှိအချိန်လေးမှာပျော်ပျော်ရွှင်ရွှင်နေပါ။ ကျန်းကျန်းမာမာနေပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မမေ့နဲ့။ အဓိကနဲ့သာမညကိုခွဲခြားလုပ်ဆောင်ပါ။ အချိန်တွေကိုတန်ဖိုးရှိရှိအသုံးချရင်း ဘဝဆိုတဲ့အရာလေးမှာ ညီမလေးအစစအရာရာ အဆင်ပြေပါစေကွယ်.....။
#မေသော်တာ
Comments
Post a Comment