Skip to main content

အလုပ္ဟူသမွ် ဂုဏ္ရွိစြ

 အလုပ္ဟူသမွ် ဂုဏ္ရွိစြ “

ပြောချင်တာက ” အလုပ်ဟူသမျှ ဂုဏ်ရှိစွ ” ဆိုတဲ့ကိစ္စပါ။အလုပ်လုပ်တဲ့လူဟာ အပြစ်တင်စရာ ရှိလာရင်လည်း ခံရတ

ယ်။ ကဲ့ရဲ့စရာပေါ်လာရင်လည်း ခံရတယ်။ ပင်ပန်းစရာ ရှိတော့လည်း ဒီလူပဲ။

ဒါဖြင့် ….. အလုပ်လုပ်တဲ့လူဟာ ဘာဂုဏ်ရှိသလဲ။



ဒီနေရာမှာလည်း ” ဂုဏ် ” ဆိုတာ ဘာလဲ ? လို့ထပ်ပြီးမေးစရာ ရှိလာပြန်ပါတယ်။

လူအတော်များများကတော့ဂုဏ်ဆိုတာ ကြွားဝါစရာ တစ်ခုလို၊ လူလုံးပြစရာ အဆင်တန်ဆာတစ်ခုလို …၊

နာမည်ကျော်ကုန်ပစ္စည်း အမှတ်တံဆိပ်လိုသဘောထားနေကြတာပါ။

သင့်အနေနဲ့သဘောမတူရင်ငြင်းခုံနိုင်ပါတယ်။ဒါပေမယ့်ကျွန်တော်ဥပမာလေးတစ်ခုပြောပြပါရစေဦး။

အရပ်ထဲမှာ သူသူငါငါ ပြောနေတဲ့စကားလေးတစ်ခွန်းပါ။

” ကျွန်မ သမီးလေးကတော့ဘွဲ့ရပြီးပြီ။ မိန်းကလေးဆိုတော့တခြားအလုပ်လည်း မသင့်တော်တာနဲ့ကျောင်းဆရာမပဲ

ဝင်လုပ်ခိုင်းလိုက်တော့တယ်။ ကျောင်းဆရာမဆိုတော့ဂုဏ်ရှိတာပေါ့” ဒီစကားအတိုင်း အတိအကျ မဟုတ်တာတောင်

အလားတူအဓိပ္ပာယ်ရတဲ့စကားမျိုးတွေကိုသင့်ပတ်ဝန်းကျင်မှာလည်း ကြားကောင်းကြားဖူးပါလိမ့်မယ်။

” ဂုဏ်ရှိဖို့ ” ဆိုတဲ့ရည်ရွယ်ချက်ကိုအဓိကထားပြီးကျောင်းဆရာမအလုပ်ကိုရွေးချယ်ခဲ့တဲ့မိန်းကလေးဟာ တကယ်တ

မ်း ” ဆရာမ ” …..ဖြစ်လာတဲ့အခါ တာဝန်ကျေပွန်နိုင်ပါ့မလား ? ကျောင်းသား တွေအပေါ်တကယ်စေတနာထားနိုင်ပါ့မ

လား ? သူ့ဘ၀ကို ” စာသင်ကြားခြင်း ” အလုပ်ထဲ ဘယ်လောက်ထိနစ်မြုပ်နိုင်ပါ့မလဲ …..

ဘယ်လောက်ထိအနစ်နာခံပြီး စိတ်ပါလက်ပါအားသွန်ခွန်စိုက်လုပ်ကိုင်နိုင်ပါ့မလဲ ….. ။

နိုင်ငံတစ်နိုင်ငံအတွက် ” ကျောင်းဆရာမ ” တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုရ

င်ထဲက လှိုက်လှိုက်လှဲလှဲ သဘောမပေါက်နားမလည်ဘဲနဲ့ ” ဂုဏ်ရှိရုံသက်သက် ” ကျောင်းဆရာမ ၀င်လုပ်တဲ့မိန်းမတ

စ်ယောက်ကြောင့်ရာပေါင်း ထောင်ပေါင်းများစွာသောကျောင်းသားတွေရဲ့ ဘ၀လမ်းကြောင်းမှာ နစ်နာစရာဒဏ်ရာတွေ

ရသွားမှာကိုတွေးကြည့်ရင်ကြောက်စရာ ကောင်းပါတယ်။

ကျွန်တော်တို့ဆီမှာ လူအတော်များများဟာ ” အလုပ် ” ကိုရွေးချယ်ရာမှာ အ၀တ်အစားဝယ်သလောက်တောင်ဂရုမစို

က်ပဲ ဖြစ်ကတတ်ဆန်း ရွေးချယ်ကြတာကိုသတိထားမိပါတယ်။

ကိုယ်လုပ်မယ့်အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ ?



ကိုယ့်ပင်ကိုယ်စိတ်နေ ကိုယ်ထားသဘာဝနဲ့ကိုက်ညီရဲ့လား ?

ဒီအလုပ်အပေါ်မှာ ကိုယ်ဘယ်လောက်ထိစေတနာထားအားစိုက်ပြီး လုပ်နိုင်မှာလဲ ?

ဒီအလုပ်အတွက်ကိုယ့်ဘ၀တစ်ခုလုံးကိုနှစ်မြုပ်နိုင်ရဲ့လား ? …. စသဖြင့်အပြန်ပြန်အလှန်လှန်စဉ်းစားသင့်ပါတယ်။

(ကိုယ်နဲ့အလုပ်နဲ့နေရာလွဲနေပြီဆိုရင်…..သူ့ဘက်ကိုယ့်ဘက်နှစ်ဖက်စလုံးမှာ နစ်နာစရာတွေအများကြီးဖြစ်လာမှာကိုး

)

ကျွန်တော့်သူငယ်ချင်းမိန်းကလေးတစ်ယောက်ဆိုရင်ဘွဲ့ရပြီးတဲ့အပြင်ဒီပလိုမာသင်တန်းတွေတက်၊

ကွန်ပျုတာ၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ တရုတ်စာ၊ စီမန်ခံခွဲမှု ….. စတဲ့ဘာညာဘာညာ

သင်တန်းတွေ အကုန်တက်အောင်လက်မှတ်တွေ တစ်ပြုံကြီး ကိုင်ထားပါတယ်။

ပြီးတော့ ….. အလုပ်လစ်လပ်ကြောင်းကြော်ငြာမှန်သမျှကိုစုံတကာစေ့အောင်လိုက်လျှောက်တော့တာပါပဲ။ အဲဒီလိုဦး

တည်ချက်ပီပီပြင်ပြင်မရှိပဲရွေးချယ်ထားတဲ့အလုပ်တစ်ခုကနေ ဘယ်လို ” ဂုဏ် ” မျိုးရနိုင်မှာတဲ့လဲ ?

အ၀တ်အစား လှလှပပ ၀တ်ပြီး ချွေးမထွက်ရပဲသက်သောင့်သက်သာ နေကောင်းနေရပါလိမ့်မယ်။

ဒါပေမယ့်အဲဒါဟာ ဂုဏ်မဟုတ်ပါဘူး။ လစာငွေကောင်းကောင်း ခံစားခွင့်ကောင်းကောင်းရချင်ရပါလိမ့်မယ်။

အဲဒါဟာလည်း ဂုဏ်မဟုတ်ပါဘူး။ အဆင်တန်ဆာတွေပဲ ဖြစ်ကြပါတယ်။

ဒါဖြင့် ….. ” ဂုဏ် ” ဆိုတာဘာလဲ ???

    * (၁) ကျွန်တော်တို့ဟာ ( တခြားတိုက်တွန်းမှုတွေ၊ သွေးဆောင်ဖြားယောင်းမှုတွေမပါပဲ ) ကိုယ်စိတ်ပါလက်ပါ အားသွ

န်ခွန်စိုက်နဲ့စေတနာအပြည့်လုပ်ဖို့ရည်ရွယ်ပြီး ” အလုပ် ” တစ်ခုကိုသိစိတ်ရှိရှိရွေးချယ်ရမယ်။

    * (၂) အဲဒီလိုရွေးချယ်လုပ်ကိုင်နေရင်းကပဲ … ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေကိုခံရမယ်။ အပြစ်ဒဏ်တွေကိုလည်း ခံရမယ်။

ပုံပြင်ထဲကနွားလိုပင်ပန်းစရာရှိရင်လည်း မညည်းမညူခံနိုင်ရည်ရှိရမယ်။

    * (၃) အဲဒီလိုခံနိုင်ရည်ရှိခြင်းသည်ပင်လျှင် ” လူသား ” ဆိုတဲ့မှတ်ကျောက်တင်စစ်ဆေးခြင်းကိုဖြတ်သန်း အောင်မြ

င်သော ” ဂုဏ် ” ဖြစ်တယ် ….. လို့ပြောပါရေ

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...