Skip to main content

သူ ... တကယ်ပြန်မလာတော့ဘူး ..

 သူ ... တကယ်ပြန်မလာတော့ဘူး ...


လွမ်းတဲ့အကြောင်းတွေ အများကြီး ပြောပြခဲ့ပြီးပြီ ...နည်းနည်းလေးတောင် အဖတ်မလုပ်ဘူး ။ သူ့ကိုချစ်ပါတယ်ဆိုပြီး ဘယ်အရာနဲ့မဆို တိုင်တည်ပြီး ကြေငြာခဲ့ပြီးပြီ ဒါပေမယ့် နည်းနည်းလေးတောင် စိတ်၀င်စားဟန် မတူဘူး ။ အကြာကြီး ရပ်နေကြည့်ပြီးသွာပြီ ဒါပေမယ့် သေချာသွားခဲ့ပါပြီ သူ တကယ် ပြန်မလာတော့ဘူး ။ 



ကျွန်တော်တို့က သိပ်ချစ်ခဲ့တာဗျဆိုပြီး ပြောခဲ့မိတဲ့ စကားတွေကို အားတွေနာရတယ် ။ သူကျွန်တော့်ကို မချစ်တော့ဘူးဆိုတာ သေချာသွားတဲ့အခါကျ ကိုယ့်မှာနာကျင်ရတယ်လေ ။ ငါတို့ချစ်ခဲ့တာ တစ်နှစ်တည်း နှစ်နှစ်တည်းလဲ မဟုတ်ဘူးလေကွာ ဘာလို့ ဒီလောက်တောင် ရက်စက်နိုင်ရတာလဲဆိုတဲ့ အမေးတွေကို ကိုယ်ကပဲမေးပြီး ကိုယ်ကပဲ အဖြေတွေ ပြန်ရှာနေရတာမျိုးလေ သူ့ဖက်က ချန်ထားခဲ့ခြင်းတွေအတွက် ဘာအကြောင်းပြချက်မှ ရှိမနေတော့ဘူး ။ 


ချစ်ခဲ့တုန်းက ချစ်ခဲ့တာပဲ ပြီးတော့ မချစ်တော့ဘူးဆိုတဲ့အခါ မချစ်တော့တာပဲ တဲ့ ။ လွယ်လိုက်တာ အဲ့လိုမျိုးနေနိုင်တဲ့အထိ ကိုယ်လဲ ရင့်ကျက်ချင်ပါတယ် ဒါပေမယ့် အတွေးထဲမှာတောင် မင်းမရှိတော့ရင်လို့ တွေးမိရုံနဲ့ အလိုလို မျက်ရည်၀ဲရတာမျိုးမို့ မင်းမချစ်ချင်တော့လို့ဆိုတဲ့ နေ့ရက်တွေက အရမ်းကိုပဲ မှောင်လဲမှောင်တယ် မည်းလဲ မည်းတယ် ။ ဘာဆိုဘာမှ ကိုယ့်အနားကျန်နေခဲ့သလိုမျိုး နာကျင်ရတယ် ။ နှလုံးသားတစ်ခုလုံးကို ကိုင်ဆွဲနှုတ်လိုက်သလိုမျိုး ရင်ထုမနာတွေ ဖြစ်ရတယ် ။ 


ချန်ထားခဲ့မယ်ဆိုတုန်းကလဲ ကျွန်တော်က အများကြီးတားခဲ့တယ်နော် ... ကျေးဇူးပြုပြီးတော့ဆိုတဲ့ စကားတွေ အများကြီးသုံးတယ် ။ တောင်းပန်ပါတယ်ဆိုပြီး မမှားပဲနဲ့လဲ ခေါင်းတွေ အများကြီး ငုံ့ခဲ့တာပဲလေ ။ မင်းမရှိတော့ရင် ငါသေမှာဆိုတဲ့စကားဟာ မုသားမဟုတ်ခဲ့ဘူးလေ ။ မင်းမရှိတော့ဘူးဆိုတဲ့အခါ ငါ့မျှော်လင့်ချက်တွေ အိပ်မက်တွေ အရီအပြုံးတွေ မနက်ဖြန်တွေ အားလုံးဟာ သေဆုံးသွားခဲ့တာပါပဲ ။ 


ချန်ထားပြီးတဲ့နောက်မှာ ... မျှော်နေခဲ့သေးတယ် ။ တစ်နေ့ သူပြန်လာမှာပါဆိုပြီး မျှော်လင့်နေခဲ့သေးတယ် ။ တစ်နေ့ သူ ပြန်ချစ်လာမှာပါဆိုပြီး တွယ်ကပ်နေခဲ့သေးတယ် ။ ဒါပေမယ့် အရာရာက ဘာတစ်ခုမှ ပြောင်းလဲလို့ မရတော့ဘူး ။ သူ ကျွန်တော့်ကို မချစ်တော့ဘူးဆိုတာလဲသေချာပါတယ် ။ ပြီးတော့ ပြန်မလာတော့ဘူးဆိုတာကလဲ တကယ်ပဲသေချာသွားခဲ့ပါပြီ ။ 


သူ ပြန်မလာတော့ဘူး ... သူ့အသံလေး မကြားရတော့တာ တော့်ကို ကြာပြီ သူ့နာမည်လေး မခေါ်ရတာ အတော်ကြာပြီ သူပို့တဲ့ စာလေးတွေ ဖတ်ရင်း မပြုံးရတော့တာ အတော်ကြာပြီ ဒီနေ့ ဒီအချိန်ထိ မျှော်နေမိတဲ့ ကိုယ်ကပဲ ရူးနေလို့ဖြစ်မှာပါ ... သူကတော့ တကယ်ပြန်မလာတော့ဘူးဆိုတာ သေချာနေတဲ့အပြင် သူ့ဘ၀နဲ့သူတောင် အပျော်ကြီးပျော်လို့ တစ်ချိန်က ရှိခဲ့ဖူးတဲ့ ကိုယ့်ကိုယ်တောင် မှတ်မိမယ် မမှတ်မိဘူးဆိုတာ မသေချာတော့ဘူး ။ 


#ကျေးကို

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...