Skip to main content

``သင့်အလုပ်ထဲမှာ မပျော်တော့ရင်´´

``သင့်အလုပ်ထဲမှာ မပျော်တော့ရင်´´

➡️သူငယ်ချင်းတစ်ယောက် သူ့အလုပ်နဲ့ ပတ်သက်ပြီးတော့ အမြဲ ညဉ်းညူလေ့ရှိတယ်။အလုပ်ပါးတော့လည်း ပျင်းလိုက်တာတဲ့။ အလုပ်များတော့လည်း ပင်ပန်းလိုက်တာတဲ့။အထက်က လူကလည်း သူ့ကို အမြဲတင်လေ့ရှိပြီး အလုပ်သွားချင်စိတ်တောင်မရှိတော့လို့ နေမကောင်းတာ မဟုတ်ပေမဲ့လည်း မကြာခဏ(MC) ဆေးခွင့်ယူပြီး အလုပ်နားလေ့ရှိတယ်။

✏️သူ့ကို ပုံပြင်လေးတစ်ပုဒ်နဲ့ လမ်းပြလိုက်တယ်။
ပုံပြင်လေးကတော့ တစ်ချို့လည်း ကြားဖူးကြမှာပါ။

လူတစ်ယောက်ဟာ တစ်နေ့မှာ အဆောက်အဦး လုပ်နေတဲ့ လုပ်ငန်းခွင်ထဲရောက်နေတယ်။အဲဒီနေ့မှာ ကျောက်တုံး အကြီးတွေကို ဆောက်နေတဲ့ အဆောက်အအုံနဲ့ နံရံမှာ သုံးဖို့ ကျောက်တုံးသေးတွေ ရအောင် တူတွေနဲ့ စို့တွေနဲ့ ထုခွဲနေတဲ့ အလုပ်သမားသုံးယောက်ကို တွေ့တယ်။

1️⃣ပထမလူက အလုပ်ထဲမှာ စိတ်ပျော်ပုံမရပါဘူး။တာဝန်ကျေဘဲ ကျောက်တုံးကို ထုခွဲရင်း အလုပ်ဆင်း အိမ်ပြန်ဖို့ အချိန် ဘယ်လောက် ကျန်သလဲဆိုပြီး အလုပ်ခွင်က တိုင်ကပ်နာရီကို မကြာခဏ ကြည့်နေတယ်။စောစောကလူက သူတို့ဘာလုပ်နေတာလဲလို့ မေးကြည့်တယ်။သူက
"ဒီသောက်ကျောက်တုံးတွေကို ခွဲနေရတာပေါ့ဗျာ။ပိုက်ဆံရလို့သာ လုပ်နေတာ အကျိုးလည်းမရှိ ၊ ပင်ပန်းလိုက်တာလည်း လွန်ရောဗျာ၊တစ်နေ့တစ်နေ့ အလုပ်ဆင်းမယ့် အချိန်ပဲ မျှော်နေတာဗျို့"

2️⃣ဒုတိယ လူကတော့ ကျောက်တုံးကြီးကို ကြိုးစားပမ်းစားထုခွဲနေတယ်။ဟိုလူက သူ့ကိုလည်း ဘာလုပ်နေတာလဲလို့ မေးပြန်တယ်။သူက 
"ကျွန်တော် ဒီကျောက်တုံးကြီးကနေ ကျောက်တုံး အငယ်တွေဖြစ်အောင် လုပ်နေတာပါ။ခွဲလို့ရတဲ့ ကျောက်တုံးတွေကို အခုဆောက်နေတဲ့ အဆောက်အအုံနံရံမှာသုံးဖို့ပေါ့ဗျာ" တဲ့။

3️⃣တတိယ လူကတော့ ကျောက်တုံးကြီးကို ခွဲလိုက်တယ်။ရလာတဲ့ ကျောက်တုံးလေးတွေကို သေသေချာချာ ကြည့်တယ်။သူလိုချင်တဲ့ အရွယ်ရောက်အောင် ကြိုးစားပမ်းစား ထပ်ခွဲနေတယ်။လိုချင်တဲ့ အရွယ်နဲ့ ပုံစံရသွားရင် အဲ့ဒါလေးတွေကြည့်ပြီး သူဟာ ဝမ်းသာကြည်နူးနေတယ်။

စောစော လူလည်း ထုံးစံအတိုင်း သူ့ကို ဘာလုပ်နေတာလဲလို့ မေးပြန်တယ်။ခုတော့ သူက ခုလိုဖြေပြန်တယ်။" ကျွန်တော် ကမ္ဘာပေါ်မှာ အလှဆုံး ဟိုတယ်ကြီး တစ်ခု ဆောက်နေတာဗျ"တဲ့။

အလုပ်တစ်မျိုးတည်း အတူတူလုပ်ကြတဲ့ အလုပ်သမား သုံးယောက်ဟာ အလုပ်အပေါ် ခံယူချက် စိတ်ဓာတ်(attitude) ကျတော့ မတူကြပြန်ဘူး။

▶️ပထမလူဟာ သူ့အတွက် အလုပ်သာလုပ်နေရတာ စိတ်မပါဘူး။သူ့စိတ်ထဲမှာ အချိန်ဖြုန်းနေတယ်။ငရဲကျနေတယ်လို့ ထင်နေတယ်။စိတ်မပါဘူး။မတတ်သာလို့သာ ဒီအလုပ်ကို လုပ်နေရတာဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။

▶️ဒုတိယလူကတော့ အလုပ်ကို ကြိုးစားပမ်းစားလုပ်ပါတယ်။တစ်နေ့ အလုပ်တစ်နေ့ပြီးအောင် တာဝန်ကျေပွန်အောင်လုပ်တယ်။ဒါပေမဲ့သူ့မှာ အနာဂတ်အတွက် ဘာမျှော်မှန်းချက်မှ မရှိဘူး။စက်ရုပ်တစ်ရုပ်လိုပါပဲ။

▶️တတိယလူကျတော့ စောစောက လူနှစ်ယောက်လိုမဟုတ်ဘူး။သူ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။အလုပ်ကို ကောင်းတာထက် ပိုကောင်းအောင် ပိုကြိုးစားနေတယ်။ သူလုပ်လိုက်တဲ့ ကျောက်တုံးလေး တွေကြောင့် မကြာခင်မှာ ကမ္ဘာပေါ်မှာ အလှဆုံး ဟိုတယ်ကြီး ပေါ်ပေါက်လာမယ်လို့ ယုံကြည်နေတယ်။သူဟာ အနာဂတ်ကို တွေးမြင်ကြည့်တတ်တယ်။ဒါကြောင့် သူဟာ အလုပ်ခွင်ထဲမှာ အမြဲတမ်း စိတ်ဓာတ် တက်ကြွ လန်းဆန်းနေတယ်။



⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

(page ကို see first လုပ်ထားပေးခြင်းဖြင့် အကျိုးရှိတဲ့ စာပေတွေကိုဖတ်ပါ)

⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️

✏️လူတိုင်းဟာ အသက်ရှင်နေသရွေ့ မိမိနဲ့ မိသားစုအတွက် အလုပ်လုပ်နေကြရမှာပါ။ကိုယ်တိုင်အလုပ်ဖြစ်ဖြစ်၊ဝန်ထမ်းဘဝနဲ့ဘဲ ဖြစ်ဖြစ်၊ အလုပ်တစ်ခုတော့ လုပ်ကို လုပ်ကြရမှာပါ။အဲဒီတော့ ကိုယ့်အလုပ်အပေါ် ခံယူထားတဲ့ attitude ဟာ စောစောကပြောတဲ့ အလုပ်သမားသုံးယောက်ထဲက ဘယ်နဲ့တူသလဲဆိုတာကိုယ်တိုင်ဘဲ အသိဆုံးပါ။

✏️မိမိလုပ်နေတဲ့ အလုပ်ထဲမှာ မပျော်ဘူးဆိုရင် အလုပ်ထွက်လိုက်ပြီး ပျော်မယ့်အလုပ်သစ်ကို ရှာပါ။အဲ့လိုမှ လုပ်လို့မရဘူးဆိုရင် တတိယလူလို အလုပ်အပေါ်မှာထားတဲ့ ခံယူချက် သဘောထား( attitude)ကို ပြောင်းလဲလိုက်ပါ။မိမိ လက်ရှိအလုပ်ကို စိတ်ဝင်စားလာအောင် ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။အလုပ်များများ နဲ့ မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ။ငါ့အလုပ်ကြောင့် ကုမ္ပဏီမှာ ဘာအကျိုးရှိသွားမလဲ စတာတွေပေါ့။

*️⃣တစ်ခုသိစေချင်တာက အလုပ်ထဲမပျော်တဲ့ လူဟာ အိမ်ထောင်ရေး အဆင်မပြေတတ်ဘူး။အလုပ်ထဲက စိတ်မချမ်းသာမှုဟာ အိမ်ထဲကူးစက်တတ်တာကိုး။စိတ်မချမ်းသာတဲ့ လူဟာ အသက်လည်း တိုတတ်ကြပါတယ်။

#CreditOriginalUploader
Source:မျှဝေလိုသော အတွေးများ(ဗန်းမော်သိန်းဖေ)
__________________________________
#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်  
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့် 
#ဘာသာရေးအသိပညာပေး
#ဘဝအောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 
ကျွန်တော့ Page ကနေ ဖိတ်ခေါ်ပါတယ် Like & Follow လုပ်ပေးသွားကြပါအုံး👇👇👇👇👇👇👇👇
https://www.facebook.com/A-Lwan-%E1%80%A1%E1%80%9C%E1%80%BD%E1%80%99%E1%80%BA%E1%80%B8-104196402254231/

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...