ခံနိူင်ရည်တွေမရှိတော့တဲ့အခါ
လွှတ်ချထားခဲ့ပါ
လူဆိုတာလည်းအတိုင်းတာတစ်ခုထိရှိပါတယ်
လူမဟုတ်တဲ့အရာဝတ္ထုတွေတောင်မှအချိန်ကြာလာရင်
ပျက်စီးတတ်သေးတာပဲ။
လူဆိုတာလည်းခံနိူင်ရည်မရှိတော့တဲ့အခါ
အားအင်တွေကုန်ခန်းသွားတဲ့အခါ
အရာရာတိုင်းကို လွှတ်ချထားခဲ့ပါ။
လျှောက်လှမ်းနေတဲ့အချိန်မျိုးမှာ
မောပန်းနေတဲ့အခါ အနားယူတတ်ရမယ်။
အရာအရာတိုင်းကို ကိုယ်ကကြီးလိုက်ခံစားနေဖို့မလိုပါ
သည်းမခံနိူင်တော့တဲ့အခါ
ဥပေက္ခာပြုတတ်ရမယ်။
ကိုယ့်ကိုကိုယ်လွှတ်လပ်စွာနေထိုင်ပါ
ပေါ့ပေါ့ပါးပဲရှင်သန်ပါ။
မနိူင်တဲ့ဝန်တွေထားခဲ့လိုက်ပေါ့
ကိုယ့်အတွက်လေးလံစေတဲ့အရာမှန်သမျှထားခဲ့လိုက်ပါ
လူဆိုတာပြတ်သားသင့်တဲ့အခါမျိုးမှာပြတ်သားပြီး
စိတ်လွှတ်ကိုယ်လွှတ်ရယ်မောတတ်ရမယ်
ရှင်သန်တတ်ရမယ်။
ဒါမှဘဝဟာ ပေါ့ပါးနေမှာပါပဲ
အရာရာတိုင်းကိုသယ်ဆောင်နေရင်ကိုယ့်အတွက်
လေးလံစေတယ်။
#MPA
#MPAအတွေးရသစာစုလေးများ
6.7.22

Comments
Post a Comment