Skip to main content

သားသမီးကိုငရဲပေးတဲ့ မိဘတကယ်ရှိသလား"

 "သားသမီးကိုငရဲပေးတဲ့ မိဘတကယ်ရှိသလား"



 " ရှိပါတယ် . ."

ဘယ်လိုမိဘအမျိုးအစားကမျ ား

သားသမီးကိုငရဲပေးလို့ရနေသလဲ

တွေးကြည့်ကြရအောင်လားဗျာ...


ပြောမရဘူးလေ ဒီအမျိုးအစားတွေမှာ

ကိုယ့်မိဘလဲပါနိုင်သလို   ကိုယ်လဲပါနိုင်တယ်လေ...


(1)။`အပြစ်တင်လွန်းတဲ့မိဘ´


ဒါကရိုးရှင်းပါတယ်

ဘာလုပ်လုပ်အပြစ်တင်နေတာ . .

တစ်နည်းဆိုရရင် လောဘကြီးမိတာပေါ့ .။

အသုံးမကျ ဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ

သားသမီးက တကယ်အသုံးမကျ တာ

ဖြစ်ချင်ဖြစ်မယ် ။ ဒါပေမဲ့

အသုံးမကျ ခြင်းကိုပဲ ဖောက်မြင်နေတာ . . .

ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသက

မိဘကိုပြန်ခံပြောဖို့ စတင်လာတယ်...


(2)။`ဘက်လိုက်တာ´


သားသမီးချင်းတူရင်

ငါ့သမီးငယ်လေး …ငါ့သားကြီးနဲ့

ဘက်လိုက်ဆက်ဆံတာ...။

ဒါကအရမ်းဆိုးတယ် ။ ဘက်လိုက်တတ်တဲ့

မိဘပိုင်ဆိုင်တဲ့ သားသမီးတွေဟာ

မစည်းလုံးကြတာများတယ် ။

မိဘကသွေးခွဲထားတာလေ

"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီး

ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ

ဘယ်တော့မှစျေးနှုန်းညှိမရကြတော့ဘူး...။

ဘက်လိုက်မှုက မလေးစားမှုကို

အစပျိုးပါတယ် .။ ပြီးရင်အချင်းချင်း

မနာလိုစိတ်ကနေ အမုန်းတရားပွားများလာတယ်။ 

ကလေးဘဝကတည်းက

အရိုးစွဲတဲ့ အမုန်းတရားက

ဘယ်တော့မှဖျောက်မရတော့ဘူး...။

မိဘရှေ့ မို့ ဟန်ဆောင်ဆက်ဆံပြနေကြတာပါ။

မိဘသေကြည့် ဒီမောင်နှမတွေဟာ

ပက်သက်စရာလုံးဝကိုမရှိတော့တဲ့

လူတွေအဖြစ်နေကြလိမ့်မယ်...

အချင်းချင်းကူညီဖို့ဆိုတာကတော့

ဟိုး အဝေးကြီးမှာပဲ.... .!



(3)။`ဆဲဆိုလွန်းတာ´


နေ့စဉ်အဆဲခံရတဲ့လူဆိုတာ

ဒေါသမျ ားမယ်ထင်လား ? နည်းမယ်ထင်လား?

ပြန်များပြောမိရင် မိဘကိုခံပြောတယ် . .

ငရဲကြီးမှာ . .ဒုက္ခရောက်မှာ

ခွေးဖြစ်မှာဆိုတဲ့ကျိန်စာဆန်ဆန်

စကားတွေကအရမ်းဆိုးတာပဲနော် …။

ဒါဆို နေ့စဉ်သားသမီးကိုဆဲရေးနေတဲ့

မိဘကကော ငရဲမကြီးတတ်တော့ဘူးလား . .!

ကောင်းကောင်းမွန်မွန်ပြောပြီးခိုင်းလို့မရရင်

မခိုင်းသင့်တော့ဘူး … ဆဲရေးပြီးမှ

ခိုင်းရတယ်ဆိုတာ အတော်ကိုနည်းလမ်းမကျ တာ။

သူဘာလို့မလုပ်ချင်တာလဲဆိုတာ

တော်တော်ကို ချဉ်းကပ်ရခက်တဲ့ကိစ္စပါ ။

ဘာမှကိုမလုပ်ချင်တာလား . . .?သို့သော်လည်း

သူလုပ်ချင်တာဘာများလဲဆိုတဲ့လမ်းက

ဝေးတော့ ဆဲပြီးခိုင်းလိုက်တာမြန်တယ်လေ...

ဒီနည်းပဲသုံးကြတော့တယ်...😡😡


(4)။`သားသမီးအိမ်ထောင်ကိုစွက်ဖက်တာ´


တော်တော်များများဒါကိုလုပ်ကြတယ်...။

"နင်ယူထားတဲ့ ယောက်ျားကဘယ်လို "

"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုး

မပြောသင့်ပါဘူး …။ သားသမီးရဲ့

ရွေးချယ်မှုကိုလေးစားရပါမယ်  …။

သူဟာ သူ့ဘဝကိုသူနေတတ်လို့

နေနေတာပါ .။  သားသမီးက

သူ့အိမ်ထောင်နဲ့ပက်သက်ပြီးကူညီပါလို့

မပြောမချ င်း ဝင်ပါစရာကိုမလိုတာ....

ငါ့သမီး ပဲ မှန်တယ် ငါ့သား က မှန်တယ် ဆိုတာ ချည်းပဲ ယူဆတာ မှားပါတယ်.။


သားသမီးအကြောင်းမိဘကသိတယ်ဆိုတာ

ကလေးဘဝမှာပဲဖြစ်လိမ့်မယ်...။

သားသမီးအကြောင်းမသိကြလို့သာ

သားသမီးက လူသတ်မိရင်

မုဒိမ်းကျင့်တာမျိုးလုပ်မိရင်

မိဘက အံ့သြတကြီးဖြစ်ကြရတာပေါ့...

...ငယ်စဉ်ကသိတယ်ဆိုတာ

ကလေးဘဝမှာမိဘနဲ့တစ်နေကုန်ရှိနေလို့

အကျင့်လေးတွေသိနေတာ...

သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့

အချိန်ကုန်တာနည်းလေ မိဘက

သားသမီးစိတ်ကိုမသိရလေပဲဆိုတာကို

သိထားသင့်ပါတယ်...!


သားသမီးဆိုတာ

မိဘကိုအစစအရာရာပြောပြချ င်တဲ့

အရွယ်ဆ်ိုတာ အသက်လေးငါးဆယ်နှစ်

အရွယ်မှာပဲရှိတယ်...။

ဒါကိုကလေးလိုပဲ အကုန်သိချင်

အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်

တကယ်ဖြစ်ရင်တောင် မိဘကိုမတိုင်ပင်

ကြတော့တာများတယ်... …။" ငါပြောသားပဲ"

ဆိုတဲ့စကားနောက်ကအပြစ်တင်မှုတွေဟာ

ပြဿနာကိုဖြေရှင်းဖို့ဝေးကွာစေတာ

သားသမီးတွေကရိပ်စားမိကြပါတယ်...။

သားသမီးအကြောင်းတကယ်သာသိရင်

ဒါမျိုးမလုပ်သင့်တာကိုသိကိုသိထားရမယ်...


(5)။`သားသမီးကိုပြောဆိုဆက်ဆံပုံမှားတာ´


အချို့ မိဘတွေရှိပါတယ် ။ ပြင်ပမှာတော့

လူငယ်လူကြီးမရွေးကို အရမ်းအလေးထား

ဆက်ဆံတတ်ပါတယ် ။

ပြောရရင် လူတွေအပေါ်လေးစားမှုရှိတာပေါ့ ။

သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။

သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့

စိတ်အလိုမကျ တိုင်းသားသမီးကို

နှိမ်နေတတ်တာမျိုးပါ...။

စေတနာစကားပေမဲ့ အပြောမတတ်ရင်

နားခါးတာလူ့သဘာဝပါ...


အပြင်ပန်းကမှတ်မထားတာမှန်ကောင်း

မှန်ပါလိမ့်မယ်... စိတ်ခံစားချက်က

မှတ်ထားတတ်လို့သာ မိဘပြောတိုင်း

မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့

သားသမီးတွေရှိလာရတာပါ...


စိတ်ဆိုတာအမြဲမရှည်ပါဘူး .။

ဒါကြောင့် သားသမီးကိုအမြဲနားပူအောင်

နေ့စဉ်ဆုံးမစကားဆိုမနေပါနဲ့...။

သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး

တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ

စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ

ဆုံးမစကားတစ်ခွန်းချင်းပြောသင့်တာပါ .။

တစ်ပတ်တစ်ခါမို့ ဆုံးမရတာ

စိတ်လဲရှည်တယ် … သားသမီးအနေနဲ့လဲမိဘက

ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။

သူ့အမှားကိုဆင်ခြင်နိုင်တယ် ။

"ဒေါသပါတဲ့ ဆုံးမစကားဟာ

ပြောင်းပြန်အကျိုးသက်ရောက်ပါတယ် . . ."

ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့

ဒေါသထွက်ရင်အရွဲ့တိုက်တတ်လို့ပါ...

.

.


အဆင်မပြေမှုတွေကိုသူတို့လဲမလိုလားကြပါဘူး!

ဒါပေမဲ့ ငြင်းဆန်မရရင်တော့

မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်

အဝေးကို ပြေးသွားလိုက်တာ

အကုသိုလ်အနည်းဆုံး

အဆင်ပြေဆုံးလို့ထင်ပါတယ်...…


မိဘအတွက်လဲ မျက်စိထဲအဆင်မပြေတဲ့

သားသမီးဟာ သူ့ဖာသာရပ်တည်နေတာ

ကိုယ်မမြင်ရဘူးဆို အပူသက်သာတယ် .။

မိဘရဲ့ အဝေးမှာနေမယ်ဆိုရင်လဲ

အဆင်ပြေပြေ မပြေပြေ မိဘသာမသိစေနဲ့

မေးလာရင်အဆင်ပြေတယ်ပဲပြောလိုက်ပါ ။


ဒါမှ အဝေးမှာမိဘကော သားသမီးပါ

စိတ်အေးလက်အေးနေနိုင်မှာပါ ။

နို့မို့ တွေးပူနေတာနဲ့ မိဘစိတ်ပင်ပန်းပါမယ်...


နေ့စဉ်တစ်ယောက်နဲ့တစ်ယောက်

အကုသိုလ်ယူနေရတာမျိုး

ဘာလို့လုပ်တော့မလဲ...


ကိုယ်တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်း

ကိုလုပ်လို့ရပါတယ်...


အနီးမှာပဲနေရမယ်ဆိုလဲ မိဘနဲ့

အဆင်ပြေအောင်နည်းလမ်းရှာ

စိတ်လျော့တာလဲလုပ်နိုင်ပါတယ်...


မိဘဆိုတာ အဖိုးတန်ပါတယ် . ။

ဒါပေမဲ့ သားသမီးဆိုတာလဲ လူသားမို့

သူလဲသူ့တန်ဖိုးသူရှိတယ်ဆိုတာ

မိဘမျ ား အထူးသတိချပ်မိကြရင်

မိဘနဲ့သားသမီး ဆက်ဆံရေးက

အဆင်ပြေမှာပါ...

.

.


#Credit_Sn

Comments

Post a Comment

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း

ကျို့ထိုး(ကျွတ်ထိုး)ပျောက်နည်း **************************** ကျွတ်ထိုးခြင်းကိုတစ်ခါတရံ လူတိုင်းဖြစ်ဖူးကြ မည်ဟုထင်မိပါသည်။ အစာလွန်၍လည်းကောင်း၊ အစာစားပြီးချိန်၌လည်းကောင်း၊ လေကြောင့်လည်းကောင်း ဖြစ်တတ်ကြပါသည်။ကျွန်တော်တို့ငယ်ငယ်က ကျွတ်ထိုးပျောက်ရန်နားကိုပိတ်၍ရေအဝသောက်ခြင်းဖြင့်ကုသခဲ့ကြပါသည်။ ထို့အပြင် မိရိုးဖလာနည်းများ ဆေးပညာနည်းများလည်း ရှိကြပါသည်။ ကျွတ်ထိုးလျှင် အသက်ရှုခက်ခဲခြင်း ၊စိတ် အဆင်မပြေဖြစ်ခြင်းနှင့် စကားပြောခြင်း အိပ်ပျော်ရန်ခက်ခဲခြင်းများလည်းဖြစ်တတ်ပါသည်။ထိုအခါစိတ်အဆင်မပြေမှုကြောင့် ဒေါသထွက်၍ ပိုဆိုးတတ်ပါသည်။ ထိုကြောင့်ကျွတ်ထိုးလျှင်ဝေဒနာကို သည်းခံဖို့အရေးကြီးပါသည်။  ယခုနည်းမှာ စိတ်ကိုအခြေခံ၍ အသက်ရှုမှု နည်းအရကုသခြင်းဖြစ်ပါသည်။ (၁)ပထမဦးစွာ ရေကိုသင့်တင့်အောင်သောက်ပါ။ (၂)လေအဝင်အထွက်ကောင်းသောနေရာတွင် ဘေးစောင်းလှဲ၍ဖြစ်စေ ထိုင်လျှက်ဖြစ်စေ သက်တောင့်သက်သာ နေရာယူပါ။ (၃)လေကိုအဆုတ်ထဲသို့တစ်ဝ အပြည့်ရှုသွင်းပါ။ရှုထားသောလေကိုပြန်ထုတ်သောအခါ တစ်ဝက်ခန့်သာပြန်ထုတ်ပါ ။အဆုတ်ထဲတွင်လေချန်ထားပါ။ပြီးလျှင် ထုတ်ထားသောလေကိုရှုပါ။ (၄)အထက်ပါအတိုင်း အပြည့်ရှု ၊တစ်ဝက်ထုတ် ၊အပြည့်ဖြစ်အောင် တစ်ဝက်ပြန်ရှု ၄...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...