Skip to main content

အတိတ်ရဲ့အမှောင်က တစ္ဆေတစ်ကောင်လို ငါ့ကိုယ်ပေါ် အုပ်မိုးနေတုန်းပဲ

 ငါ.. 

ဆိုးမိုက်နေဆဲပဲ

ငါဆိုတဲ့ အတ္တစွဲတွေနဲ့

ဘယ်သူ့မှ လူမထင်ခဲ့ဘူး

အကောင်းမြင်စိတ် နည်းပါးလွန်းတဲ့ငါလေ။



တခြားသူပေါ်

ကြင်နာသနားတတ်စိတ်

ငါ့မှာရှိပေမယ့်

အတိတ်ရဲ့အမှောင်က

တစ္ဆေတစ်ကောင်လို 

ငါ့ကိုယ်ပေါ် အုပ်မိုးလျက်

ကြင်နာသနားမှုက

ငါ့ဆီပြန်မရောက်လာဘူး။


အားငယ်တိုင်း

ဘယ်ဘုရားက

ကောင်းချီးပေးမလဲ

ငါမသိချင်သလို လိုက်မမေးခဲ့ဘူး

အပေအတေဘွဲ့ကို

လက်ဆောင်ရထားတဲ့ ငါလေ။


ဘယ်သူမှမရှိတဲ့

ချောင်လေးတစ်ချောင်က

ငါ ခိုးငိုဖို့

တမင် လျစ်လျူရှုထားကြတာလား

ကျေးဇူးတင်ပါတယ်။


ရည်ရွယ်ချက်နဲ့

လုပ်ဆောင်ချက်တသားတည်းကျဖို့

တချို့အရာတွေကို

မေ့ဖို့ကြိုးစားခဲ့တယ်..

တခါခါ နှလုံးသားမှာ

လေပွေသရမ်းတွေနဲ့

အတွေးတွေ ဟိုရောက်ဒီရောက်

ဦးနှောက်က လေထုထဲ မျောပါလို့

အတွေးတွေ လေလွင့်နေဆဲ

ဘယ်အရာနဲ့ ဆက်ပြီး 

ရပ်တည်ရပါ့။


အချစ်ဆိုတာဘာလဲ

ငါသိငါတတ်ပဲ

ကြင်နာသူကို

စိတ်ချမ်းမြေ့ဖို့

တယ်လီဖုန်းလေးကို

ငါမစေခိုင်းတတ်ဘူး

တခါတလေ ဒုက္ခတချို့တဝက်

သူ့ဆီ လွှဲပြောင်းပေးတတ်သေး

ငါလေ။


အမေ့မျက်ရည်ကိုချူ

အဖေ့မျက်ရည်ကိုယူနဲ့

ထင်ရာစိုင်းတဲ့လမ်းကလည်း

ဆူးငြောင့်တွေနဲ့

မာန်မလျော့ဘူး

တီးတိုး ကြိမ်းဝါးလိုက်သေး

ငါတဲ့လေ။


အမှားဆိုတာ ဘယ်လိုလဲ

ငါ့ကိုယ်ငါလည်း မမေးသလို

အမှန်ဆိုတာ သိဖို့လည်း

ငါ မစုံစမ်းခဲ့ဘူး။


ငါဆိုတဲ့ အတ္တတွေနဲ့

ရင်းနှီးမြှုပ်နှံခဲ့တဲ့ဘဝ

ကြီးကြီးမားမားပဲ

အမြတ်အကြီးကြီးရတဲ့ အချိန်မှာတော့

တစ်လောကလုံး ကြားအောင်

အော်ပြောလိုက်တယ်....

"သားမှားပြီအမေ"

တော်တော်ရီရတဲ့" ငါ"လေ။


#ဖိုးတေ

#FOC

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...