Skip to main content

"ကို့ဖုန်းပေး... သဲတို့၂ယောက်တွဲပုံ ချိန်းရအောင်

 "ကို့ဖုန်းပေး...

 သဲတို့၂ယောက်တွဲပုံ ချိန်းရအောင်"



ငတိမက ပြောပြောပြောဆိုဆိုနဲ့ လက်ထဲကဖုန်းကိုဆွဲယူသွားတယ်။


ငတိမနဲ့က onlineမှာ ကြူရင်းနဲ့ တစ်နေ့ကမှအဖြေရထားတာ။


ဒီနေ့အပြင်မှာတွေ့ချင်တယ်ဆိုလို့ သူနဲ့ ချိန်းတွေ့ကြတာ။

 အခုလို ဖုန်းယူကိုင်ကြည့်မယ်လို့ ထင်မထားတော့ ဖုန်းထဲက ဖျက်သင့်တဲ့ဟာတွေကိုဖျက်မထားမိလိုက်ဘူး။ 


"ကလွမ်..."


"ကလုံ..."


ဖုန်းကလိုင်းဖွင့်လိုက်တာနဲ့တပြိုင်နက် တတုံတုံနဲ့ notiတွေတန်းတက်လာတယ်။


"ပေးပါသဲရယ်....ကိုယ့်ဟာကိုတင်ပါ့မယ်....သဲကြိုက်တဲ့ပုံလေးကို့ကိုပြ"


"ရပါတယ်ကိုရဲ့ သဲလုပ်တတ်ပါတယ်...ဘာဖြစ်နေတာလဲ"


"ဘာဖြစ်လို့နေလို့လဲ...ဘာမှမဖြစ်ပါဘူး"


ငတိမက ကျနော့်ကိုမသင်္ကာဖြစ်ပီး ပုံတင်ပီးတော့ notiတွေပါ ဝင်ကြည့်တော့တာ


"ကိုရေ.' အပြာရောင်မိုးတိမ်တ'ဲ့ ...နာမည်လေးလှတယ်နော်...ဒီမှာရောပဲ 'အမုန်းလင်း ဂုန်းဆင်း'တဲ့ သဲကိုလဲအဲ့ဒီဟာတွေထဲ ထည့်ပေးဦးနော်"


"ဟိုဟာလေသဲရဲ့...အဲ့ဒီဟာတွေက...."


"ဘာလဲ ထည့်မရလို့လား...ထည့်မပေးချင်တာလား"


"ထည့်...ထည့်ပေးပါ့မယ်သဲရာ"


"ပြစမ်း...မက်ဆင်ဂျာထဲမှာရော ဘယ်သူနဲ့ပြောထားသေးလဲ"


သွားပီ...အဲ့ဒါမှမြွေကိုက်တာအစစ်......မက်ဆင်ဂျာက ဖွင့်တာဖွင့်ထားတာ သူများနဲ့ပြောတာကမရှိသလောက်ပဲ..ကျန်တာက 18+ gpတွေ


"MPTတဲ့....ဒီမှာTelenorတဲ့ Ooredooတောင်ပါသေးတယ်....ကိုက ဖုန်းအော်ပရေတာတွေနဲ့လဲ သိတာပဲလား"


"သိတာပေါ့သဲရဲ့..သူငယ်ချင်းတွေဆို အဲ့ဒီမှာလုပ်နေကြတာ အများကြီးပဲ"


"ဟုတ်လား ကိုကအပေါင်းအသင်း တော်တော်စုံတာပဲနော်.....ဒီမှာလဲ Mytelတဲ့...

အဲဒီကဒ်မသုံးစမ်းပါနဲ့ကိုရာ...အဲ့ဒီကဒ်က ဖုန်းဘေလ်တအားခိုးတာ"


"အင်းပါ....သဲမကြိုက်ရင် မသုံးတော့ဖူးနော်"


"ကိုက လိမ္မာတယ်....

'အပြာရောင်သူငယ်ချင်းများ'တဲ့...

အဲ့ဒါကဘာလဲဟင် ကို"


"အဲ့ဒါ ကိုတို့ကျောင်းနေဖက်သူငယ်ချင်းတွေ ဆုံကြတဲ့groupလေ"


"ဟော ဒီမှာလဲ 'အမှောင်ည'တဲ့...ဘာလုပ်တဲ့ဟာလဲဟင်"


"အဲ့ဒါက ဆေးသမားတွေ အရက်သမားတွေကို ဆေးဖြတ်၊အရက်ဖြတ်ဖို့ ပညာပေးတဲ့အဖွဲ့"


"ဒါဆိုလဲပီးရော...

ရော့...ကို့ဖုန်း..

.ညနက်ထိလဲသုံးမနေနဲ့နော်ကို... အိပ်ရေးပျက်လိမ့်မယ်..."


ဟူးးး.... အခုမှရင်အေးရတော့တယ်...


အဲ့ဒီဟာတွေထဲ ဝင်ကြည့်လိုက်လို့ကတော့ သေချာပေါက်ဂွမ်းပီပဲ


သူနဲ့လျောက်လည် စားသောက်ပီးလို့ အိမ်ပြန်ခါနီးရောက်တော့ ငတိမက တိုးတိုးလေးကပ်ပြောတယ်


" ကို့ဆီကGpတွေထဲ သဲကိုထည့်ပေးဦး.....သဲဆီရှိတဲ့groupတွေထဲ ကို့ကိုထည့်လိုက်မယ်"တဲ့


"တိန်"

😁😁😁😁😁


Credit 


ဖရန့်တို့လည်း ရှိရင်ထည့်ပေးကြပါအုံးလို့

😝😝

Photo#Credit

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...