Skip to main content

သိဒ္ဓတ္ထဗုဒ္ဓဝင်

 သိဒ္ဓတ္ထဗုဒ္ဓဝင်


၁။ ဓမ္မဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌ လူတို့၏ ရှေ့သွား ဖြစ်တော်မူသော သိဒ္ဓတ္ထမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုအခါ ထိုမြတ်စွာဘုရား သည် အလုံးစုံသော (မောဟ) အမိုက်မှောင်ကို ပယ်ဖျောက်၍ {နေမင်းကဲ့သို့} တက်ထွန်းတော်မူ၏။ 



၂။ ထိုမြတ်စွာဘုရားသည်လည်း သမ္မာသမ္ဗောဓိဉာဏ်တော်သို့ ရောက်၍ နတ်နှင့် တကွသော လူတို့ကို ကယ်တင်တော် မူသည်ရှိသော် နတ်နှင့်တကွသော လောက ကို ငြိမ်းချမ်းစေလျက် တရားမိုးဖြင့် ရွာသွန်းတော်မူ၏။ 


၃။ အတုမရှိသော တန်ခိုးရှိတော်မူသော ထိုမြတ်စွာဘုရား၏လည်း လူနတ်တို့၏ (သစ္စာလေးပါးကို) သိခြင်းတို့သည်လည်း သုံးကြိမ်ဖြစ်ကုန်၏။ ကုဋေတစ်သိန်း သော လူနတ်ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။ 


၄။ နောက်တစ်ဖန် အကြင်အခါ ဘီမရထမြို့ (ဟိမတိုင်းနိုင်ငံ)၌ (တရား)စည်ကို တီးတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါး ကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း)ဖြစ်လေ၏။ 


၅။ အကြင်အခါ ထိုမြတ်စွာဘုရားသည် ဝေဘာရမြို့တော်၌ တရားကို ဟောတော် မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်း သည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။ 


၆။ အခြေနှစ်ချောင်း ရှိသူ နတ်လူတို့ထက် မြတ်တော်မူသော ထိုမြတ်စွာဘုရား လက်ထက်တော်၌ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့ သည် သုံးကြိမ် ဖြစ်ကုန်၏။ 


၇။ ကုဋေတစ်ရာသော ရဟန္တာတို့၏ လည်းကောင်း၊ ကုဋေကိုးဆယ်သော ရဟန္တာတို့၏ လည်းကောင်း၊ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏ လည်းကောင်း အစည်းအဝေး၌ သုံးပါးသော ဤစည်းဝေးခြင်း အကြောင်းအရာတို့ ဖြစ်ကုန်၏။ 


၈။ ထိုအခါ ငါသည် မင်္ဂလမည်သော ရသေ့ဖြစ်၍ ထက်မြက်သော တန်ခိုးရှိသူ၊ (သူတစ်ပါးတို့) မလွှမ်းမိုးနိုင်သူ၊ အဘိညာဉ်စွမ်းအားနှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။ 


၉။ ငါသည် ဇမ္ဗုသပြေပင်မှ အသီးကို ကောင်းစွာ ဆောင်ယူ၍ သိဒ္ဓတ္ထမြတ်စွာ ဘုရားအား ပေးလှူ၏၊ မြတ်စွာဘုရားသည် ခံယူပြီးလျှင် ဤစကားကို မိန့်တော် မူ၏- 


၁၀။ ဆံကျစ်ရှိလျက် အကျင့်ထက်သော ဤရသေ့ကို ရှုကြည့်ကုန်လော့၊ ဤရသေ့ သည် ဤကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ဟု(မိန့်တော်မူ၏)။


၁၁။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုပ်ငန်းကို အားထုတ်၍။ပ။ ဤ(ဂေါတမ)မြတ်စွာဘုရား ၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။ 


၁၂။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။ 


၁၃။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ မြို့တော်သည် {ဝေဘာရ} မည်၏၊ (ခမည်းတော်) မင်းသည် {ဥဒေနမင်း}* မည်၏၊ မယ်တော်သည် {သုဖဿာမိဖုရား} မည်၏။ 


၁၄။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ကောက သုပ္ပလ ကောကနဒအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့သည် ရှိကုန်၏။ 


၁၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်း ရှစ်ထောင် တို့လည်း ရှိကုန်၏၊ ထို (ဘုရားလောင်း၏) မိဖုရားသည်ကား {သောမနဿာ} မည်၏၊ သားတော်သည် {အနူပမ} မည်၏။ 


၁၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဝေါယာဉ်ဖြင့် တောထွက် တော်မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။ 


၁၇။ ကြီးမားသော လုံ့လရှိတော်မူသော လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထ မြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။ 


၁၈။ သမ္ဗလသည် လည်းကောင်း၊ သုမိတ္တသည် လည်းကောင်း သိဒ္ဓတ္ထမြတ်စွာ ဘုရား၏ မြတ်သောတပည့် {အဂ္ဂသာဝက} တို့ ဖြစ်ကုန်၏၊ (ထိုမြတ်စွာဘုရား၏) အလုပ်အကျွေးသည် {ရေဝတ} မည်၏။ 


၁၉။ သီဝလာသည် လည်းကောင်း၊ သုရာမာသည် လည်းကောင်း မြတ်သော တပည့်မ {အဂ္ဂသာဝိကာ} တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို {တောင်ဖက်ဝန်း} မဟာ လှေကားဟု ခေါ်ဆိုအပ်၏။ 


၂၀။ သုပ္ပိယသည် လည်းကောင်း၊ သမုဒ္ဒသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ{အဂ္ဂဥပဋ္ဌက}တို့ ဖြစ်ကုန်၏။ ရမ္မာသည် လည်းကောင်း၊ သုရမ္မာ သည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ {အဂ္ဂဥပဋ္ဌိကာ} တို့ ဖြစ်ကုန်၏။ 


၂၁။ ထိုမြတ်စွာဘုရားသည်လည်း အတောင်ခြောက်ဆယ်တိုင်အောင် ကောင်း ကင်သို့ မြင့်တက်တော်မူ၏၊ ရွှေတုရိုဏ်တိုင်နှင့်တူလျက် လောကဓာတ် တစ် သောင်း၌ အထူးတင့်တယ်တော်မူ၏။ 


၂၂။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော တုဘက်ပုဂ္ဂိုလ် ရှိတော် မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူသော စက္ခု (ငါးမျိုး)နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည်လည်း လောက၌ အနှစ်တစ်သိန်းတို့ပတ်လုံး တည်နေတော် မူ၏။ 


၂၃။ ထိုမြတ်စွာဘုရားသည် ပြန့်ပြောသော အလင်းရောင်ကို ပြ၍ တပည့်သာဝက တို့ကို ပွင့်စေပြီးလျှင် မြတ်သောသမာပတ်ဖြင့် တင့်တယ်စံပယ်လျက် တပည့် သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။ 


၂၄။ ရဟန်းမြတ် ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် အနောမာရာမ (ဥယာဉ်)၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုဥယျာဉ်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး)တော်သည် လေးယူဇနာ မြင့်လျက် တည်ရှိလေသတည်း။

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...