( #ဇာတ်ပို့တစ်ယောက်ပါ )
ကံကြမ္မာ ရေးတဲ့ ဇာတ်ညွှန်းမှာ
လူတချို့က အရာရာ
ကိုယ်ကတော့ ပြာတာ
ဇာတ်ကိုက နာတာ။
ဟာသတွေ ပြောတာက ငါ
ရယ်မောသွားတာက သူတို့
အပြုံးတွေကြောင့် အကယ်ဒမီရတော့
သရုပ်ဆောင်ကောင်းသတဲ့
#ဇာတ်ကိုကနာတာ
ချစ်ပြမိခဲ့တာက ငါ
ကြင်နာနေကြတာက သူတို့
မျက်ရည်တွေကြောင့် အကယ်ဒမီရသွားတော့
လွမ်းတတ်လိုက်တာတဲ့
#ဇာတ်ကိုကနာတာ
တန်ဖိုးထားခဲ့တာက ငါ
ယုယနေကြတာက သူတို့
ဂရုဏာတွေကြောင့် အကယ်ဒမီရသွားတော့
မြတ်နိုးတတ်လိုက်တာတဲ့
#ဇာတ်ကိုကနာတာ
ငါ့မှာတော့ သူစိတ်ကောက်ရင်
ကမ္ဘာတဝက်ပျောက်သလို
ဦးတည်ရာ မဲ့ခဲ့ရတာ
သူကတော့ တခြားသူနဲ့ စိတ်ဆိုးရင်
ဝေဒနာတွေ ပျိုးပြီး
ငါ့ဆီမှာ ငြိုးတယ်
#ဇာတ်ကိုကနာတာ
ငါကတော့ သူ့မျက်နှာလေး ပျက်ရင်
ကမ္ဘာပျက်သလိုခံစားနေတာ
သူက တခြားလူဆီမှာ တောက်ပပြီး
ငါ့ဆီမှာ ကြွေကြသော ကြယ်တပွင့်ပေါ့
#ဇာတ်ကိုကနာတာ
အေးလေ ဇာတ်ပို့ဇာတ်ရံပဲဆိုပြီး
အထီးကျန်လည်း သည်းခံရတော့တာပေါ့
မိတ်ကပ်တွေနဲ့လူတွေကို လှတယ်ထင်နေမှတော့
သနပ်ခါးအရည်ကြဲလိမ်းထားတဲ့ ငါ့ကို
ဘယ်မြင်နိုင်မလဲလေ
(#ဇာတ်ကိုကနာလွန်းတာပါ)
ညို့သခင်

Comments
Post a Comment