Skip to main content

မျောက်ကပေးတဲ့ သင်ခန်းစာ

မျောက်ကပေးတဲ့ သင်ခန်းစာ

🙉🦁🙉🦁🙉🦁🙉🦁🙉🦁🙉


တခါတုန်းကပေါ့....မျောက်လေးတစ်ကောင်နဲ့ ခြင်္သေ့တစ်ကောင်းတို့ဟာ ကျောက်ဂူးကြီးတခုထဲမှာ အတူနေထိုင်ခဲ့ကြတယ်။  

  


     သူတို့နှစ်ကောင်ဟာ  အတူတကွနေထိုင်သော်လည်ခြင်္သေ့ကြီးက သေးငယ်တဲ့မျောက်ကလေးကို အထင်သေးပြီ သူ့ရဲ့ခွန်အားဗလနဲ့ အမြဲလိုလို ဗိုလ်ကျ အနိုင်ကျင့်လေ့ရှိတယ် သူရဲ့ ခွန်အားဗလတောင့်တင်းကြောင်းကိုအမြဲ ကြွားဝါးလေ့ရှိတာပေါ့


   ဟိတ် မျောက်စုတ်  မင်းရဲခန္ဓာကိုယ်သေးသေးလေးနဲ့ ဟိုအပင်တက် ဒီအပင်တက် အငြိမ်မနေနိုင်တဲ့ကောင်  ငါကိုကြည့်စမ်း တိရစ္ဆာန်တွေအားလုံး လေးစားလောက်တဲ့ ဥပဓိရုပ်၊အဆင်းအင်္ဂါနဲ့ပြည့်စုံတယ် ၊ မင်းကတော့ တိရစ္ဆာန်ဖြစ်ရကြိုးမနပ်တဲ့ မျိုးနွယ်သတ္တဝါပဲ ၊ တော်တော်ညံ့ဖျင်းတဲ့အကောင် စားတော့လည်းသစ်ဥ သစ်ဖုတွေ ငါလို အရသာရှိတဲ့အသားမျိုး မင်း စားဖို့နေနေသာသာ အိမ်မက်တောင်မက်ဘူးမှာမဟုတ်ဘူးကွာ ဟားးးဟားးးး


   မျောက်ကလေးကတော့ သူထက်အင်အားကြီးမားလှတဲ့ ခြင်္သေ့ကြီးကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကို အချိန်ပြည့်တွေးတောစဉ်စားနေတာပေါ့


   တနေ့မှာတော့ မျောက်ကလေးဟာ အစာလိုက်ရှာရင်း ရေတွင်းတစ်တွင်းကိုတွေ့လိုက်တော့ အကြံတခုရပြီးပြုံးလိုက်သတဲ့ ....အင်ဒီအတိုင်ဆိုရင်ကြွားဝါးပြီး ဗလအားကိုးနဲ့ငါကိုအနိုင်ကျင့်တဲ့ ခြင်္သေ့ကြီး ဒီတခါတော့ အကောင်းသေးပေမဲ့ ဉာဏ်စွမ်းဘယ်လောက်ထက်တယ်ဆိုတာ တွေ့ကြသေးတာပေါ့ကွာ.....အဲ့ဒီလိုတွေးရင်း မျောက်ကလေးကပျော်ရွှင်စွာ ပြန်လာခဲ့တာပေါ့


   နောက်တနေ့တွင် မျောက်ကလေးဟာ သူရဲ့အကြံအတိုင် အစားရှာသွားခါနီး ခြင်္သေ့ကြီးကိုနှုတ်ဆက်လိုက်တယ်


    အကိုခြင်္သေ့ကြီး  မနေ့ကကျွန်တော်ဟိုတောနက်ထဲမှာ ခများနဲ့တထည်ရာတည်းတူတဲ့သတ္တဝါတစ်ကောင်းကိုတွေ့ခဲ့တယ်။သူကကမ္ဘာမှာ ငါနဲ့ ပြိုင်ဝံ့တဲ့လူရှိရဲ့လားလို့ ကျွန်တော်ကိုမေးတယ် အကိုကြီးရဲ့အစွမ်းကိုကျွန်တော်ကသိပြီသားမို့ရှိတာပေါ့လိုပြန်ပြောလိုက်တယ် ။


သူကဒေါသထွက်ပြီး ဟိတ်ကောင်မျောက်စုတ် ရှိရင်ငါဆီခေါ်ခဲ့စမ်း သူကငါနဲ့မပြိုင်ဝံ့ရင်တော့ မင်းငါကိုတသက်လုံးပြုစုလုပ်ကိုင်ကျွေးမွေးပြီိးငါအမိန့်ကိုနာခံရမယ်လို့မှာလိုက်တယ်...

အင်းးးဟုတ်ပမလားကွာ...မျောက်စုတ်ရာ


အကိုခြင်္သေ့ကြီးရာ အဲ့ကောင်ကမထီမဲ့မြင်လုပ်ပြီး စကားပြောကြီးကျယ်လွန်းလို့ ခံပြင်းစရာပါဗျာ

  ဒါနဲ့ မင်းကရောငါဘယ်လောက် ခွန်အားကြီးမာကြောင်း မပြောပြလိုက်ဘူးလား....

မျောက်ကလေးက တမင်မျက်နှာလွဲပြီး....

အကိုခြေင်္သေ့ကြီးရယ် ခများအကြောင်းကိုပြောပြတော့သူက ရယ်တောင်နေသေးတယ်ဗျ...

ခြင်္သေ့ကြီးလည် စိတ်ဆိုးမာန်ဆိုးနဲ့ မျောက်ကလေးကိုအော်ဟစ်မေးမြန်ပါလေရော...

ဒီလောက်လူပါဝတဲ့အကောင်းဘယ်မှာနေတာလည်း ငါကိုလိုက်ပြစမ်း။

အကိုခြင်္သေ့ကြီး သတိတော့ထားနော် ဒီကောင်းကတော်ရုံအစွမ်းအစတော့မဖြစ်နိုင်ဘူး

ငါအဲ့လိုကောင်မျိုးနဲ့မှတွေ့ချင်တာအမြန်သာလိုက်ပြစမ်းပါမျောက်စုတ်ရယ်လို့ခြင်္သေ့က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တဲ့အခါ.....

ကောင်းပြီလေ လိုက်ခဲ့ပါ... မျောက်ကလေးဟာမောက်မာဝင့်ကြွားတဲ့ခြင်္သေ့ကို တောအုပ်ထဲကရေတွင်းဆီကိုခေါ်ဆောင်သွားသတဲ့.....

ရောက်ပါပြီဗျာ ...ကျွန်တော်မနေ့ကတွေ့ခဲ့တဲ့ အကောင်က ဒီတွင်းကြီးထဲမှာနေထိုင်ပါတယ်။

ခြင်္သေ့က ဘာမှမစဉ်စားတော့ပဲ ရေတွငိးနှုတ်ခမ်းပေါ်ကိုဒေါကြီးမာန်ကြီတက်ပြီး ငုံကြည့်လိုက်သတဲ့...


အဲ့ဒီအချိန်မှာ ကြည်လင်လှသောရေတွင်းပြင်မှာ သူနဲ့တထေရာတည်းတူနေတဲ့ ခြင်္သေ့တစ်ကောင်ကိုတွေ့လိုက်သတဲ့....


ခြင်္သေု့ကြီးကမိုက်တိမိုက်ကန်းနဲ့ကြည့်လိုက်တော့ သူနဲ့တူသောအကောင်းကလည်း မိုက်တိမိုက်ကန်းပြန်ကြည့်သတဲ့...


မောက်မာတဲ့ခြင်္သေ့ကြီးက ဒေါကြီးမောကြီး ဟိန်းဟောက်လိုက်တော့ ရေတွင်းထဲကကောင်ကလည်း ပြန်ဟိန်းဟောက်တာပေါ့..


ဒီလိုနဲ့ ခြင်္သေ့ကြီးဟာ ဒေါသအိုးပေါက်ပြီး ဘာမှ မတွေးမိ မစဉ်းစားမဆင်ခြင် ရေတွင်းထဲကအကောင်းကိုခုန်အုပ်ဖို့ ရေတွင်းထဲ ခုန်ခြလိုက်လေသတဲ့ကွယ်...


 တကယ်တော့ ရေတွင်ထဲမှာ ဘာရန်သူမှမရှိပါဘူး ကြည်လင်တဲ့ရေပြင်မှာ ပေါ်နေတဲ့သူအရိပ်ကို ရန်သူထင်ပြီ ခုန်အုပ်မိတဲ့ ခြင်္သေ့ကြီးကတော့ ရေနစ်သေဆုံးသွားတာပေါ့


မျောက်ကလေးကတော့ အဖြစ်အပျတ်ကိုကြည့်ပြီး သဘောကြ ရယ်မေားပြီး သစ်ပင်တစ်ပင်မှတစ်ပင်သို့ကူးကာ အိမ်ပြန်သွားသတဲ့ကွယ် 


ဒီပုံပြင်လေးကိုကြည့်မယ်ဆိုရင် သူတပါးကိုအထင်သေး အနိုင်ကျင့် နှိပ်ချပြီးဒေါသထွက်နေတဲ့အချိန် ဘာမှမစဉ်စား မဆင်ခြင်နိုင်စွမ်းမရှိ ဉာဏ်ပညာနည်းတဲ့ ခြင်္သေကြီးကို

အင်အားနည်း သေးကွေးတဲ့မျောက်ကလေးက ပရိယာယ် ဉာဏ်ပညာနဲ့ အနိုင်ယူလိုက်နိုင်ပါတယ်။


ဒါကြောင့်လောကမှာ အင်အားကြီးမာဖို့ထက် ကိုယ်မှာရှိတဲ့အင်အားအနည်းငယ်ကို ဉာဏ်ပညာနဲ့ယှဉ်တွဲပြီး စဉ်းစာဆင်ခြင်ဉာဏ်နဲ့ အသုံးချနိုင်ရင် မည်သည့် အခတ်အခဲကိုမဆိုအောင်မြင်နိုင်ပါတယ်"


အေးချမ်းသာယာလှပသော

ဘဝလေးများကိုပိုင်ဆိုင်နိုကြပါစေ👸#T.L

 credit မူရင်း

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...