မင်းမို့လို့
======
အရွယ်ငယ်ငယ်
အချစ်နဲ့တွေ့တဲ့အခါ မိုက်ရူးရဲဆန်ကြတယ်
အသက်ဘယ်လောက်ကြီးကြီး
အချစ်နဲ့တွေ့တဲ့အခါ ကလေးဆန်ချင်တယ်
အဲ့တာကို ကိုယ်လက်ခံတယ်
ဒါပေမဲ့
အရွယ်ငယ်ငယ် အသက်ကြီးကြီး
အချစ်နဲ့ တွေ့တဲ့အခါ အတ္တကြီးနေကြတုန်းပဲ
ဘာလို့လဲဆိုတော့
ငယ်ငယ်က “သားအတွက်၊ သမီးအတွက်” ဆိုသလို
“ကိုယ့်အတွက်” ဆိုတဲ့ ရည်ရွယ်ဖြစ်တည်တာတွေ
ငါ ခုထိကြိုက်နေတုန်းပဲ
အထူးသဖြင့်
မင်းအတွက်မို့ အချိန်ပေးတာ
မင်းနဲ့မှ ကိုယ်ပြုံးဖြစ်တာ
မင်းရှိနေလို့ ကိုယ်ရှေ့ဆက်နိုင်တာ
မင်းမို့လို့ ခွင့်လွှတ်တာ
မင်းရလို့ ဆိုးနေတာ
နောက်ဆုံး …
တစ်ခါတလေ စိတ်ကောက်တဲ့အခါ
“မင်းနဲ့မို့ စျေးပေါတာ” ဆိုပြီး
တန်ဖိုးမဲ့စွာ သုံးနှုန်းတာမျိုးအထိ
မင်းအတွက်လို့ ရည်ရွယ်သုံးတာကို ကိုယ်မက်မောတာ
ဘဝမှာ
ကိုယ့်အတွက် ဖြစ်တည်ခြင်းတွေ အများကြီး မရခဲ့ရင်တောင်
ကိုယ်ချစ်တဲ့သူဆီက
“မင်းမို့လို့ ချစ်တာ” ဆိုတဲ့ စကားတစ်ခွန်းနဲ့တောင်
ငါ့ဘဝက နေပျော်ပါပြီကွာ…။
ဆြာချစ်
(၂၀၂၂ ဇူလိုင် ၄)
Comments
Post a Comment