Skip to main content

မေ့ဖို့လွယ်ကူတာသိသိရက်နဲ့ စွန့်ပစ်ခံထိတဲ့ နှလုံးသား

 ထားမသွားဘူးဆိုတဲ့ ကတိတွေအကြိမ်ကြိမ်ပေးရက်ခဲ့ပြီးမှ   ကျန်ရက်နေခဲ့ရမယ်လို့   ဘယ်သူကထင်မလဲ.......


နားလည်မှုတွေပေးသယောင်ယောင်နဲ့   နောက်ဆုံးတော့   နာကျင်မှုဆိုတဲ့ ခံစားချက်သက်သက်ပဲပေးထားခဲ့တယ်....


ကိုယ့်အတွက်ကတော့   သူနှင့်ပတ်သက်လို့ ဘာတွေဟာအမှတ်တရဖြစ်ခဲ့လဲလို့    ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိရင်   သူပေးခဲ့တဲ့ ဒဏ်ရာတွေကိုပဲလက်ညိုးထိုးပြရလိမ့်မယ်....


အစကတော့   ကျွန်​ေတာ်မရှိရင်သူ့ဘဝကြီးက       လုံးဝအဓိပါယ်မရှိသလိုလိုနဲ့

နောက်ဆုံးတော့   ကျွန်တော့်အချစ်တွေလိမ်ညာယူသွားတယ်လေ...


အတည်ပေါက်လိုစကားတွေနဲ့အကြောင်းပြတွေပေးသွားတာလည်း   မင်းပါပဲ...


တစ်ခါတစ်လေ   ဂရုစိုက်ခံချင်မှ    ကျွန်တော့်ဆီပြန်လာပြီး   ကျွန်တော့်ကိုချစ်ပါတယ်ဆိုပြီး   မျက်ရည်ခံထိုးခဲ့တာလည်း     မင်းပါပဲ.....


အထီးကျန်မှုအတွက်နဲ့     ကျွန်တော်ဟာခင်ဗျားရဲ့   အသုံးတော်ခံသက်သက်ဖြစ်ခဲ့ရပါတယ်.......


ခင်ဗျားရဲ့စကားတွေတိုင်းဟာ   လိမ်ညာမှုတွေဖြစ်နေပေမယ့်   လုံးဝအသက်ဝင်အောင်   ခင်ဗျားဟာဖန်တီးတတ်တဲ့သူပါ...


ကျွန်တော်ဆိုတာလည်း   လူပါ    

ခင်ဗျားလိုအကျင့်တွေကျွန်တော့်မှာလည်းရှိတယ်...



ခံစားတတ်တယ်    တုံ့ပြန်တတ်တယ်    လက်စားချေတတ်တယ်


ဒါပေမယ့်    ကျွန်တော်အရမ်းချစ်ရတဲ့   ခင်ဗျားရဲ့ အပျော်တွေပျက်မှာစိုးလို့    ကျွန်တော့်ခံစားချက်တွေကို      မြိုသိပ်နေခဲ့ရပါတယ်...


ခင်ဗျားမကြိုက်တတ်မှန်းသိတဲ့    ပွင့်လင်းတတ်တဲ့ကျွန်တော့်ရဲ့အကျင့်တွေပြင်နေစဥ်မှာပဲ      ကျွန်တော်ဆိုတာ   ခင်ဗျားနှလုံးသားထဲက ထုတ်ပါယ်ခြင်းကို ခံလိုက်ရပါပြီ....


သို့ပေမယ့်

ကျွန်တော့်နှလုံးသားမှာတော့     ခင်ဗျားဆိုတဲ့ခက်ဗျားတစ်ယောက်ဟာ   အမြဲတမ်းActive. ဖြစ်နေပြီးသားပါ.....


ခင်ဗျား သိပ်ချစ်ရပါတယ်ဆိုတဲ့   တစ်ယောက်ဆီမှာ  ခင်ဗျားမလွှတ်လပ်ရင်   ကျွန်တော့်ဆီကိုပြန်လာခဲ့ပါ.....


အရင်လိုပဲ   ခင်ဗျားလိုချင်တဲ့ဂရုစိုက်မှုတွေ   ကျွန်တော်ကပေးမှာပေါ့.....


ခင်ဗျားရဲ့လှည့်ကွက်တွေဟာ    အရမ်းကိုပြောင်မြောက်ခဲ့ပါတယ်   ခင်ဗျားရယ်.....


-myatbhone-

Comments

Popular posts from this blog

မှတ်သားဖွယ်ရာ စလင်းဝိနည်း

 မှတ်သားဖွယ်ရာ စလင်းဝိနည်း ~~~~~~~~~~~~~~~~~~~~~  အရိယာကို ပြစ်မှားမိသော် ~~~~~~~~~~~~~~~~~  ကိလေသာအလွန်ထူသော ယနေ့ခေတ်တွင် ဝစီကံအကုသိုလ်ကို အလွယ်တကူ ပြုလုပ်နေမိတတ်ကြသည်။  မိမိတို့ ပြစ်မှားပြောဆိုမိသူတို့တွင် အရိယာသူတော်ကောင်းများလည်း ပါရှိနေတတ်သည်။  အရိယာတို့ကို ပြစ်မှားမိသူကို "အရိယူပဝါဒကံ" ထိုက်သူ ဟု ဆိုရသည်။  ထိုအရိယူပဝါဒကံထိုက်သူသည် သေပြီးသည်၏ အခြားမဲ့၌ နတ်ဘုံ လူ့ဘုံ၌ မဖြစ်မူ၍ အပါယ်ဘုံ၌သာ ဖြစ်ရ၏။  ထို့ကြောင့် ပါရာဇိကဏ်ပါဠိတော်၊ ၆ တွင်  တ ကာယဿ ဘဒေါ ပရံ မရဏာ အပါယံ ဒုဂ်ဂတိံ ဝိနိပါတံ နိရယံ ဥပပန်နာ။   "ထိုအရိယာကို ပြစ်မှား စော်ကားမိသူတို့သည် သေသည့်အခါ အပါယ်လေးပါးသို့ ကပ်ရောက်ကြရကုန်၏" ဟု ဟောတော်မူသည်။  "အရိယာ"ဟု မသိသော်လည်း ပြစ်မှားမိလျှင် အယူပဝါဒကံထိုက်သည်ကို သတိပြုသင့်သည်။  ထို့ကြောင့် သာရတ္ထဋီကာ၊ ပ၊ ၄၀၃ ၌  ဇာနနာဇာနနဉ်စတ်ေထ အပ်ပမာဏံ, အရိယဘာဝေါ ဧဝ ပမာဏံ။  "သိခြင်း၊ မသိခြင်းက ပဓာနမဟုတ်၊ အရိယာဖြစ်ခြင်းသာ ပဓာနတည်း" ဟု မိန့်တော်မူ၏။  အရိယူပဝါဒကံနှင့် စပ်၍ စလင်းဝိနည်းဂဏ္ဌိသစ်ဆရာတော်က အောက်ပါအတိုင်း ရေးသားခဲ့လေသည်။...

မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲 ________________________________  ကန္တာရ၀တီ........... ကယား ကမ္ဘောဇ .............  ရှမ်း ကုသိနာဂရ .......... ပုသိမ် ကေတုမတီ .......... တောင်ငူ ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက် ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်  ခေမရဋ္ဌ ......... ကျိုင်းတုံ ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ် ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ် စေတုတ္တရာ .... စလင်းအနောက်ဘက် စိနရဋ္ဌ ..........  ကချင်ပြည်နယ်  စန္ဒပူရ ................  မဏိပူရဘက်နယ်စပ် စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက် ဇေယဝဍ်ဎန ........... တောင်ငူနယ် ဇေယျပူရ ............ စစ်ကိုင်း ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ် တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်  တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း ဓညဝတီ ....................  မြောက်ဦး ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ် ဒွာရာဝတီ .................... သံတွဲ နဂရာဇာ ....................  ...

နေပြည်တော် လည်ပတ်စရာများ

နေပြည်တော်ကို အလုပ်ကိစ္စ၊ အလည်ပတ်စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ မိတ်ဆွေတွေ အမြဲတမ်းမေးနေကျ စကားရှိပါတယ်။ နေပြည်တော်မှာ ဘယ်တွေသွားလို့ရလဲ ဆိုတာပါပဲ။ ၁၃ နှစ် သက်တမ်း ရှိလာတဲ့ နေပြည်တော်ဟာ အခုဆိုရင် သွားလာလည်ပတ်လို့ ကောင်းတဲ့ နေရာတွေ ပိုပိုပေါလာပါပြီ။ များသောအားဖြင့်တော့ နေပြည်တော်ဟာ မြို့သစ်အဖြစ် ဖော်ထုတ်ခဲ့တာကြောင့် မြို့ပြအဂါၤနဲ့ ညီအောင် အရာရာ အသစ် တည်ဆောက်ခဲ့တာ ဆိုပေမယ့် နှစ်ပေါင်းရာချီနေတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေနဲ့ ယှဉ်ရင် သွားလာ လည်ပတ်စရာကတော့ နည်းသေးတာ အမှန်ပါပဲ။ ဒါပေမယ့် အခု ဆယ်စုနှစ် တခုကျော် အချိန်မှာတော့ နေပြည်တော်ဟာ မြို့ပြတခုအဖြစ် အသား နည်းနည်းကျလာတဲ့ နည်းတူ၊ သွားလာ လည်ပတ် လေ့လာစရာ နေရာလေးတွေ ပိုပို များလာပါတယ်။ ဆယ်စုနှစ်ကျော် ကာလအတွင်းမှာ ကြီးထွားလာတဲ့ သစ်ပင်ပန်းမာန်ေတွေကြောင့်လည်း နေပြည်တော်မှာ ရာသီဥတုက အရင် နှစ်ပေါင်းများစွာကလို ဆိုးရွားလွန်းတဲ့ အနေအထားကနေ တဖြည်းဖြည်း သက်တောင့် သက်သာ နေလို့ကောင်းတဲ့ အနေအထားကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘယ်နေရာသွားသွား အခုလိုမိုးရာသီမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ အုံ့ဆိုင်းနေတဲ့ အပင်ကြီးတွေကြောင့် အပူဒဏ် သက်သာလာသလို...